နေပြည်တော် အောက်တိုဘာ ၂၁
Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်မျိုးနှင့်အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းတို့က Video Conferencing စနစ်ဖြင့် တက်ရောက်ဆွေးနွေးကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတဦးမြင့်ဆွေက အမှာစကားပြောကြားရာတွင် သက်ဆိုင်ရာဌာနများ၊ ကော်မတီများအနေဖြင့် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များ၊ သတ်မှတ်ပေးထားသည့် လုပ်ငန်းတာဝန်များ၊ Corona virus Disease 2019(COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုး သားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်များကို အချိန်နှင့်တစ်ပြေးညီ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် မိမိတို့ကော်မတီတွင် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများကို ထည့်သွင်း ဖွဲ့စည်းထားသည့်အပြင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ကိုပါ ထည့်သွင်းဖွဲ့စည်းထားသည့်အတွက် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် တပ်မတော်အနေဖြင့် စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးနေသည် ကိုလည်း တွေ့ရကြောင်း။
Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအတွင်းရေးမှူးရုံး အဖွဲ့ခေါင်းဆောင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအနေဖြင့်လည်း နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူးများနှင့် Video Conferencing ပြုလုပ်၍ သက်ဆိုင်ရာ ကော်မတီများအလိုက် တွေ့ကြုံနေရသည့် အခက်အခဲများ၊ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းခြင်း၊ Coronavirus Disease 2019(COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ ဆက်လက်တင်ပြခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း။
Coronavirus Disease 2019(COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အနေဖြင့် Coronavirus Disease 2019(COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ ၏လမ်းညွှန်ချက်အရ မဟာသင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု တစ်စုလျှင် ဆန် ရှစ်ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ ၁ ပိဿာ၊ ကြက်သွန်နီ ၁ ပိဿာ စုစုပေါင်းအမယ်ငါးမျိုးကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၀ ရက်မှစ၍ အခမဲ့ဖြန့်ဖြူး ထောက်ပံ့ပေးခြင်းကို ကြီးကြပ် ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၉ ရက်အထိ အိမ်ထောင်စုပေါင်း ၄၀၀၆၃၀၂ စုအတွက် ရာနှုန်းပြည့် အောင်မြင်စွာ ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း။
ပြည်သူများတွင် စိုးရိမ်ပူပန်မှုများ ရှိပါက အကူအညီပေးနိုင်ရေးနှင့် ထူးခြားသတင်းများ ပေးပို့နိုင်ရေးအတွက် Hot line ဖုန်းနှစ်လုံးထားရှိပြီး သက်ဆိုင်ရာဌာနများနှင့် အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက်ဆောင် ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူများအကြား အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် လူမှုကွန်ရက်နှင့် အခြားနေရာများတွင် သတင်းမှား ဖြန့်ဝေနေသူများကိုလည်း အမြန်ဆုံးဖော်ထုတ်၍ ရှာဖွေဖမ်းဆီးပြီး တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်ခဲ့ရာတွင် အရေးယူခဲ့သည့်အမှု ၂၆ခုရှိကြောင်း၊ ထို့ပြင် COVID-19 ရောဂါပိုး ပြန့်ပွားမှု ထိန်းချုပ် နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာနေထိုင်ခြင်း မရှိသူများအား သက်ဆိုင်ရာဥပဒေ များနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့ရာ စုစုပေါင်း ၁၄၅၇၇ မှုကို အရေးယူ ဆောင်ရွက်ခဲ့ကြောင်း။
ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်သူများအနက် အခက်အခဲရှိ၍ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသူ များအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၆ ရက်မှ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၀ ရက်အထိ ထိုင်းနိုင်ငံနယ်စပ်ဂိတ် ရှစ်ဂိတ်မှ ဝင်ရောက်လာသူ ၈၉၉၁၀ ဦး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နယ်စပ်ဂိတ် ငါးဂိတ်မှ ဝင်ရောက်လာသူ ၅၅၂၄၂ ဦး၊ လာအိုနိုင်ငံ နယ်စပ်ဂိတ်တစ်ဂိတ်မှ ဝင်ရောက်လာသူ ၄၁၇ ဦး စုစုပေါင်း ၁၄၅၅၆၉ ဦးတို့ ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂ ရက်မှ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၀ ရက်အထိ လေကြောင်းလိုင်းများမှ ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၂၂၆၀၄ ဦးနှင့် နိုင်ငံခြားသား ၄၃၄၁ ဦး စုစုပေါင်း ၂၆၉၄၅ ဦးရှိသည်ကို တွေ့ရကြောင်း။
အဆိုပါနယ်စပ်ဂိတ်များနှင့်လေကြောင်းလိုင်းများမှ ပြန်လည်ဝင်ရောက်လာသော နိုင်ငံသားများအား ၎င်းတို့၏ နေရပ်များသို့ စနစ်တကျပို့ဆောင်နိုင်ရေးအတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ဆက်ဆံရေးအရာရှိများ စေလွှတ်ထားရှိပြီး စာရင်းကောက်ယူခြင်း၊ လိုအပ်သည့် မော်တော်ယာဉ်များ၊ ရထားများ စီစဉ်ပေးခြင်း၊ သက်ဆိုင်ရာမြို့နယ်များသို့ ရောက်ရှိပါက Quarantine ဝင်ရောက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခြင်းများကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း။
မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးကို စတင် စစ်ဆေးတွေ့ရှိခဲ့သည့် ၂၀၂၀ပြည့်နှစ် မတ် ၂၃ ရက်မှ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၀ ရက်အထိ ရောဂါပိုး ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးမှု ၅၃၈၀၈၆ ဦး ပြုလုပ်ခဲ့ရာမှာ ရောဂါပိုး တွေ့ရှိသူ ၃၈၅၀၂
ဦး၊ သေဆုံးသူ ၉၄၅ ဦးနှင့် ရောဂါပျောက်ကင်းသူ ၁၈၁၄၇ ဦးရှိသည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း။
COVID-19 ရောဂါကိုအချိန်နှင့် တစ်ပြေးညီ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးဌာနများ အားလုံးကလည်း သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ် မေ ၂၆ ရက်မှ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၈ ရက်အထိ ရဟန်းသံဃာနှင့် သီလရှင်များအပါအဝင် အရပ်ဘက်ဆိုင်ရာများအား COVID-19 ရောဂါပိုး ရှိ၊ မရှိဆေး စစ်ဆေးပေးခြင်း၊ ရောဂါပိုးတွေ့ရှိသူများကို ဆေးကုသပေးခြင်း၊ Quarantine ထားရှိရေး စီစဉ်ဆောင်ရွက်ပေးခြင်းနှင့် Quarantine ဝင်ရောက်နေသူများအား စားသောက်ရေး ကိစ္စရပ်များကိုပါ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရကြောင်း။
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးနေကြသည့် ပြည်ထောင်စု ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ Volunteer များ၊ လူမှုရေးအသင်း အဖွဲ့များနှင့် တာဝန်သိပြည်သူများ၏ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်နေမှုများကို အထူးပင်ကျေးဇူးတင် ရှိကြောင်းနှင့် မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ပြောကြားသည်။
ယင်းနောက် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအတွင်း ရေးမှူး(၂) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် က ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ ၏ ညွှန်ကြားချက်များ၊ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းကာ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ အတွင်းရေးမှူးရုံး အဖွဲ့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းတင်ပြသည်။
ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက COVID-19 ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား တိကျစွာလိုက်နာ ဆောင်ရွက်နိုင်ရေးနှင့် လိုက်နာမှုမရှိသူများအား ထိရောက်စွာ အရေးယူဆောင်ရွက်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် သင်တန်းကျောင်းများတွင် Quarantine ထားရှိနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ များ၊ လက်ရှိ Quarantine ဝင်ရောက်နေမှု အခြေအနေများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက COVID-19 ကာလတွင် အာမခံအလုပ် သမားများအတွက် လူမှုဖူလုံရေးထောက်ပံ့ ကူညီမှုပေးခဲ့သည့်အခြေအနေများ၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် COVID-19 