၂ဝ၂၂ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများနှင့်တပ်မတော် (ကြည်း၊ ရေ၊ လေ)ဂျုဒိုအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ
နေပြည်တော်၊ နိုဝင်ဘာ ၁၉
၂ဝ၂၂ ခုနှစ်၊တပ်မတော် (ကြည်း၊ရေ၊ လေ)အားကစားပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာ အားကစားနည်းများအလိုက် သက်မှတ်ထားသော အားကစားကွင်း/ရုံများ၌ ဆက်လက်ကျင်းပပြုလုပ်ပြီး တပ်မတော်ဂျူဒို အားကစား ပြိုင်ပွဲမှဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယနေ့ နေလည်ပိုင်းတွင် ဇေယျာသီရိအားကစားရုံ(A) တွင်ကျင်းပပြုလုပ်သည်။
ဆုပေးပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ တပ်မတော်အရာရှိကြီးများနှင့် ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသမားများတက်ရောက်ကြည့်ရှုအားပေးသည်။
ဦးစွာ အသင်းလိုက်ပြိုင်ပွဲဗိုလ် လုပွဲယှဉ်ပြိုင်ကစားကြပြီးဆုပေးပွဲကို ဆက်လက်ကျင်းပရာ အသင်းလိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့်တတိယရရှိသူကို တပ်မတော်ဂျုဒိုကော်မတီအတွင်းရေးမှူး ဗိုလ်မှူးကြီး အောင်ကျော်မိုး က လည်း ကောင်း၊ ပြိုင်ပွဲအလိုက်တံခွန်စိုက်ဒိုင်းဆုရရှိသော အသင်းများနှင့်တစ်ဦးချင်း အကောင်းဆုံးဆုရရှိသူများကို တပ်မတော်ဂျူဒိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချူပ် အောင်မျိုးသန့် က လည်းကောင်း ဆုများအသီးသီးပေးအပ်ကြသည်။
ထို့နောက် ဂျုဒိုအားကစားပြိုင်ပွဲတွင်ရွှေတံဆိပ်၂၁ ခု၊ငွေတံဆိပ် ၆ခု ၊ ကြေး တံဆိပ် ၆ခု ဖြင့် အမျိုးသား/အမျိုးသမီးစုပေါင်းတံခွန်စိုက်ဒိုင်းဆုရရှိသော မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်အသင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင် က အမျိုးသား/အမျိုးသမီး စုပေါင်းတံခွန်စိုက် ဒိုင်းဆုနှင့်ဆင့်ပွား ဒိုင်းဆုကို ပေးအပ်ချီးမြှင့်သည်။
ထို့ပြင်တပ်မတော် (ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲများဖြစ်သည့် လက်ဝှေ့ ပြိုင်ပွဲကို နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ တပ်နယ်အားကစား ခန်းမ၌ ၅၁ ကီလို လူသစ်တန်း(ဗိုလ်လု ပွဲ )၊ ၆ ဝ ကီလို လူသစ်တန်း(ဗိုလ်လုပွဲ ) ၊ ၇၅ ကီလို လူသစ်တန်း(ဗိုလ်လုပွဲ)၊၈၀ ကီလို လူသစ်တန်း (ဗိုလ်လုပွဲ )၊ ၅၇ ကီလို ( က ) အဆင့် (အကြို ဗိုလ်လုပွဲ ) ၊ ၇၅ ကီလို( က ) အဆင့် ( ဗိုလ်လုပွဲ )၊ ၈၀ ကီလို ( က ) အဆင့် ( ဗိုလ်လုပွဲ ) ၊၄၈ ကီလို အလွတ်တန်း ( ဗိုလ်လုပွဲ )၊၅၇ ကီလို အလွတ်တန်း (အကြိုဗိုလ်လုပွဲ )နှင့် ၇၅ ကီလို အလွတ်တန်း( အကြို ဗိုလ်လုပွဲ )တို့ကိုလည်းကောင်း၊ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ပြေး၊ခုန်၊ပစ်ပြိုင်ပွဲမှ အမျိုးသား/အမျိုးသမီး မီတာ ၁၅၀၀ ပြေးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၁၁၀ တန်းကျော်ပြေးပြိုင်ပွဲ၊ သုံးဆင့်ခုန်ပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၁၀၀ ပြေးပြိုင်ပွဲ၊ သုံးဆင့်ခုန်ပြိုင်ပွဲ၊ လှံတံပစ်ပြိုင်ပွဲ၊မီတာ ၁၀၀ တန်း ကျော်ပြေးပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး မီတာ ၄၀၀ လေးယောက်တွဲလက် ဆင့်ကမ်းပြေးပြိုင်ပွဲလူရွေးပွဲနှင့် ဗိုလ်လုပွဲစဉ်များကိုလည်းကောင်း၊ ဘောလီဘောပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ (B)၌ အမျိုးသား/အမျိုးသမီး အကြိုဗိုလ်လုပွဲ ဘောလီဘော်ပြိုင်ပွဲစဉ်များကို လည်းကောင်း၊ မြန်မာ့သိုင်းပြိုင်ပွဲကိုဇေယျာသီရိအားကစားရုံ(C)၌ ပညာစွမ်းရည်ပြ ပြိုင်ပွဲ၊ အမျိုးသားဗန်တိုအတိုက်ပြိုင်ပွဲ၊ အမျိုးသားပန်ကြပ်ဆီးလပ်အတိုက်ပြိုင်ပွဲ၊ ဓားတစ်လက်အတိုက် ပြိုင်ပွဲ၊ ဓားနှစ်လက်အတိုက် ပြိုင်ပွဲများကို လည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်းတွင် ပိုက်ကျော်ခြင်းပြိုင်ပွဲမှ အသက် ၂၅ နှစ်အောက် ၃ ယောက်တွဲအဖွဲ့လိုက်လိုက်အုပ်စုပတ်လည်ပွဲစဉ်များနှင့် ကရာတေးဒို ပြိုင်ပွဲတွင် အသင်းလိုက်ကုမိတဲ့ပြိုင်ပွဲများတို့ကိုလည်းကောင်း အသီးသီးယှဉ်ပြိုင် ကစားကြသည်။
အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား(ခ)အဆင့် ဘောလုံးပြိုင်ပွဲ တတိယလုပွဲကို အမှတ်(၉၉)ခြေမြန်တပ်မဌာနချူပ်ကိုယ်စားပြုအသင်းနှင့်အနောက် တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့သည် ယနေ့ညနေပိုင်းတွင် ဇေယျာသီရိတပ်မတော်အား ကစားကွင်း၌ တတိယနေရာလုပွဲစဉ်အဖြစ် ဆက်လက် ယှဉ်ပြိုင်ကစားကြရာ အမှတ်(၉၉)ခြေမြန်တပ်မဌာနချူပ် ကိုယ်စားပြုအသင်း က အနောက်တောင်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင် ရရှိသည်။
အဆိုပါ အားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ဒိုင်အဖွဲ့ဝင်များ၊ပြိုင်ပွဲဝင် အားကစား သမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။