ပုသိမ်မြို့ သာသနာ့ဗိမာန်၌ ဖွင့်လှစ်ထားရှိသော လူထုအခြေပြု ဖျားနာကုသရေး ဆေးကုခန်း (ပုသိမ်) Community Fever Clinic (pathein)  သို့ ဆေးရုံသုံး ပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၂

   

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ သာသနာ့ဗိမာန်၌ ဖွင့်လှစ်ထားရှိသော လူထုအခြေပြု ဖျားနာကုသရေး ဆေးကုခန်း(ပုသိမ်) Community Fever Clinic (pathein)  ရှိ စေတနာ့ဝန်ထမ်းများအား ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် အဖွဲ့ဝင်များက သွားရောက်၍ COVID-19  ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းသည်။

   

ဦးစွာတိုင်းမှူးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက်တိုင်းမှူးက Fever Clinic သို့ လာရောက်ပြသသည့် အများပြည်သူများ အသုံးပြုနိုင်ရန်အတွက် Surgical Mask  ၃၀၀၀ ခု၊ ဆေးရုံသုံးပစ္စည်းများ ဖြစ်သော Personal Protective Equipment (PPE)  ဝတ်စုံ ၁၀ စုံ၊ Goggles ၁၀ ခု၊ Boot ၁၀ ရံ၊ OT Caps  ၁၀၀ ခု၊ OT Gowns ၁၀၀ ခု၊ တပ်မတော်စက်ရုံမှ ထုတ်လုပ်သည့် လက်ဘက်ရည်ထုပ်များ၊ ကော်ဖီမစ်ထုပ်များနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။