ရောဂါပိုးတွေ့ရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရေးနှင့် လိုက်နာဆောင်ရွက်မှုမရှိသူများအား ထိရောက်စွာ အရေးယူနိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးက တပ်မတော်အတွင်း COVID-19 ရောဂါပိုးတွေ့ရှိမှုနှင့် Quarantine Center များတွင် Quarantine ဝင်ရောက်နေမှု အခြေအနေများ၊ ပြည်သူများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များအတွက် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှု အခြေအနေ၊ ပထမလှိုင်းကာလတွင် တပ်မတော်ဆေးရုံ/တပ်နေရာ ၆၇ ခုတွင် လူဦးရေ ၂၂၈၂ ဦးအတွက် Designated Hospital များ ပြင်ဆင်ဆောင်ရွက်ထားရှိပြီး ရောဂါပိုး တွေ့ရှိသူ အရပ်သားလူနာများကို Designated Hospital များတွင် ဆေးဝါးကုသ ဆောင်ရွက်ပေးနေမှုများ၊ ဒုတိယလှိုင်းကာလတွင် ရောဂါပိုးတွေ့ရှိမှု မြင့်မားလာသဖြင့် အရပ်သားလူနာများကို ထပ်မံတိုးချဲ့ကုသပေးနိုင်ရန် တပ်မတော်ဆေးရုံ/တပ်/ နေရာကိုးခုတွင် လူဦးရေ ၂၆၈၇ ဦးအတွက် Designat-ed Hospital များအဖြစ် တိုးချဲ့ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ပြည်သူများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များအား Quarantine ထားရှိနိုင်ရေးအတွက် တည်းခိုရေးစခန်းများ၊ ကျောင်းဌာနများ၊ တပ်နေရာ ၁၄ ခုတွင် လူဦးရေ ၂၈၁၀ ဦးအတွက် Facility Quarantine Center များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ တိုင်းစစ်ဌာနချုပ်များအလိုက် ဆေးရုံ/ဆေးတပ်များတွင် ပါရဂူများ အပါအဝင် ၁၅ ဦးစီဖြင့် ဆေးအဖွဲ့ ၆၀ ဖွဲ့အား ဖွဲ့စည်းဆောင်ရွက်ထားရှိမှု အခြေအနေ၊ တပ်မတော်အနေဖြင့် ပြည်သူများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များ စုစုပေါင်း ၃၈၆၈၉ ဦးအား COVID-19 ရောဂါပိုးရှိ၊ မရှိ ဆေးစစ်ဆောင်ရွက်ပေးခဲ့မှု အခြေအနေ၊ တပ်မတော်မှ ပစ္စည်း ၂၃ မျိုးနှင့် အောက်ဆီဂျင်အိုး ၁၀၀၀ ကျော်အား ထောက်ပံ့
လှူဒါန်းခဲ့မှုအခြေအနေ၊ အတည်ပြုလူနာများနှင့် စောင့်ကြည့်လူနာများအား ကျွေးမွေးစောင့်ရှောက်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယခုအစည်းအဝေးတွင် သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေများ၊ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ကော်မတီ၏လုပ်ငန်းတာဝန် (၁၁)ရပ်အပေါ် အကောင်အထည်ဖော်နေမှုများနှင့် ပတ်သက်၍ ပြည့်စုံစွာအကြံပြု ဆွေးနွေးခဲ့ကြသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ မိမိတို့ကော်မတီသည် အုပ်ချုပ်ထောက်ပံ့စီမံခန့်ခွဲမှုတွင် ပေါင်းစပ်ညှိနှိုင်းပေးရမည့် တာဝန်ဖြစ်၍ ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် Coronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများနှင့် အချိန်ပြည့် ပေါင်းစပ်ညှိနှိုင်းမှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တပ်မတော်အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းကာ ပူးပေါင်း
ဆောင်ရွက်နေမှုများအတွက် ကျေးဇူးတင်ရှိကြောင်း၊ Coronavirus Disease 2019 (COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ ၏လမ်းညွှန်ချက်အရ မဟာသင်္ကြန်ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများကို အိမ်ထောင်စုတစ်စုလျှင် အခြေခံစားကုန် ငါးမျိုးအား အခမဲ့ ဖြန့်ဖြူးထောက်ပံ့ပေးခြင်းကို ကြီးကြပ်ဆောင်ရွက်ခဲ့ရာ အိမ်ထောင်စုပေါင်း လေးသန်းကျော်ကို အောင်မြင်စွာ ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း၊ မိမိတို့ကော်မတီအား Coronavirus Disease 2019 (COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီမှညွှန်ကြားသည့် အစည်းအဝေးဆုံးဖြတ်ချက် ၁၂ ချက်အပေါ် အချိန်နှင့် တစ်ပြေးညီပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်း ပြန်လည်တင်ပြခဲ့ပြီးဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို အယုတ်အလတ် အမြတ်မရွေး တိကျစွာလိုက်နာရေး ဝိုင်းဝန်းပူးပေါင်းကြပ်မတ် ဆောင်ရွက်သွားရန်နှင့် လိုက်နာဆောင်ရွက်မှု မရှိသူများကိုလည်း ထိထိရောက်ရောက်အရေးယူဆောင်ရွက်သွားရန် လိုကြောင်းဖြင့် နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။