နေပြည်တော် ၊ အောက်တိုဘာ - ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ အမျိုးသားသွေးလှူဌာန၌ သွေးမျိုးစုံ လိုအပ်လျက်ရှိကြောင်း သိရှိရသည့်အတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ မှော်ဘီတပ်နယ်မှ တပ်မတော်သားများက ယနေ့နေ့လယ်ပိုင်းတွင် မှော်ဘီတပ်နယ်ခန်းမ၌ စုပေါင်းလှူဒါန်းကြသည်။
ထိုသို့လှူဒါန်းရာတွင် အရာရှိ၊ စစ်သည် ၄၀ ဦးတို့က သတ်မှတ်နေရာ အသီးသီးတွင် စုပေါင်းသွေးလှူဒါန်းကြသည်။ ထိုသို့ သွေးလှူဒါန်းနေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ်ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးကာ သွေးအလှူရှင်များအတွက် အာဟာရဖြည့်စွက်စာများနှင့် အမျိုးသား သွေးလှူဌာနမှ ဆရာဝန်များနှင့် သူနာပြု များအတွက် ရွှေဖီဦး လက်ဘက်ရည်ထုပ်များနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။