အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်(ဒုတိယအကြိမ်) ကျောင်း ဝတ်စုံ၊ ကျောင်းသုံးစာရေး ကိရိယာများ ထောက်ပံ့ပေးအပ်ပွဲပြုလုပ်

အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်(ဒုတိယအကြိမ်) ကျောင်း ဝတ်စုံ၊ ကျောင်းသုံးစာရေး ကိရိယာများ ထောက်ပံ့ပေးအပ်ပွဲပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ - ၂၁     

          အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်(ဒုတိယအကြိမ်) ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နေ့လယ် ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ ဧရာဝတီခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန် ရှိသူများက အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများအား ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြသည်။

          အလားတူ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များတွင်လည်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်သင်ကြားကြမည့် ကျောင်းသား၊ ‌ကျောင်းသူများ အား (ဒုတိယအကြိမ်) ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ အသီးသီးထောက်ပံ့ပေးအပ်ကြ သည်။

          တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များအနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများ အတွက်(ဒုတိယအကြိမ်) ကျောင်းဝတ်စုံနှင့်       စာရေးကိရိယာများအား ထောက်ပံ့ပေးအပ် ရာ မူလတန်းအဆင့်(၁၈၂၀)ဦး၊ အလယ်တန်းအဆင့်(၁၀၁၁)ဦး၊ အထက်တန်းအဆင့် (၇၀၆)ဦး၊ စုစုပေါင်း(၃၅၃၇)ဦးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။