နေပြည်တော်၊ အောက်တိုဘာ - ၂၂
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများအား တပ်မတော်မှ ရေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိ သည်။
ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ရန်ကုန်မြို့မှ တပ်မတော်ရေယာဉ်ဖြင့် တင်ဆောင်၍ စစ်တွေမြို့သို့ ရောက်ရှိလာသော ရွေးကောက်ပွဲသုံး ပစ္စည်းများဖြစ်သည့် ဆန္ဒမဲလက်မှတ်အိတ် ၇၅၅ အိတ်၊Hand Sanitizer ၄၁၇ ဖာ၊ လက်အိတ် ၄၅ ဖာ၊ မဲလက်မှတ်ခြင်း ၅၅၈ ခြင်းနှင့် မဲပုံး ၁၃၅၈ ပုံးတို့အား ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဒေါ်တင်လှိုင်နှင့် အဖွဲ့ဝင်များထံသို့ တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာချုပ်၊ စစ်တွေတပ်နယ်မှ နယ်မြေခံတပ်မတော်သားများက ကူညီ သယ်ဆောင်ပေးပြီး တပ်မတော်မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာ နေရာများသို့ ပို့ဆောင် ပေးခဲ့ကြောင်း သတင်းရရှိသည်။