သိန်းနီမြို့ရှိ စော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းတော်(သိန်းနီဟော်နန်း) ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

သိန်းနီမြို့ရှိ စော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းတော်(သိန်းနီဟော်နန်း) ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ နိုဝင်ဘာ - ၂၉       

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့ရှိ စော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းတော်(သိန်းနီဟော်နန်း) ပြန်လည်တည်ဆောက်လျက်ရှိရာ နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ လားရှိုးမြို့နှင့် သိန်းနီမြို့တို့ရှိ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ဟော်နန်းပြန်လည်တည်ဆောက်မှု ပူးပေါင်းဆောင်ရွက်ရေး ကော်မတီအဖွဲ့ဝင် များနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

   ဦးစွာ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် လုပ်ငန်းခွင်သို့ရောက်ရှိရာ ဟော်နန်း ပြန်လည်တည်ဆောက်မှု ပူးပေါင်းဆောင်ရွက်ရေး ကော်မတီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့် မြို့မိ၊ မြို့ဖတို့က အကြံပြု ဆွေးနွေးတင်ပြကြရာ တိုင်းမှူးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

    ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် သိန်းနီဟော်နန်းပြန်လည် တည် ဆောက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။