အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၆၁)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ ကျင်းပပြုလုပ်

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၆၁)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ ကျင်းပပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ - ၁

        အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၆၁)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် စစ်ရေးပြကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် လှမိုးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များ၊ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းနှစ်ပတ်လည်နေ့ စစ်ရေးပြတပ်ခွဲများက စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး တိုင်းမှူးက တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်မိန့်ခွန်း ပြောကြား သည်။ ထို့နောက် တိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ၂၀၂၁-၂၀၂၂ ခုနှစ်ကာလအတွင်း သင်တန်းများတွင် ဆုရရှိခဲ့ကြသည့် အရာရှိ၊ စစ်သည် များ၊ တပ်မတော်(ကြည်း/ရေ/လေ) အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆုရ အရာရှိ၊ စစ်သည်များ၊ စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲနှင့် ရဲမေကျပန်း စကားပြောပြိုင်ပွဲတွင် ဆုရရှိသူများ၊ ဝတ်စားဆင်ယင်မှုအကောင်းဆုံးဆုရရှိသူများ၊ အိမ်ထောင်သည်လိုင်းခန်း သန့်ရှင်းရေးဆုနှင့် စိုက်ပျိုးရေး/မွေးမြူရေးဆု ရရှိသူများအား တိုင်းမှူးနှင့် တာဝန်ရှိသူ များက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍ တိုင်းနှစ် ပတ်လည်နေ့အထိမ်းအမှတ် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ဗလာမပါ ကံစမ်းမဲများ ဖောက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။