စီးပွားရေးမောင်းနှင်အား တိုးတက်ရေး

စီးပွားရေးမောင်းနှင်အား တိုးတက်ရေး

နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြိုးပမ်းလျက်ရှိကြသည်။ မြန်မာနိုင်ငံသည် လည်း မိမိနိုင်ငံတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှကြိုးစားကြရမည်ဖြစ်သည်။ နိုင်ငံရေးအရတည်ငြိမ်မှုရှိ အောင်ကြိုးစားရမည်ဖြစ်သကဲ့သို့ စီးပွားရေးအရလည်း ဖွံ့ဖြိုးတိုးတက်နေရမည်ဖြစ်သည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏ တာဝန်ကို စတင်ယူသည့် အချိန်မှစ၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များချမှတ်ကာ မြန်မာနိုင်ငံကိုအခြားနိုင်ငံများထက်သာလွန်အောင် ဦးဆောင်ကြိုးပမ်း ပေးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အသေးစား၊  အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး  လုပ်ငန်းကော်မတီ အစည်းအဝေး(၁/၂၀၂၂)တွင်အမှာစကားပြောကြားရာ၌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်များအတွင်း MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံရာတွင် လုပ်ငန်းရှင်များ၏တင်ပြချက်များအနေဖြင့် ကဏ္ဍ ၇ ခုတွင် စုစုပေါင်း ၉၅ ချက်ရှိသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါတင်ပြချက်များကို တစ်ချက်ချင်း ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ဦးစားပေးလုပ်ဆောင်လျက်ရှိရာတွင် နိုင်ငံ အတွက်အမြဲတမ်း ရှင်သန်နေရမည့် လုပ်ငန်းသည် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး(MSME) လုပ်ငန်းများဖြစ်သည်။ တိုင်းပြည်၏အားသည်  ပြည်တွင်းမှာသာရှိပေရာ ပြည်တွင်းအားနှင့်ပြည်တွင်း စီးပွားရေးကုန်ထုတ်လုပ်မှု တိုးတက်ရေးကို ကြိုးပမ်းကြရမည်ဖြစ်သည်။ ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားမပေးဘဲ ပြည်ပသွင်းကုန်များသာ အားထားခဲ့သည့်အတွက် နိုင်ငံစီးပွားရေးအားနည်းခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများကို အထူးအားပေးနေခြင်းဖြစ်သည်။

ြှနြ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်  အဓိကကျသောလိုအပ်ချက်များမှာ    ကုန်ကြမ်း၊သွင်းအားစု၊ ကျွမ်းကျင်လုပ်သား၊ အရင်းအနှီးစသည့်အချက်များဖြစ်သည်။  လုပ်ငန်းတစ်ခုအောင်မြင်ရေးမှာ ပစ္စည်းအင်အား၊ ဓနအင်အားနှင့်လူအင်အားတို့အချိုးညီညီရှိစေဖို့လိုအပ်သည်။ လူသားအရင်းအမြစ်ဖွံ့ဖြိုး ရေးသည်ပဓာနကျလှသကဲ့သို့ ဖွံ့ဖြိုးလာသောလူသားတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး သည်လည်း ပဓာနကျလှသည်။ ကျွမ်းကျင်လုပ်သားများဖြင့် MSME လုပ်ငန်းများဆောင်ရွက်ရမည်ဖြစ်ပေရာ လူနှင့်အလုပ်အကိုင် အခွင့်အလမ်းတို့မှာလည်း သဟဇာတရှိနေရမည်ဖြစ်သည်။

