၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အကောင်းဆုံးသွင်းဂိုးဆုရရှိနိုင်သည့် သွင်းဂိုးကို ဘရာဇီးအသင်းနှင့်ဆားဘီးယား အသင်းတို့ပွဲစဉ်တွင် ဘရာဇီးအသင်းတိုက်စစ်မှူး ရစ်ချာလီဆန်သွင်းယူ

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အကောင်းဆုံးသွင်းဂိုးဆုရရှိနိုင်သည့် သွင်းဂိုးကို ဘရာဇီးအသင်းနှင့်ဆားဘီးယား အသင်းတို့ပွဲစဉ်တွင် ဘရာဇီးအသင်းတိုက်စစ်မှူး ရစ်ချာလီဆန်သွင်းယူ

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် ကစား သည့်  ဘရာဇီးအသင်းနှင့် ဆားဘီးယားအသင်းတို့ ပွဲစဉ်တွင်  လက်ရှိ ပြိုင်ပွဲ၏ အကောင်းဆုံးသွင်းဂိုးဆု ရရှိနိုင်သည့်   သွင်းဂိုးကို   ဘရာဇီးအသင်းတိုက်စစ်မှူး  ရစ်ချာလီဆန်က   သွင်းယူနိုင်ခဲ့ကြောင်း  သိရသည်။

ဘရာဇီးအသင်းက ဆားဘီးယားအသင်းကို ၂ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိသည့်ပွဲစဉ်တွင်  ဘရာဇီးအသင်း အတွက်  အနိုင်ဂိုး နှစ်ဂိုးစလုံးကို ရစ်ချာလီဆန်က သွင်းယူခဲ့ခြင်းဖြစ်ပြီး  ပွဲချိန် ၇၂ မိနစ်တွင် တောင်ပံ ကစားသမား ဗင်နီစီးယက်စ်၏ ပေးပို့သည့်ဘောလုံးကို ခြေထောက်ဖြင့် တစ်ချက်တော့ပြီး  နောက်ပြန် ကန်ချက်ဖြင့် လှလှပပသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ရစ်ချာလီဆန်၏ သွင်းဂိုးသည်   ၎င်း၏ဖြတ်ထိုး ဉာဏ်ကောင်းမှုနှင့် နည်းစနစ်ပိုင်း မြင့်မားမှုကို ပေါ်လွင် စေပြီး လက်ရှိ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အကောင်းဆုံးသွင်းဂိုးဆုအတွက် ရေပန်းစားနေသည့်အပြင် ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်ကပေးအပ်မည့် ၂၀၂၂ ခုနှစ် တစ်နှစ်တာအကောင်းဆုံး သွင်းဂိုးဆုအတွက် ဆန်ခါတင် စာရင်းတွင်လည်း ပါဝင်လာဖွယ်ရှိနေသည်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်(၁)ပွဲစဉ်များ ပြီးဆုံးချိန်တွင်  သွင်းဂိုးအများဆုံးကစားသမားစာရင်း တွင် ရစ်ချာလီဆန်သည် အင်္ဂလန်အသင်းမှ ဆာကာ၊ ပြင်သစ်အသင်းမှ   ဂီရော့ဒ်တို့နှင့်ပူးတွဲ ရပ်တည်နေကြောင်း သိရသည်။

Ref;ESPN