သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ငပလီကမ်းခြေ ဆောင်းဦးပွဲတော် ဖွင့်ပွဲပြုလုပ်

သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ငပလီကမ်းခြေ ဆောင်းဦးပွဲတော် ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ - ၂၁     

          ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ငပလီကမ်းခြေ ဆောင်းဦးပွဲတော် ဖွင့်ပွဲ ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကမ်းခြေရှိ ပါရာဒိုက်ဟိုတယ်၌ ပြုလုပ်ရာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဉက္ကဋ္ဌများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

          ဦးစွာ သံတွဲမြို့မှ ယိမ်းအကလှပျိုဖြူများက ရခိုင်ရိုးရာ ယိမ်းအကများဖြင့် ကပြဖျော် ဖြေတင်ဆက်ကြပြီး တာဝန်ရှိသူများက ငပလီကမ်းခြေဆောင်းဦးပွဲတော် ဖွင့်ပွဲကျင်းပရ ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

          ထို့နောက် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက  ဖျော်ဖြေရေးအဖွဲ့ဝင်များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ငပလီ ကမ်းခြေဆောင်းဦးပွဲတော်ဖွင့်ပွဲကို တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရခိုင် ယဉ်ကျေးမှုအဖွဲ့များ၏ ယိမ်းအကများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ကြသည်။

          အဆိုပါ ငပလီကမ်းခြေဆောင်းဦးပွဲတော် ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် စက်ဘီးစီးပြိုင်ပွဲ၊   ချောတိုင်တက်ပြိုင်ပွဲ၊ လွန်ဆွဲပွဲ၊ ဘော်လီဘောပြိုင်ပွဲများနှင့် သဲပန်းပုအလှပြခြင်းများအား   စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။