ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပယ်နယ်တီပေးခံခဲ့ရသော်လည်း ဂိုးမပေးရအောင် စွမ်းဆောင်နိုင်သည့် တတိယမြောက်ဂိုးသမားအဖြစ် ပိုလန်အသင်းဂိုးသမား ဆက်ဇနီမှတ်တမ်းဝင်

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပယ်နယ်တီပေးခံခဲ့ရသော်လည်း ဂိုးမပေးရအောင် စွမ်းဆောင်နိုင်သည့် တတိယမြောက်ဂိုးသမားအဖြစ် ပိုလန်အသင်းဂိုးသမား ဆက်ဇနီမှတ်တမ်းဝင်

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် ကစား သည့် ပိုလန်အသင်းနှင့် ဆော်ဒီအာရေဗျအသင်းတို့ပွဲစဉ်တွင် ပိုလန်အသင်းဂိုးသမား ဆက်ဇနီသည် ပယ်နယ်တီကာကွယ်နိုင်ခဲ့သည့်အပြင်   ဂိုးမပေးရအောင် Clean Sheet စွမ်းဆောင်နိုင်ခဲ့သည့် တတိယမြောက်ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် ပိုလန်အသင်းက ဆော်ဒီအာရေဗျအသင်းကို ၂ ဂိုး-ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး  ပွဲချိန် ၃၉ မိနစ်တွင် ဇယ်လင်စကီးက ပိုလန်အသင်း အတွက်  ဦးဆောင်ဂိုးသွင်းယူနိုင်ပြီးနောက်  ပွဲချိန် ၄၅  မိနစ်တွင် ဆော်ဒီအာရေဗျအသင်းမှ အယ်ရှာရီ ကို  ပိုလန်အသင်းမှ   ဘီလစ်က  ဂိုးဧရိယာအတွင်း ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့သည့်အတွက် ကွင်းလယ်ဒိုင်လူကြီးက VAR ကြည့်ရှုပြီး ဆော်ဒီအာရေဗျအသင်းကို ပယ်နယ်တီကန်သွင်းခွင့်ပေးခဲ့ခြင်းဖြစ်သည်။

ဆော်ဒီအာရေဗျအသင်းရရှိသည့်   ပယ်နယ်တီကို  တောင်ပံကစားသမား   အယ်ဒေါ်ဆာရီက ကန်သွင်းခဲ့ရာ ပိုလန်အသင်းဂိုးသမား ဆက်ဇနီက အမှားအယွင်းမရှိ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပြီး ပြန်ထွက်လာသည့် ဘောလုံးကို အယ်လ်ဘူရက်က ထပ်မံပိတ်သွင်းခဲ့သော်လည်း ဆက်ဇနီကပင် ထပ်မံကာကွယ်နိုင်ခဲ့ပြီး ပွဲပြီးဆုံးချိန်အထိ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ကာ Clean Sheet ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ   ၂၀၂၂   ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပယ်နယ်တီပေးခံခဲ့ရသော်လည်း ကာကွယ်နိုင်ခဲ့သည့်အပြင်  ပွဲပြီးဆုံးချိန်အထိ ဂိုးမပေးရအောင်စွမ်းဆောင်ပြီး Clean Sheet ရရှိခဲ့သည့် ဂိုးသမားသုံးဦးအထိရှိလာခဲ့ကာ       ဆစ်ဇနီမတိုင်မီက ဘယ်လ်ဂျီယံအသင်းနှင့် ကနေဒါအသင်းတို့ ပွဲစဉ်တွင် ဘယ်လ်ဂျီယံအသင်းဂိုးသမား ကော့တွိုက်စ်၊ မက္ကဆီကိုအသင်းနှင့်  ပိုလန်အသင်းတို့ပွဲစဉ်တွင်  မက္ကဆီကို  ဂိုးသမား အိုချူအာတို့အပါအဝင် သုံးဦးရှိခဲ့ပြီး ၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပချိန်မှစ၍   ပြိုင်ပွဲတစ်ခုတွင် သုံးဦးမှာ ပထမဆုံးအကြိမ် ဖြစ်ခဲ့ကြောင်း သိရသည်။

Ref.;Bleacher Report Football