ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ (၇၅)နှစ်မြောက် ကုလသမဂ္ဂ နှစ်ပတ်လည်နေ့သို့ ပေးပို့သည့် သဝဏ်လွှာ
(၂ဝ၂ဝ ပြည့်နှစ်၊ အောက်တိုဘာလ ၂၄ ရက်)
ကုလသမဂ္ဂဖွဲ့စည်းတည်ထောင်သည့် (၇၅)နှစ်မြောက် မင်္ဂလာ ရှိသော အခါသမယ၌ ကျွနု််ပ်တို့ အနေဖြင့် လှိုက်လှဲ စွာ ဂုဏ်ယူဝမ်းမြောက် မိပါကြောင်းနှင့် ကုလသမဂ္ဂပဋိညာဉ်က အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ထမ်းဆောင်ရာတွင် ကုလသမဂ္ဂ အဖွဲ့ကြီး အနေဖြင့် ပိုမိုကြီးမားသည့် အောင်မြင်မှုများ ရရှိပါစေကြောင်း ဆုမွန် ကောင်းများ ပို့သအပ်ပါသည်။ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရေးနှင့် လူသားအားလုံး၏စီးပွားရေးနှင့် လူမှုဘဝ တိုးတက်ရေးတို့ကို မြှင့်တင်ရေး တို့သည် ယနေ့ မျက်မှောက် ကာလတွင် ကျွန်ုပ်တို့၏ အထူး လိုအပ်ချက်များဖြစ်ကြပါသည်။
တစ်ကမ္ဘာလုံးအနေဖြင့် အမြင့်မားဆုံးသောစိန်ခေါ်မှုများ၊ စိတ်အား ငယ်ဖွယ်ရာ အခြေအနေများနှင့် ရင်ဆိုင်ကြုံ တွေ့ နေရချိန်တွင် ကျွန်ုပ်တို့သည် ကုလသမဂ္ဂအဖွဲ့ကြီး၏ စိန်ရတုအခမ်းအနားကို ကျင်းပနေရခြင်း ဖြစ်ပါသည်။ မျက်မှောက်ကာလတွင် လူသားများသည် နိုင်ငံစုံပူးပေါင်း ဆောင်ရွက်ရေးဝါဒအပေါ် ခြိမ်းခြောက်မှုများမြင့် တက်လာမှု၊ ပထဝီ နိုင်ငံရေး တင်းမာမှုများ၊ မညီမျှမှုများ ပိုမိုကြီးထွားလာမှုနှင့် ခြိမ်းခြောက်နေသော ရာသီဥတု ပြောင်းလဲမှု စသည့် မြောက်မြားစွာသောစိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံ တွေ့နေရပါသည်။ ယင်းစိန်ခေါ်မှုများထက် ပိုမိုဆိုးရွားသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါပိုး အသစ်သည် ဆင်းရဲ၊ ချမ်းသာ နိုင်ငံမရွေး ပျံ့နှံ့ ဝင်ရောက်လျက် လူဦးရေ တစ်သန်းကျော်ကို အသက်ဆုံး ရှုံးမှု၊ လူသန်းပေါင်းများစွာကို ရောဂါကူးစက်မှုဖြစ်စေခဲ့သည့်အပြင် ကမ္ဘာ တစ်ဝှမ်း ဆိုးရွားပြင်းထန်သည့် လူမှုစီးပွား ရိုက်ခတ်မှုများကို ဖြစ်ပေါ်စေခဲ့ပါသည်။
စင်စစ်အားဖြင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် ကျွန်ုပ်တို့၏ မျက်မှောက်ကာလ၏ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အကျပ်အတည်း တစ်ရပ်ပင်ဖြစ်ပါသည်။ ယင်းအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရေးတွင် ထိုကပ် ရောဂါသည် နိုင်ငံတကာအသိုက်အဝန်း၏ စည်းလုံးမှုနှင့်ညီညွတ်မှုအပေါ် စမ်းသပ်မှုတစ်ရပ်ဖြစ် စေသကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ အရေးယူဆောင်ရွက်မှု မဖြစ်မနေပြုလုပ်ကြရန်အတွက် တိုက်ပွဲခေါ်သံတစ်ခု လည်းဖြစ်ပါသည်။ ကပ်ရောဂါကြောင့် ဆိုးရွားသော သက်ရောက်မှုများဖြစ်ပေါ်နေသည့်အခြေအနေတွင် အဆိုပါဘုံရန်သူကို တိုက်ထုတ် နိုင်ရန်နှင့် အရင်း အမြစ်များကိုစုစည်းရန်အတွက် တစ်ကမ္ဘာလုံးပေါင်း စည်းဆောင်ရွက် သွားကြရမည်ဖြစ်ပါသည်။ ယခုကဲ့သို့ အလွန်အရေးကြီးသည့် အချိန်တွင် လူသားတို့၏ ဘုံစိန်ခေါ်မှုများကို တုံ့ပြန်ရာ၌ ကျွနု်ပ်တို့၏ စုပေါင်း အင်အားများ ဟန်ချက်ညီမျှစေရန်အတွက် ပိုမိုခိုင်မာသည့် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုနှင့် ထိရောက်သည့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေး ဝါဒကို ယခင်ကထက် ပိုမိုလိုအပ် လာပါသည်။
