Generation Z Power (PDF) အမည်ခံ အကြမ်းဖက်သမားများ ဖမ်းဆီးရမိ
နေပြည်တော်၊ နိုဝင်ဘာ ၂၁
နိုင်ငံတော်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် PDF အမည်ခံအကြမ်းဖက်သမားများက အပစ်မဲ့ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်ခြင်းနှင့် အများပြည်သူပိုင် နေရာများကို ဖောက်ခွဲဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသ ည်။
ထိုသို့ပြုလုပ်လျက်ရှိရာ နိုဝင်ဘာလ ၁၈ ရက် နံနက် ၁၁ နာရီခန့်တွင် မန္တလေးတိုင်း ဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအနောက်ရပ်ကွက် ၃၅လမ်း၊ ၈၅/၈၆ လမ်းကြား၌ ညောင်ပင်ရင်းမှ ဗုံး(၁)လုံး ပေါက်ကွဲကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ Generation Z Power (PDF) အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် ဗုံးပေါက်ကွဲမှုကြောင့် လမ်းမြောက်ဘက်ခြမ်း COFFEE KING ရှိဦးဝင်းကိုကို၊ အသက် ၆ဝ နှစ်၊ ၈၁/ ၃၆လမ်းထောင့်နေသူ၏ ဝဲနားထင် ပေါက်ကွဲအစထိမှန်(သေဆုံး) နှင့် လမ်းတောင်ဘက်ခြမ်းတွင် ရပ်ထားသော 2L/3086 (mazDa Demio) ကား အဖြူရောင် (၁)စီးတို့ ရှေ့ဘန်ကာ ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
အလားတူ နိုဝင်ဘာလ ၁၉ရက် နံနက် ၁၁ နာရီခန့်တွင် မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော် အနောက်ရပ်ကွက်၊ ရာအိမ်မှူး ဉီးထွန်းမြင့်အေး အား 42-A လမ်း၊ 91-Cလမ်း သိန်းသန်းဝေ ခေါက်ဆွဲဆိုင်ရှေ့တွင် ဧည့်စာရင်းစာအုပ်သွားရောက် ပို့ဆောင်နေစဉ် Generation Z Power (PDF)အမည်ခံ အကြမ်းဖက် သမားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည်။
အလားတူ နိုဝင်ဘာလ ၂၀ရက် ညနေ ၅ နာရီခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာသွား ကားလမ်းမဘေးရှိ ကြယ်စင်လင်းဆိုင်ကယ်ပြင်ဆိုင်တွင် ရေထွက်ကျေးရွာ ရာအိမ်မှူး ဦးမြင့်ဆွေသည် ၄င်း၏ ဆိုင်ကယ်အား ပြုပြင်ရန်စောင့် ဆိုင်းနေစဉ် ရေထွက်သွားကားလမ်းမ အနောက်မှ အရှေ့ဘက်သို့ မောင်းနှင်လာသော ကလစ်ဘီးလိမ္မော်ရောင်ဖြင့် လူငယ်နှစ်ဦး ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးမြင့်ဆွေ၏ လည်ပင်းဝဲဘက် ဖေါက်ဝင်ဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင်ပင် သေဆုံး သွားခဲ့ကြောင်း သိရှိရသည်။
အလားတူ နိုဝင်ဘာလ ၂၀ရက်နေ့ နံက် ၈ နာရီအချိန်ခန့်တွင် မဟာအောင် မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်၊ အကွက်(၆၅၀) ၇၆ လမ်း၊ ၃၇/၃၈ လမ်းကြားရှိ ရှမ်းခေါက်ဆိုင်တွင် လူ(၁)ဦးသေနတ်ပစ်ခံရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးမေးမြန်းရာ ၇၆ လမ်းအတိုင်း မြောက်မှတောင်သို့ CZI (အနက်/နံပါတ်ပြားမပါ) ဆိုင်ကယ်ဖြင့် လူ(၂)ဦး Maskများ တပ်လျှက် ရောက်ရှိလာပြီး ရှမ်းခေါက်ဆွဲဆိုင်အတွင်းရှိ ဦးကျော်ဇင်ထက်၊ ၇၆/ ၇၇ ၊ ၃၆/ ၃ရလမ်းကြား ဟေမမာလာမြောက် ရပ်ကွက်နေသူအား သေနတ်ဖြင့်(၂) ချက်ပစ်ခတ်ပြီး ၄င်းတို့ စီးနင်းလာသော ဆိုင်ကယ်ဖြင့် ၇၆ လမ်းအတိုင်း မြောက်ဘက်သို့ ထွက်ပြေးသွားခဲ့သည်။
ပစ်ခတ်မှုကြောင့် ဦးကျော်ဇင်ထက်၏ ဝဲပါး(၁)ချက်၊လည်ပင်း ဝဲဘက်ခြမ်း (၁)ချက် ဖေါက်ဝင်ဒဏ်ရာများရရှိပြီး ရရှိဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ PDF အမည်ခံအကြမ်းဖက်သမားများကို ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြေရာခံ၍ လိုက်လံပိတ်ဆို့ရှာဖွေစဉ် ယနေ့နေ့လယ် ၁ နာရီ ၄၀ မိနစ်ခန့်တွင် မန္တလေးတိုင်း ဒေသကြီး၊ ပုသိမ်ကြီးမြို့ နယ်၊ မြို့မရပ်ကွက်၊ ၁၉ လမ်းတွင် Generation Z Power (PDF)အမည်ခံ အကြမ်းဖက်အဖွဲ့များ ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ရှာဖွေ စဉ် ပုသိမ်ကြီးမြို့နယ်၊ ၁၉ လမ်းပေါ်ရှိ အဆုတ်ရောဂါကုသရေးဆေးရုံအနီးသို့ အရောက် တွင် PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် ၄ ဦးတို့မှ လမ်းပေါ်တွင် မောင်းနှင်လာသော မောင်ဝင်းပြည့်စိုး၊ ဆိုင်ကယ်ဝပ်ရှော့၊ အောင်မင်္ဂလာ(၁)ရပ်ကွက်၊ ပုသိမ်းကြီးမြို့နယ် နေသူအား သေနတ်ဖြင့်ပစ်ခတ်၍ သေဆုံးသွားခဲ့ပြီး ၎င်း၏ ဆိုင်ကယ်အား လုယူမောင်းနှင် ထွက်ပြေးစဉ် လုံခြုံရေးအဖွဲ့များက လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်တွင် Generation Z Power(PDF)အမည်ခံ အကြမ်းဖက်အဖွဲ့ ဒု-အဖွဲ့ခေါင်းဆောင် ကျွဲကြီး(ခ) သက်နိုင်ထွန်း(ခ)သက်နိုင်၊ Generation Z Power (PDF)အမည်ခံ အကြမ်းဖက် အဖွဲ့ဝင် ဘဏ္ဍာရေးတာဝန်ခံ အကြီးကောင်(ခ)မိုးကို၊ အဖွဲ့ဝင် ဇေယျာနှင့် ကျော်စွာလင်း တို့(၄)ဦးအား အသေဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှင့်အတူ ပစ္စတို ၂ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ လက်ပစ်ဗုံး ၂ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။
မြို့နယ်ကျေးရွာများအတွင်း အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုများအား ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သက် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိသည့် PDF အမည်ခံ အကြမ်းဖက်သမားများ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများ ရရှိပါက သက်ဆိုင်ရာ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ကြောင်းနှင့် မြို့ရွာများ တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံထားကြောင်း သတင်းရရှိပါသည်။