ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း
နေပြည်တော်၊ နိုဝင်ဘာ - ၂၂
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များ၊ ဘာသာရေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်း နှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၁ ရက်နှင့် ယနေ့တို့တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ ထီးလင်းဘုန်းတော်ကြီးကျောင်းတိုက်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ရှိ တောင်တန်းဒေသထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းတိုက်၊ ကရင် ပြည်နယ်၊ လှိုင်းဘွဲမြို့ရှိ မရမ်းအူကွင်းကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီးကျောင်း(၃)ကျောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ မြရတနာ သီရိကျောင်းတိုက်၊ သာသနာ့ရောင်ခြည်ကျောင်းတိုက်၊ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီးကျောင်း(၄)ကျောင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီးကျောင်း(၇)ကျောင်း၊ သာသနာနွယ်ဝင်သီလရှင် စာသင်တိုက်(၂)တိုက်၊ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်ရှိ မြစ်ဖျားကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ စလင်းမြို့နယ်ရှိ မင်္ဂလာတောရဘုန်းတော်ကြီးကျောင်းတိုက်နှင့် ပဲခူးတိုင်း ဒေသကြီး၊ ပြည်မြို့၊ ရွာဘဲရပ်ကွက်ရှိ သုခါရာမတောရဘုန်းတော်ကြီး ကျောင်းတို့မှ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မ အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူ ပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များမှ တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
အလားတူ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်၊ ဝန်ထမ်း၊ အရာထမ်း၊ အမှုထမ်း မိသားစုများက နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင် တိုက်များမှ သံဃာတော်များအား ဆွမ်းဆန်တော်နှင့် စားသောက်ဖွယ်ရာများ အသီးသီး သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။