ချန်ပီယံပြင်သစ်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲ ချန်ပီယံကျိန်စာဆိုးကို ကျော်ဖြတ်ပြီး အုပ်စုပွဲစဉ်မပြီးဆုံးမီ ၁၆ သင်းရှုံးထွက်အဆင့်သို့တက်ရောက်

ချန်ပီယံပြင်သစ်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲ ချန်ပီယံကျိန်စာဆိုးကို ကျော်ဖြတ်ပြီး အုပ်စုပွဲစဉ်မပြီးဆုံးမီ ၁၆ သင်းရှုံးထွက်အဆင့်သို့တက်ရောက်

ကမ္ဘာ့ဖလားချန်ပီယံပြင်သစ်အသင်းသည် ချန်ပီယံကျိန်စာဆိုးကိုကျော်ဖြတ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ  အုပ်စုပွဲစဉ်များမပြီးဆုံးမီ  တစ်ပွဲအလိုကတည်းက ၁၆ သင်းရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှစတင်ပြီး ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သည့် အသင်းများအနေဖြင့်   နောက်တစ်ကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ကျော်ဖြတ်နိုင်ခြင်း မရှိဘဲ   ပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းဖြစ်သည်။

၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သည့် အီတလီအသင်းအနေဖြင့် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အုပ်စုအဆင့်မှပင် ထွက်ခွာခဲ့ရသကဲ့သို့ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့် စပိန်အသင်းသည်လည်း ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ၌  အုပ်စုအဆင့်မှပင်လည်းကောင်း၊ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်  ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သည့်  ဂျာမနီအသင်းသည်လည်း ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အုပ်စုအဆင့်မှပင်လည်းကောင်း အသီးသီး ထွက်ခွာခဲ့ရပြီး ချန်ပီယံကျိန်စာဆိုး သင့်ခဲ့ရခြင်း ဖြစ်သည်။

သို့သော် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သည့် လက်ရှိချန်ပီယံ ပြင်သစ်အသင်း အနေဖြင့် အဆိုပါ ချန်ပီယံကျိန်စာဆိုးကိုကျော်ဖြတ်ပြီး အုပ်စုပွဲစဉ်နှစ်ပွဲကစားအပြီးတွင် ၁၆ သင်းရှုံးထွက်အဆင့်သို့  တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။       

             Ref.;Dailymail