သင်္ကန်းညီနောင်မှ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များသို့ သွယ်တန်း ထားသည့် ၆၆ ကေဗွီ မဟာဓာတ်အားလိုင်းမှ တာဝါတိုင်အမှတ်(၄၅၊၄၆၊၄၇)တို့အား PDF အမည်ခံအကြမ်းဖက် သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

သင်္ကန်းညီနောင်မှ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များသို့ သွယ်တန်း ထားသည့် ၆၆ ကေဗွီ မဟာဓာတ်အားလိုင်းမှ တာဝါတိုင်အမှတ်(၄၅၊၄၆၊၄၇)တို့အား PDF အမည်ခံအကြမ်းဖက် သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

နေပြည်တော်၊ ဒီဇင်ဘာ -

       CRPH နှင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် အလုံးစုံ ပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရေးနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုများ မရှိ စေရေးတို့အတွက် စစ်ရေးပစ်မှတ်မဟုတ်သည့် အများပြည်သူနှင့် သက်ဆိုင်သော အဆောက်အဦများအား နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင် လျက်ရှိသည်။

      ထိုသို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာ ၃၀ ရက်တွင် သင်္ကန်း ညီနောင်မှ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များသို့ သွယ်တန်းထားသည့် ၆၆ ကေဗွီ မဟာဓာတ်အားလိုင်းမှ တာဝါတိုင်အမှတ် (၄၅၊၄၆၊၄၇)တို့အား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်ထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သဖြင့် တာဝါတိုင်များ ထိပ်ပိုင်းကျိုးပဲပျက်စီးခြင်းနှင့် လဲကျပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

     အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်ခဲ့သူများအား ဥပဒေ နှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ် လျက်ရှိကြောင်း သတင်းရရှိသည်။