၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူ များအား ကျောင်းဝတ်စုံ၊ စာရေးကိရိယာများနှင့် အသုံးအဆောင်ပစ္စည်းများ ဒုတိယ အကြိမ် ထောက်ပံ့

၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူ များအား ကျောင်းဝတ်စုံ၊ စာရေးကိရိယာများနှင့် အသုံးအဆောင်ပစ္စည်းများ ဒုတိယ အကြိမ် ထောက်ပံ့

နေပြည်တော်၊ နိုဝင်ဘာ - ၂၈        

        ၂၀၂၂- ၂၀၂၃  ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားလျက်ရှိသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားမိသားစုဝင် ကျောင်းသား/ ကျောင်း သူများအား  ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများနှင့် အသုံးအဆောင် ပစ္စည်းများ ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ကြသည်။

        ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန် ရှိသူများက တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများနှင့် အသုံးအဆောင်ပစ္စည်းများ အသီးသီး ထောက်ပံ့ ပေးအပ်ပြီး တက်ရောက်လာကြသူများအား ရင်းနှီးနှီးလိုက်လံနှုတ်ဆက် သည်။

        အလားတူ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်များ၌လည်း တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများနှင့် အသုံးအဆောင်ပစ္စည်းများကို တပ်နယ်အလိုက် တာဝန် ရှိသူများက သတ်မှတ်နေရာ အသီးသီး၌ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိ သည်။