(၁၇)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး (17th AACC)  ကျင်းပ

နေပြည်တော်၊ အောက်တိုဘာ - ၂၂

   

ဗီယက်နမ်နိုင်ငံ၌ လက်ခံကျင်းပသည့် (၁၇)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီး ချုပ်များအစည်းအဝေး (17th AACC)  ကို Video Teleconference(VTC)  ဖြင့် ယနေ့နံနက် ပိုင်းတွင် ကျင်းပပြုလုပ်သည်။

   

အဆိုပါ  Video Teleconference(VTC)  တွင် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ဘရူနိုင်းနိုင်ငံ လေတပ်ဦးစီးချုပ် Brigadier General (U) Dato Seri Pahlawan Mohd Sharif bin Dato Paduka Haji Ibrahim  ကမ္ဘောဒီးယားနိုင်ငံလေတပ်ဦးစီးချုပ် General Soeung Samnang  အင်ဒိုနီးရှားနိုင်ငံ လေတပ်ဦးစီးချုပ် Air Chief Marshal Fadjar Prasetyo လာအိုနိုင်ငံလေတပ်ဦးစီးချုပ် Brigadier General Khamlek Sengphachanh  မလေးရှားနိုင်ငံလေတပ်ဦးစီးချုပ် General Tan Sri Ackbal Bin Hj Abdul Samad ဖိလစ်ပိုင်နိုင်ငံခေတ္တလေတပ်ဦးစီးချုပ် Major General Pelagio R Valenzuela  ထိုင်းနိုင်ငံလေတပ်ဦးစီးချုပ် Air Chief Marshal Airbull Suttiwan ဗီယက်နမ်နိုင်ငံခေတ္တ လေတပ်ဦးစီးချုပ် Major General Vu Van Kha နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

   

ဦးစွာ အစည်းအဝေး၏ သဘာပတိဖြစ်သူ ဗီယက်နမ်နိုင်ငံ ခေတ္တလေတပ်ဦးစီးချုပ် Major General Vu Van Khaက (၁၇)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြား၍ အစည်းအဝေးကို ဖွင့်လှစ်ပေးသည်။

   

ထို့နောက် ()ကြိမ်မြောက် အာဆီယံလေတပ်များ၏ ပညာရေးနှင့် လေ့ကျင့်ရေးလုပ်ငန်းအဖွဲ့ ASEAN Air Forces' Education and Training Working Group(7th AAFET-WG)  အစည်းအဝေးဆုံးဖြတ်ချက်များအား ဗီယက်နမ်နိုင်ငံ ဒုတိယလေတပ်ဦးစီးချုပ်Major General Vu Van Kha က ရှင်းလင်းပြောကြားသည်။

   

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော အာဆီယံလေတပ်များမှ လေတပ်ဦးစီးချုပ်များက "စည်းလုံးညီညွတ်၍ တုံ့ပြန်နိုင်စွမ်းရှိသော အာဆီယံလေတပ်များ" ခေါင်းစဉ်နှင့် အခြားကိစ္စရပ်များအား နိုင်ငံအလိုက် ဆွေးနွေးခဲ့ကြသည်။

   

၎င်းနောက် သဘာပတိက (၁၇)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး၏ အစည်းအဝေး ဆုံးဖြတ်ချက်များကို ဖတ်ကြားရှင်းလင်း ဆွေးနွေးအတည်ပြုပြီး နိဂုံးချုပ် အမှာစကားပြောကြားသည်။ ထို့နောက် (၁၈)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးကို အလှည့်ကျ သဘာပတိအဖြစ် တာဝန်ထမ်းဆောင်မည့် ထိုင်းနိုင်ငံလေတပ် ဦးစီးချုပ် Air Chief Marshal Airbull Suttiwan  ထံသို့ ဗီယက်နမ်နိုင်ငံဆိုင်ရာ ထိုင်းလေတပ်စစ်သံမှူးမှတစ်ဆင့် ဥက္ကဋ္ဌတာဝန်အား လွှဲပြောင်းပေးအပ်ပြီး ထိုင်းနိုင်ငံလေတပ် ဦးစီးချုပ်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက် အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။

   

အဆိုပါ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးဖြစ်သော ()ကြိမ်မြောက် အာဆီယံလေတပ်များ၏ ပညာရေးနှင့် လေ့ကျင့်ရေးလုပ်ငန်း အဖွဲ့အစည်းအဝေး Asean Air Forces Education and Training Working Group(7th AAFET-WG)  အား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ရက်မှ ရက်အထိ Video Teleconference (VTC)  ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး တပ်မတော်(လေ)မှ ကိုယ်စားလှယ် အရာရှိ ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။