ဒေသအသီးသီးရှိ  အလားအလာကောင်းသည့် ကုန်ကြမ်းများ၊   လယ်ယာ၊ သား၊ ငါးထွက်ကုန်များကို နည်းပညာစက်ပစ္စည်း အကူအညီဖြင့် ကုန်ကြမ်းအဆင့်မှတန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်ပေါ်ရေး၊  တန်ဖိုးကွင်းဆက် မြှင့်တင်နိုင်ရေးတို့ကို အားသွန်ခွန်စိုက်ကြိုးစားလုပ်ကိုင်ပြီး ပြည်ပသို့အဆင့်အတန်းမီစွာ တင်ပို့ရေးကို ဆောင်ရွက်ကြရမည်ဖြစ်သည်။ နည်းပညာကောင်းများသုံးစွဲပြီး အန္တရာယ်ကင်းရှင်းသော တန်ဖိုးမြှင့်ထုတ်ကုန်များ၊ ဆန်းသစ်တီထွင်သည့် ထုတ်ကုန်များ ထုတ်လုပ်လာနိုင်ရေး၊ ကမ္ဘာ့တန်ဖိုးမြှင့် ကွင်းဆက်နှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းထုတ်လုပ်မှုကွန်ရက်များသို့ ဝင်ရောက်နိုင်ရေးအထိ ကြိုးပမ်းရမည်ဖြစ်သည်။

စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ SME Member Card ထုတ်ပေး ထားသည့် လုပ်ငန်းပေါင်း ၄၀၉၂၉ ခုရှိသည်။ ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေအရ မှတ်ပုံတင်ထားသည့် လုပ်ငန်းများအနက် အသေးစားနှင့် အလတ်စားလုပ်ငန်းသတ်မှတ်ချက်ဖြင့် ကိုက်ညီသောလုပ်ငန်း  ၄၅၀၀၀

ကျော်ရှိပြီး အခြားဝန်ကြီးဌာန ၁၃ ခုရှိဦးစီးဌာနများ၌ မှတ်ပုံတင်ထားသည့်လုပ်ငန်း ၂၅၃၀၀၀ ကျော်ရှိ ကြောင်း သိရှိရသည်။ မြန်မာ့စီးပွားရေးပြန်လည်ဦးမော့လာစေရေးအတွက် MSME များ၏ အခန်းကဏ္ဍသည်များစွာ အရေးကြီးသည်။ တစ်ကမ္ဘာလုံးတွင်စားသောက်ကုန်ဆိုင်ရာ ထုတ်ကုန်များ လိုအပ်နေသည့်အတွက် MSME လုပ်ငန်းရှင်များအနေဖြင့် အခွင့်အရေးကောင်းကို ပိုင်ဆိုင်နိုင်အောင် ကြိုးပမ်းကြရမည်ဖြစ်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာ့နိုင်ငံများ၏ ကုန်သွယ်မှုကိုများစွာ ထိခိုက်စေခဲ့သည်။ နိုင်ငံအများစုတွင် စားသောက်ကုန်ဆိုင်ရာထုတ်ကုန်များ လိုအပ်မှု တိုးပွားလာခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့်မူ စိုက်ပျိုးမွေးမြူရေးနှင့် သားငါးကဏ္ဍထုတ်လုပ်နိုင်သည့် ရေခံမြေခံကောင်းကို ပိုင်ဆိုင်ထားသည်မှာ   အခွင့်အလမ်း ကောင်းပင် ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် အရည်အသွေးထိန်းသိမ်းမှု၊ နည်းပညာပံ့ပိုးမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဖြည့်တင်းပေးမှု၊ သတင်းအချက်အလက်ဖြန့်ဝေမှု၊ ကျွမ်းကျင်လုပ်သားလေ့ကျင့်မှုတို့ အပါအဝင် အခြေခံအဆောက်အဦပိုင်း၊  လောင်စာစွမ်းအင်ပိုင်းတို့ဖြည့်ဆည်းပေးသည်နှင့်အမျှ MSMEလုပ်ငန်းရှင်များကလည်း  ကြိုးပမ်းအားထုတ်ကြမည်ဆိုပါက မြန်မာ့စီးပွားရေးမှာတိုးတက်လာမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် MSME လုပ်ငန်းများမှာ နိုင်ငံ၏အဓိကစီးပွားရေး မောင်းနှင်အားဖြစ်ပေရာ  သက်ဆိုင်သူအားလုံးက   တက်ညီလက်ညီကြိုးပမ်းဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း။   ။