ထို့ကြောင့် ''ကျွနု်ပ်တို့ လိုလားသော အနာဂတ်၊ ကျွန်ုပ်တို့လိုအပ်သော ကုလသမဂ္ဂ-နိုင်ငံစုံပူးပေါင်း ဆောင်ရွက် ရေး ဝါဒအပေါ် ကျွနု်ပ်တို့၏ ဘုံကတိကဝတ်ကို ထပ်လောင်း အတည်ပြုခြင်း-ကိုဗစ်-၁၉ ရောဂါကို ထိရောက် သည့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်း များဖြင့်ရင်ဆိုင်တုံ့ပြန်ခြင်း''ဟူသည့် ယခုနှစ်ကုလ သမဂ္ဂ၏ ဆောင်ပုဒ်သည် ကမ္ဘာလုံးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးစိတ်ဓာတ်ကို ပြန်လည် အားသစ်လောင်းရန် လိုအပ်လျက်ရှိသည့် လက်ရှိ အခြေအနေကို အမှန်တကယ်ထင်ဟပ်စေပါသည်။
ကုလသမဂ္ဂအဖွဲ့ကြီးသည် လွန်ခဲ့သည့် (၇၅)နှစ် တာကာလအတွင်း ဆောင်ရွက်ခဲ့သကဲ့သို့ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု၊ တရားမျှတမှု၊ ဥပဒေနှင့် အညီဖြစ်စေမှုနှင့် တရားဥပဒေစိုးမိုးမှုတို့ကို မြှင့်တင်ခြင်း ဖြင့် ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာ၏ လူမှု-စီးပွားဘဝတိုးတက်မြင့်မားရေးအတွက် ကျွနု််ပ် တို့၏ စုပေါင်းကြိုးပမ်းမှုများကို ကိုယ်စားပြုဆောင် ကြဉ်းပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု ကျွနု််ပ်တို့အ နေဖြင့် ယုံကြည်ပါသည်။
ကုလသမဂ္ဂအဖွဲ့ကြီး အနေဖြင့် မပြည့်စုံမှုများရှိ လင့်ကစား ကမ္ဘာကြီးအား လွန်ခဲ့သည့်(၇၅)နှစ်ကထက် သိသိ သာသာ ပိုမိုကောင်းမွန်သည့် နေရာတစ်ခု ဖြစ်လာအောင် ဖော်ဆောင်နိုင်ခဲ့ပါသည်။ ကုလသမဂ္ဂ အနေဖြင့် ကမ္ဘာ စစ်ကြီးများ မဖြစ်ပွားရန် ကူညီတားဆီး နိုင်ခဲ့ပြီး လူသန်းပေါင်းများစွာကို အလွန်အမင်း ဆင်းရဲ နွမ်းပါးမှုနှင့် ငတ်မွတ်မှုများမှ ကယ်တင်နိုင်ခဲ့သည့် အပြင် ပျမ်းမျှ လူ့သက်တမ်းကိုလည်း ယခင်ကထက် မြင့်မားအောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ပိုမိုကောင်းမွန်သည့် ကမ္ဘာတစ်ခု ဖန်တီးရေး မျှော်မှန်းချက်ကို လက်တွေ့ အကောင် အထည်ဖော်ရန်နှင့် ကျွနု်ပ်တို့ လိုလားသည့် အနာဂတ်ကို ပုံဖော်ရန်တို့အတွက်နိုင်ငံစုံပူးပေါင်းကြိုးပမ်း အားထုတ်မှု များကို ကုလသမဂ္ဂထက် ပိုမိုကောင်းမွန်စွာ ဦးဆောင် ထိန်းကျောင်းပေးနိုင်သည့် အဖွဲ့အစည်း မရှိသေးပါ။
