အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် တပ်မိသားစုဝင် ကျောင်းသား၊ ကျောင်းသူ များအား ကျောင်းဝတ်စုံ၊ စာရေးကိရိယာများနှင့် အသုံးအဆောင်ပစ္စည်းများ ဒုတိယအကြိမ် ထောက်ပံ့

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် တပ်မိသားစုဝင် ကျောင်းသား၊ ကျောင်းသူ များအား ကျောင်းဝတ်စုံ၊ စာရေးကိရိယာများနှင့် အသုံးအဆောင်ပစ္စည်းများ ဒုတိယအကြိမ် ထောက်ပံ့

နေပြည်တော်၊ နိုဝင်ဘာ - ၂၆       

    အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း ၂၀၂၂- ၂၀၂၃  ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားလျက်ရှိသည့် တပ်မိသားစုဝင် အခြေခံပညာ ကျောင်းသား/ ကျောင်းသူများအား  ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများနှင့် အသုံးအဆောင်ပစ္စည်းများ ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ပိုင်းတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ စစ်တွေတပ်နယ်ရှိ ဗန္ဓုလခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

     ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန် ရှိသူများက တပ်မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများနှင့် အသုံးအဆောင်ပစ္စည်းများ အသီးသီးထောက်ပံ့ ပေးအပ်ပြီး တက်ရောက်လာကြသူများအား ရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

        အလားတူ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်များ၌လည်း တပ်မိသား စုဝင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများနှင့် အသုံးအဆောင် ပစ္စည်းများကို တပ်နယ်အလိုက် တာဝန်ရှိသူများက သတ်မှတ်နေရာ အသီးသီး၌ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသတင်းရရှိသည်။