ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြေး ထောက်ပံ့ပေးအပ်၊ သာပေါင်းမြို့ နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်၊ ကျန်းမာရေးစောင့်ရှောက်မှုလု

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြေး ထောက်ပံ့ပေးအပ်၊ သာပေါင်းမြို့ နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဒီဇင်ဘာ - ၁

        ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ရှမ်းပြည် နယ်(အရှေ့ပိုင်း)အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြေး ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့၊ စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ရုံးခန်းမ၌ ပြုလုပ်ရာ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် တာဝန်ရှိသူများ၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။

        ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိ သူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေများ အသီးသီးပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ဆက်လက်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြို့နယ်(၈)မြို့နယ်တို့မှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် သက်ကြီးမသန်စွမ်း စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ငွေ များပေးအပ်ရာ တာဝန်ရှိသူများမှ အသီးသီးလက်ခံရယူကြသည်။ ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကာ ၎င်းတို့၏ တင်ပြချက်များအား ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ သည်။

        အလားတူ ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်အတွင်းရှိ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအား ယူနီဖောင်းနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ် ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် နယ်မြေခံတပ်ရင်းခန်းမ၌ ပြုလုပ်ရာ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

        ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအတွက် ယူနီဖောင်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံ ရယူကြသည်။ ယင်းနောက် နယ်မြေခံဆေးအဖွဲ့က ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ အား  လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးကြကြောင်း သတင်းရရှိသည်။