စစ်မှုထမ်းဟောင်းများနှင့် ရဲမှုထမ်းဟောင်းများအတွက် ဆန်၊ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာ များ ပေးအပ်

နေပြည်တော်၊ အောက်တိုဘာ - ၂၃

နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူ ခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရဲမှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအတွက် COVID-19  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း သွားလာမှုများ ကန့်သတ်ချက်များကြောင့်  စားရေး အခက်အခဲမရှိစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် COVID-19  ရောဂါ ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ၊ စစ်မှုထမ်း ဟောင်းရုံး၊ အိမ်ရာများ၊ တပ်နယ်ခန်းမများနှင့် ရဲတပ်ဖွဲ့မှူးရုံးတို့၌ ပေးအပ်လျက်ရှိသည်။

ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ရှိ သက်ဆိုင်ရာ တပ်နယ်များမှ တာဝန်ရှိသူများက မြို့နယ် အသီးသီးရှိ စစ်မှုထမ်းဟောင်းများနှင့် ရဲမှုထမ်းဟောင်းများ အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးအား ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။