၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် အနောက် မြောက်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူ များအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ဒုတိယအကြိမ် ထောက်ပံ့

၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် အနောက် မြောက်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူ များအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ဒုတိယအကြိမ် ထောက်ပံ့

နေပြည်တော်၊ နိုဝင်ဘာ - ၂၈        

        ၂၀၂၂- ၂၀၂၃  ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားလျက်ရှိသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ တပ် မတော်သား မိသားစုဝင် ကျောင်းသား/ ကျောင်းသူများအား  ကျောင်းဝတ်စုံများနှင့် စာရေးကိရိယာများ ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဇေယျာသီရိခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

        ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန် ရှိသူများက တပ်မတော်သား မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်း ဝတ်စုံများနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူ များက အသီးသီး လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။