၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် ပထမနှစ်အဝေးသင်သင်တန်း ဝင်ခွင့်ရရှိသူများ စာရင်းကို ဒီဇင်ဘာ ၁ ရက်တွင် ကြေညာမည်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပညာရေးဝန်ကြီးဌာန
အဆင့်မြင့်ပညာဦးစီးဌာန
ကြေညာချက်
၁။ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ်အဝေးသင် သင်တန်း ဝင်ခွင့်ရရှိသူများ စာရင်းကို ၁-၁၂-၂၀၂၂ ရက်တွင် သက်ဆိုင်ရာ တက္ကသိုလ်နှင့် ကောလိပ်များ၊ ပညာရေးဝန်ကြီးဌာန website:www.moe.gov.mm နှင့် အဆင့်မြင့်ပညာဦးစီးဌာန website:www.dhe.gov.mm တို့တွင် ကြေညာထားမည် ဖြစ်ပါသည်။
၂။ ပထမနှစ်အဝေးသင် သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာတက္ကသိုလ်နှင့် ကောလိပ်များတွင် ၂၆-၁၂-၂၀၂၂ ရက်မှ ၃၁-၁-၂၀၂၃ ရက်အထိ (၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်)၊ ၂၆-၁၂-၂၀၂၂ ရက်မှ ၂၈-၂-၂၀၂၃ ရက်အထိ (၂၀၂၂ ခုနှစ်မတိုင်မီ တက္ကသိုလ်ဝင်စာမေးပွဲအောင်နှင့် ကျရှုံးကျောင်းသားများ)(စနေနှင့်တနင်္ဂနွေနေ့များအပါအဝင်) လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
၃။ ဒုတိယနှစ်နှင့်အထက် အဝေးသင် သင်တန်းများအားလုံး၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ၁၆-၁-၂၀၂၃ ရက်မှ ၂၈-၂-၂၀၂၃ ရက်အထိ (စနေနှင့်တနင်္ဂနွေနေ့များ အပါအဝင်)လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
အဆင့်မြင့်ပညာဦးစီးဌာန