မကြာသေးမီကကျင်းပခဲ့သည့် ကုလသမဂ္ဂနှင့် ကမ္ဘာတစ်ဝန်းလူထုအကြား ကမ္ဘာလုံးဆိုင်ရာဆွေးနွေး ညှိနှိုင်းမှု စစ်တမ်း များအရ ဖြေကြားသူအများစု၏ ဦးစားပေးကဏ္ဍများမှာ ကျန်းမာရေး၊ ပညာရေး၊ သန့်ရှင်းသော ရေနှင့် ရေဆိုးသန့်ရှင်းရေးစနစ်တို့ ကောင်းမွန်စွာရရှိရေးဖြစ်ကြောင်း သိရှိရပါသည်။ ပြည်သူများ၏ မျှော်လင့်ချက်များ ပြည့်မီစေရေး အတွက် အချုပ်အခြာအာဏာပိုင် အဖွဲ့ဝင်နိုင်ငံများ၏ဦးစားပေး လိုအပ်ချက်များကို ပိုမိုထိရောက် စွာ တုံ့ပြန် ဆောင်ရွက်ပေးနိုင်စေရေးအတွက် ကုလသမဂ္ဂကိုပြန်လည်အားသစ်လောင်းရေးသည် အထူးအရေးကြီး ပါသည်။
ကုလသမဂ္ဂကို ဗဟိုပြုသော စည်းမျဉ်းမူဘောင်များ အပေါ် အခြေခံသည့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု စနစ်သည် ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် နိုင်ငံငယ်များ၏ မျှော်လင့်အားထားရာ ဖြစ်သင့်သည်ဟု မြန်မာနိုင်ငံ အနေဖြင့် ယုံကြည်ပါ သည်။ အထူးသဖြင့် ကမ္ဘာပေါ် ၌ မမျှတမှု၊ မတရားမှု၊ မညီမျှမှုနှင့် နိုင်ငံတကာဥပဒေ ကျင့်သုံးမှု၌ပင် စံနှုန်းမျိုးစုံ ကျင့်သုံးနေမှုများဖြင့် ပြည့်နှက်နေသည့် ကာလမျိုးတွင် ကုလသမဂ္ဂသည် ဖွံ့ဖြိုးဆဲ နိုင်ငံငယ်များအတွက် ကာကွယ် စောင့်ရှောက် ပေးနိုင်မည့် အဖွဲ့ကြီးတစ်ခုဖြစ်စေရန် ကျွနု််ပ်တို့ မျှော်လင့်ပါသည်။
၁၉၄၈ ခုနှစ်တွင် ကုလသမဂ္ဂသို့အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့စဉ်မှစ၍ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ပဋိညာဉ်ပါ ရည်ရွယ် ချက်များနှင့်အခြေခံမူများအပေါ် တန်ဖိုးထားယုံကြည်မှု ဆက်လက်မြဲမြံခိုင်မာလျက်ရှိပြီး ကုလသမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်မှုသည် မြန်မာနိုင်ငံခြားရေးမူဝါဒ၏ အုတ်မြစ်တစ်ရပ်ပင်ဖြစ်ပါသည်။ ဒီမို ကရေစီဖက် ဒရယ်ပြည် ထောင်စု တည်ထောင်နိုင်ရေးကို ရှေးရှုလျက်ရှုပ်ထွေးသည့် ဒီမိုကရေစီအသွင်ကူးပြောင်း မှုကိုဖြတ် သန်း နေသည့် နိုင်ငံတစ်နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံသည် ကိုဗစ်-၁၉ အပါအဝင်မြောက်မြားစွာသော စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရာတွင် ကုလသမဂ္ဂနှင့် အပြုသဘော ပူးပေါင်း ဆောင်ရွက်သည့် နည်းလမ်းဖြင့် လက်တွဲ ဆောင်ရွက်သွားရန်မျှော်လင့်ပါသည်။
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကို ပြည့်စုံကျယ်ပြန့်သည့် ကမ္ဘာလုံးဆိုင်ရာတုံ့ပြန်မှုဖြင့် တိုက်ဖျက်နိုင်ရေးအတွက် စုပေါင်း၊ ညှိနှိုင်း ဆောင်ရွက်ရာတွင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အနေဖြင့် အဓိကဦးဆောင်သည့် အခန်း ကဏ္ဍမှ ပါဝင်မှုနှင့် ကုလသမဂ္ဂစနစ်၏အရေးကြီးသည့် အခန်းကဏ္ဍကို ကျွနု််ပ်တို့အထူး တန်ဖိုးထားပါသည်။ လူသား အားလုံး အတွက် ယနေ့အရေးကြီးဆုံးသော လုပ်ငန်းမှာ နိုင်ငံအားလုံးအတွက် ဘေးကင်းပြီး လူတိုင်း လက်လှမ်း မီသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အချိန်မီရရှိရေး၊ ဖွံ့ဖြိုးဆဲနိုင်ငံများ စီးပွားရေးနှင့် ဘဏ္ဍာရေး အကျပ် အတည်းများ မကျရောက်စေရေးနှင့် ဆင်းရဲနွမ်းပါးမှုများ ပိုမိုမဆိုးရွားစေရေးတို့အတွက် အားလုံးလက်တွဲ ဆောင်ရွက်သွားကြ ရန်ဖြစ်ပါသည်။
