COVID-19  ရောဂါ ကြိုတင်ကာကွယ်ရာတွင် အခြေခံအကျဆုံး အသုံးပြုသည့် Mask  များကို တပ်မတော်သားများက အခမဲ့ပေးဝေ လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၂

   

တပ်မတော်အနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး အရည်အသွေးကောင်းမွန်သည့် Mask များကို ပြည်သူများ COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသုံးပြုနိုင်ရန် လက်ဝယ်အရောက် အခမဲ့ပေးဝေလှူဒါန်းလျက်ရှိသည်။

   

ထိုသို့ပေးဝေ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်အနေဖြင့် Mask   ၅၀၀ ခုကို တနင်္သာရီတိုင်းဒေသကြီး၊ ဘုန်ပြင်းမြို့နယ်၌ အများပြည်သူ ဖြတ်သန်းသွားလာလျက်ရှိသည့် နေရာများ၌ ဒေသခံပြည်သူ တစ်ဦးချင်း၏ လက်ဝယ်သို့ အရောက် အခမဲ့ ပေးဝေလှူဒါန်းကြသည်။

   

COVID-19  ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးရေးတွင် အထောက်အကူဖြစ်စေရန်အတွက်  Mask  များကို အခမဲ့ ဆက်လက်ဖြန့်ဝေ လှူဒါန်းသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။