ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးပေါက်တည့်ကန်ချက်တစ်ကြိမ်မှ မရှိသည့် ပထမဆုံးပွဲစဉ်အဖြစ် တောင်ကိုရီးယားအသင်းနှင့်ဥရုဂွေးအသင်းတို့ပွဲစဉ်မှတ်တမ်းဝင်
ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးပေါက်တည့်ကန်ချက်တစ်ကြိမ်မှမရှိသည့် ပထမဆုံးသောပွဲစဉ်အဖြစ် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် ကစားသည့် တောင်ကိုရီးယားအသင်းနှင့် ဥရုဂွေးအသင်းတို့ ပွဲစဉ်က မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့သည့် အဆိုပါပွဲစဉ်တွင် ဥရုဂွေးအသင်း၌ ထိပ်တန်းတိုက်စစ်ကစား သမားများဖြစ်သည့် လူးဝစ်ဆွာရက်ဇ်၊ ဒါဝင်နူနက်၊ ကာဗာနီ၊ ဗယ်ဗာဒီတို့ပါဝင်ခဲ့ပြီး တောင်ကိုရီးယား အသင်းတွင်လည်း ဆွန်ယောင်မင်ဦးဆောင်ပါဝင် လာခဲ့သော်လည်း နှစ်သင်းစလုံးမှ တိုက်စစ်ကစား သမားများ ပုံစံကောင်းပြသနိုင်ရန် ရုန်းကန်ခဲ့ရပြီး ပွဲချိန်တစ်လျှောက်လုံး နှစ်သင်းစလုံးမှကစားသမားများ ဂိုးပေါက်တည့် ကန်ချက်တစ်ကြိမ်မှ မရှိဘဲ ပွဲပြီးဆုံးခဲ့သည့်အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင် ဂိုးပေါက်တည့်ကန်ချက်တစ်ကြိမ် မှမရှိသည့် ပထမဆုံးသောပွဲစဉ်အဖြစ် မှတ်တမ်း ဝင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲစဉ်တွင် ဥရုဂွေးအသင်းက ဖိအားပေး ကစားနိုင်ခဲ့သော်လည်း ဒါဝင်နူနက်အနေဖြင့် ခြေစွမ်းပြသနိုင်ခြင်းမရှိသကဲ့သို့ လူးဝစ်ဆွာရက်ဇ်သည် လည်း ပွဲချိန်တစ်လျှောက်လုံး တောင်ကိုရီးယား အသင်း ဂိုးဧရိယာအတွင်း ဘောလုံးထိမှုနှစ်ကြိမ်သာ ပြုလုပ်နိုင်ပြီး ဘောလုံးပေးပို့မှုလည်း ခုနစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
အလားတူ လူစားဝင်ကစားခဲ့သည့် တိုက်စစ် ကစားသမား ကာဗာနီသည်လည်း ခြေစွမ်းပြသနိုင် ခြင်းမရှိဘဲ တောင်ကိုရီးယားအသင်းဘက်သို့ ဂိုးပေါက်ခြိမ်းခြောက်မှု တစ်ကြိမ်မှ မပြုလုပ်နိုင်ခဲ့သည့် အပြင် တောင်ကိုရီးယားအသင်းတွင်လည်း ဒဏ်ရာမှ ပြန်လည်သက်သာလာသည့် တိုက်စစ်ကစားသမား ဆွန်ယောင်မင်သည်လည်း ပွဲချိန်ပြည့်ပါဝင်ကစားခဲ့သော်လည်း ဂိုးပေါက်တည့်ကန်ချက်တစ်ကြိမ်မှ မပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
Ref;Opta.com