ထားဝယ်မြို့နယ်အနီး မြန်မာ့ပင်လယ်ပြင်၌ ရေနစ်မြုပ်နေသည့် လှေတစ်စီးပေါ်မှ လှေသားများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်   အောက်တိုဘာ - ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ထားဝယ်မြို့၏ အနောက်မြောက်ဘက် ရေမိုင် ၅၇ မိုင်ခန့်အကွာ၌ ငါးဖမ်းလှေတစ်စီး နစ်မြုပ် နေကြောင်း သတင်းအရ ယနေ့နံနက် နာရီခန့်တွင် သွားရောက်စစ်ဆေးရာ အောင်ချစ်ညီညီ- အမည်ရှိ နစ်မြုပ်လှေပေါ်မှ လှေသား ၁၄ ဦးကို မျှောပိုက်လှေတစ်စီးမှ ကယ်ဆယ်ထားသည်ကိုတွေ့ရှိရပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက အဆိုပါ လှေသားများအား စစ်ရေယာဉ်ပေါ်သို့ ရွှေ့ပြောင်းတင်ဆောင်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် စားသောက်ဖွယ်ရာများ ကူညီထောက်ပံ့ ပေးအပ်ခဲ့ကာ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။