လင်းခေးမြို့နယ်၊ နားကုန်းကျေးရွာ၌ ၂၁၁၇ ခုနှစ် ရှမ်းနှစ်သစ်ကူးကြိုဆိုပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲပြုလုပ်
နေပြည်တော်၊ နိုဝင်ဘာ - ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ နားကုန်းကျေးရွာ၌ ပြုလုပ်သည့် ၂၁၁၇ ခုနှစ်၊ ရှမ်းနှစ်သစ်ကူးကြိုဆိုပွဲနှင့် ဓမ္မစကူးလ်သင်တန်းဆင်းပွဲကို ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာရှိ နားကုန်းပရိယတ္တိစာသင်တိုက် ဘုန်းကြီးကျောင်း၌ ပြုလုပ်ရာ ဓမ္မစကူးလ်ဉက္ကဋ္ဌ ပရဟိတ မကျိုင်းမွန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ကုမ္မာစာရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် မျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားများ၊ စေတနာရှင်အလှူရှင်များ၊ ဓမ္မစကူးလ်ဆရာ/ဆရာ မများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၁၁၇ ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲတော်ဆိုင်းဘုတ် ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဓမ္မစကူးလ် ဆရာ/ဆရာမများက ရှမ်းနှစ်သစ်ကူးသီချင်းဖြင့် သီဆိုကြကာ ဓမ္မစကူးလ်ဉက္ကဋ္ဌက ကျောင်းသား၊ ကျောင်းသူများ လူငယ်လူရွယ်များအား ယဉ်ကျေးလိမ္မာပြီး ဗုဒ္ဓ၏အဆုံးအမ ဓမ္မတရားတော်များကို သိမြင်လာစေရန်အတွက် ဓမ္မစကူးလ် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှုများနှင့် ပတ်သက်၍ ရှင်းလင်းမိန့်ကြားသည်။
ထို့နောက် တိုင်းမှူး က ၂၁၁၇ ခုနှစ် ရှမ်းနှစ်သစ်ကူးကြိုဆိုပွဲနှင့် ဓမ္မစကူးလ်သင်တန်း ဆင်းပွဲနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ဓမ္မစကူးလ် ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ ဓမ္မစကူးလ်ဉက္ကဋ္ဌ ပရဟိတ မကျိုင်းမွန်းကျောင်းတိုက်ဆရာတော် က လက်ခံရယူသည်။ ဆက်လက်၍ ဓမ္မစကူးလ်ဉက္ကဋ္ဌ ပရဟိတ မကျိုင်းမွန်းကျောင်းတိုက်ဆရာတော် ၊ တိုင်းမှူးနှင့် တာဝန်ရှိ သူများက ဓမ္မစကူးလ်သင်တန်း တက်ရောက်အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ များအား သင်တန်းဆင်းအောင်လက်မှတ်နှင့် ချီးမြှင့်ငွေများကို အသီးသီးပေးအပ် ကြပြီး ဒေသခံရှမ်းတိုင်းရင်းသားများက ၎င်းတို့၏ ရိုးရာအိုးစည်ဗုံမောင်းများဖြင့် တီးခတ်၍ ရိုးရာ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။
ယင်းနောက် တိုင်းမှူးနှင့်တက်ရောက်လာကြသူများက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြပြီး နားကုန်းပရိယတ္တိစာသင်တိုက်ဘုန်းကြီးကျောင်းအတွင်း ရှိ (၃)ထပ်ကျောင်းဆောင်သစ်တည်ဆောက်နေမှုနှင့် ပရဟိတဆေးခန်းတို့အား လိုက်လံ ကြည့်ရှုကာ (၃)ထပ်ကျောင်းဆောင်သစ်တည်ဆောက်နေမှုအတွက် အလှူငွေများ၊ ဘိလပ်မြေအိတ်များနှင့် ပရဟိတဆေးခန်းအတွက် ဆေးပဒေသာပင်မတည်ငွေများကို လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။