နေပြည်တော် အောက်တိုဘာ ၂၂
အောက်တိုဘာ ၁၅ ရက်က ဖြစ်ပွားခဲ့သည့် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ၆၂ လမ်းနှင့် ရတနာလမ်းထောင့်ရှိ UAB ဘဏ် လုယက်မှုမှ လုယက်ခံရသည့် ငွေများအပါအဝင် လုယက်မှု ကျူးလွန်သူအသုံးပြုသည့် သက်သေခံပစ္စည်းများကို ယနေ့တွင် သိမ်းဆည်းရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
နာရေးကိစ္စရှိနေသောကြောင့် ရဲတပ်ဖွဲ့မှ နေအိမ်ကို အသေးစိတ်စိစစ်မှုမလုပ်သေးခြင်းဖြစ်ကြောင်းနှင့် နာရေးကိစ္စပြီးစီးသည့် ယနေ့တွင် နေအိမ်အား အသေးစိတ်စိစစ်ရှာဖွေရာ ဇနီးဖြစ်သူ မသိအောင်သိုဝှက် သိမ်းဆည်းထားသည့် ဘောစေ့ထည့်ပစ်ခတ်ရသော ကော်သေနတ်၊ ဘောစေ့များနှင့် ငွေကျပ် ၁၉၉ သိန်းအား ဆက်လက် သိမ်းဆည်းရမိပြီး ၎င်းင်းတွင် ဇနီးဖြစ်သူနှင့်အတူ ခုနစ်နှစ်အရွယ်သမီးတစ်ဦး၊ ၁၁ လသားအရွယ် သားတစ်ဦးကျန်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
(၅၀၀)