ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုး တွေ့လူနာ ၁၃၁၂ ဦး ထပ်တိုး

နေပြည်တော်  အောက်တိုဘာ  ၂၂

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍  သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲ အဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ ၁၃၁၂ ဦးနှင့် သေဆုံးသူ ၃၃ ဦးရှိကြောင်း သိရသည်။

(၂၁-၁၀-၂၀၂၀)ရက် ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ ၁၁၉၄ ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေကို ယနေ့ ည ၆ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။