၂ဝ၃ဝ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုအစီအစဉ်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ အောင်မြင်ရေးအတွက် ကျွနု််ပ် တို့ရရှိ ထားပြီးဖြစ်သည့် တိုးတက်မှုများ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြန်လည်ဆုတ်ယုတ်သွားရသည်မှာ ဝမ်းနည်း ဖွယ်ရာပင်ဖြစ်ပါသည်။ သို့အတွက် ကျွနု််ပ် တို့အနေဖြင့် ကိုဗစ်-၁၉ကို အခွင့်အရေးတစ်ရပ်အဖြစ် ပြောင်း လဲပြီး ပိုမိုမျှတ၍ အားလုံးပါဝင်သော ရေရှည်တည်တံ့ခိုင်မြဲသည့် လူ့အဖွဲ့အစည်းတစ်ရပ်ကို ထူထောင် နိုင်ရေး အတွက် ဆင်းရဲနွမ်းပါးမှု၊ ငတ်မွတ်မှုနှင့် နိုင်ငံ တွင်းနှင့် နိုင်ငံများအကြား လူမှုစီးပွားမညီမျှမှုများကို လျှော့ချ ရာတွင် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ကြရေး အတွက် ထပ်လောင်း ကတိကဝတ်ပြုကြရမည်ဖြစ်ပါသည်။ ယင်းသို့ ကြိုးပမ်း ဆောင်ရွက်ခြင်းဖြင့် ၂ဝ၃ဝ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုအစီအစဉ်ကို အကောင်အထည် ဖော်ရာတွင် တိုးတက် မှုများ ရရှိနိုင်ရန်အတွက် အနာဂတ်တွင် ကြုံတွေ့ရမည့်အန္တရာယ်များကို ကျွန်ု်ပ်တို့အနေဖြင့် လျှော့ချ နိုင်ကြ မည်ဖြစ်ပါသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို တိုက်ဖျက်ရေးကြိုးပမ်း ရာတွင် မြန်မာနိုင်ငံအား အလွန်တန်ဖိုး ကြီးမားသည့် ကူညီထောက် ပံ့မှုများ ပေးအပ်ခဲ့ခြင်းအတွက် ကုလသမဂ္ဂနှင့် ၎င်း၏ အေဂျင်စီများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါသည်။ ထို့ပြင် ထူးချွန်ပြောင်မြောက်သည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင် ချက်များအတွက် ၂ဝ၂ဝ ပြည့်နှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ချီးမြှင့်ပေးအပ်ခြင်း ခံရသည့် ကမ္ဘာ့စားနပ် ရိက္ခာ အစီ အစဉ်အား ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါသည်။ ယင်းသို့ ဆုချီးမြှင့်ခံရခြင်းသည် လူသားများအတွက် အလွန်အရေးပါသော၊ အသက် အန္တရာယ်မှကယ်တင်ပေးသော ကုလသမဂ္ဂ၏ အခန်းကဏ္ဍကို စံနမူနာတစ်ရပ် အဖြစ် မှတ်ကျောက်တင်စေ ပါသည်။
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာလအပြီးနှင့် ယင်းနောက်ပိုင်းတွင်လည်း ပိုမိုငြိမ်းချမ်းပြီး သာယာဝပြော၍ ကျန်းမာသော ကမ္ဘာကြီးဆီသို့ ဦးတည်ရာတွင် ကမ္ဘာလုံးဆိုင်ရာ အားထုတ်ကြိုးပမ်းမှုများကို ကုလသမဂ္ဂ အနေဖြင့် ဆက်လက်ဦးဆောင်လိမ့်မည်ဟု ကျွနု််ပ်တို့ မျှော်လင့်ပါသည်။ ယခုကဲ့သို့ သမိုင်းဝင် အခါသမယ၌ ကုလသမဂ္ဂ ပဋိညာဉ်ပါ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရေးအတွက် ကျွန်ု်ပ်တို့၏ ကြိုးပမ်း အားထုတ်မှုများကို ပေါင်းစည်း ဆောင်ရွက်ရန် ကျွန်ုပ်တို့အားလုံး ထပ်လောင်း ကတိကဝတ်ပြု ကြရမည်ဖြစ်ပါသည်။