နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 
နေပြည်တော် နိုဝင်ဘာ ၂၂

 
၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ပထမ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၃ ခုနှစ်၊ (၇၆)နှစ် မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ၊ ဆပ်ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူ များ တက်ရောက်ကြပြီး ကျန်ကော်မတီဝင်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ကြသည်။
အစည်းအဝေးတွင် ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေးဗဟို ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှာစကားပြောကြားရာတွင် (၇၆)နှစ်မြောက် ပြည် ထောင်စုနေ့ အခမ်းအနားကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လိုအပ်သည်များ ကြိုတင်ညှိနှိုင်းဆောင်ရွက်နိုင်ရန် ပြုလုပ်သည့် ပထမအကြိမ်ညှိနှိုင်းအစည်းအဝေး ဖြစ် ကြောင်း၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကို ဇန်နဝါရီလတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို တစ် ဆက်စပ်တည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်သဖြင့် အခမ်းအနားများ ဆက်နေသည်ကို တွေ့ရှိရမည်ဖြစ်သော်လည်း နိုင်ငံတော်အဆင့်အခမ်းအနားများဖြစ်သည်နှင့်အညီ ခမ်းခမ်း နားနားဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ (၇၆)နှစ် မြောက် ပြည်ထောင်စုနေ့နှင့် ပတ်သက်၍ အမျိုးသားရေးဦးတည်ချက် (၅)ရပ်ကိုလည်း ထုတ်ပြန်ထားပြီးဖြစ်ပြီး အဆိုပါ ဦးတည်ချက်များနှင့်အညီ ကျင်းပဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
၂၀၂၂ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားကြီးကို စုပေါင်းစွမ်းအားဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ် ကျော်ဖြတ်နိုင်ခဲ့ပြီး ဖြစ်သကဲ့သို့ စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကြီးကိုလည်း ခမ်းနားစွာကျင်းပနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ (၇၆)နှစ်မြောက် ပြည်ထောင်စု နေ့ အခမ်းအနားကို (၇၄)နှစ် မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပ ပြုလုပ်ခဲ့ သကဲ့သို့ပင် ပုံမှန်ကျင်းပနိုင်ရေး လျာထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အဆိုပါ လျာထားချက်အပေါ်မူတည်၍ တက်ရောက်လာကြသည့် တာဝန်ရှိသူများက ဆွေးနွေး ကြရမည်ဖြစ်ကြောင်း။
ပြည်ထောင်စုနေ့၏ အနှစ်သာရတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံကို ပြည်နယ်နှင့် တိုင်းအလိုက်သို့ လှည့်လည်သယ်ဆောင် ညအိပ်ရပ်နားခြင်းသည် လည်း တစ်ခုအပါအဝင်ဖြစ်ကာ ပြီးခဲ့သည့်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား၌ ရန်ကုန်မြို့တော်တွင် ရပ်နားထားသည့် ပြည်ထောင်စုအလံတော်အား နေပြည်တော်ကောင်စီနယ်မြေသို့ စည်ကားသိုက်မြိုက်စွာ အခမ်းအနားဖြင့် သယ်ယူ ရပ်နားခဲ့ပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံအား နှစ်စဉ် လှည့်လည် သယ်ဆောင်ခြင်းမပြုစေဘဲ (၅)နှစ် တစ်ကြိမ်သာ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် လှည့်လည်သယ်ဆောင် ညအိပ်ရပ်နားခြင်းအစီအစဉ်များ ဆောင်ရွက်ရန်လည်း လျာထား ပြီး အဆိုပါကိစ္စရပ်အပေါ်တွင်လည်း ဆွေးနွေးပေးနိုင်ရန်ဖြစ်ကြောင်း။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဗဟိုကော်မတီ၊ စီမံခန့်ခွဲရေးကော်မတီနှင့် ဆပ်ကော်မတီအသီးသီးကို ဖွဲ့စည်း ထားပြီးဖြစ်သည့်အတွက် အောင်မြင်စွာကျင်းပနိုင်ရေးလိုအပ်သည်များကို ထည့်သွင်း ဆွေးနွေးကြရန်လိုကြောင်း၊ အခမ်းအနားများ ကျင်းပပြုလုပ်ရာတွင် ကိုဗစ်-၁၉ ရောဂါ သတ်မှတ်ချက်များ ကိုက်ညီစွာဖြင့် စည်းကမ်းစနစ်တကျဆောင်ရွက်သွားရန် လိုအပ် သကဲ့သို့ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ လစ်ဟင်းမှုမရှိစေရေးအတွက်လည်း ပိုမိုဂရုပြု ဆောင်ရွက်သွားရန်လိုကြောင်း၊ အခမ်းအနားအောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက်တာဝန်ရှိသူများက မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် များအလိုက် ကျေပွန်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြား သည်။
ထို့နောက် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် က စီမံခန့်ခွဲမှုကော်မတီမှ ဆောင်ရွက်လျက်ရှိ သည့် လုပ်ငန်းအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် လုံခြုံရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ ပြန်ကြားရေး ဆပ်ကော်မတီ၊ ညစာစားပွဲဖျော်ဖြေရေးဆပ်ကော်မတီ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဆပ်ကော်မတီ၊ သဝဏ်လွှာပြုစုရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ ယဉ်ကျေး မှုအဖွဲ့များကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေး နှင့် နေရာချထားရေးဆပ်ကော်မတီ၊ မြေစိုက်ပိုစတာများ စိုက်ထူရေးဆပ်ကော်မတီ၊ နိုင်ငံ တော်အလံတင်အခမ်းအနား စီစဉ်ရေးဆပ်ကော်မတီ၊ မီးရှူးမီးပန်းများပစ်ဖောက်ရေးဆပ် ကော်မတီ၊ အလှပြ Drone လွှတ်တင်ရေးဆပ်ကော်မတီ၊ စာရင်းစစ်ဆေးရေး ဆပ်ကော် မတီ၊ ညစာစားပွဲ ခင်းကျင်းကျွေးမွေးရေးဆပ်ကော်မတီနှင့် အခမ်းအနားပြင်ဆင်ရေး ဆပ် ကော်မတီတို့မှ တာဝန်ရှိသူများက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အောင်မြင်စွာ ကျင်းပ နိုင်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟို ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများနှင့် တက်ရောက်လာကြ သူများက အထွေထွေဆွေးနွေးကြသည်။
ယင်းနောက် ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟို ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အခမ်းအနားအောင်မြင်စွာ နိုင်ငံတော်အဆင့် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဆပ်ကော်မတီအလိုက် မိမိတို့၏ တာဝန်များကို အစဉ်အဆက် ဆောင်ရွက်ခဲ့သည်များအတိုင်း လစ်ဟင်းမှုမရှိအောင် ဆောင်ရွက်ကြရန် လိုကြောင်း၊ ၂၀၂၃ ဖေဖော်ဝါရီလ အစောပိုင်းတွင် ယဉ်ကျေးမှုအဖွဲ့များ စတင်ရောက်ရှိ မည်ဖြစ်သဖြင့် မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ လိုအပ် သည်များကြိုတင်ပြင်ဆင်သွားရန်လိုကြောင်း၊ မြေစိုက်ပိုစတာများ အချိန်မီ ဆောင်ရွက် နိုင်ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကာ အချိန်မီ ပြန်လည်တင်ပြရန်လို ကြောင်း၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အမျိုးသားရေးဦးတည်ချက် ၅ ရပ်နှင့် အညီ ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှု ထာဝရ ရေ ရှည်တည်တံ့ခိုင်မြဲရေး၊ ဥမကွဲ သိုက်မပျက် ရှိစေရေးတို့ကို ဖော်ညွှန်းနိုင်ရန်လိုကြောင်း၊ ပြည်ထောင်စုကြီး ရေရှည်တည်တံ့ခိုင်မြဲရမည်ဟူသည့် စိတ်ဓာတ်များ ကိန်းဝပ်ရှင်သန် နေစေရေး၊ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသည့် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ကာ ပြည်ထောင်စုကြီး ထာဝရ တည်မြဲရေး၊ စည်းလုံးညီညွတ်မှုမှတဆင့် ထာဝရငြိမ်းချမ်းရေး ရရှိရေး စသည့် ဦးတည်ချက်များ အောင်မြင်စေရန် အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန် လိုကြောင်းဖြင့် မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။