အဖွဲ့ဝင်နိုင်ငံများအတွက် စွမ်းအင်အခက်အခဲကို ပိုမိုဆိုးရွားအောင်လုပ်ဆောင်ခဲ့သည့် ဥရောပသမဂ္ဂ

အဖွဲ့ဝင်နိုင်ငံများအတွက် စွမ်းအင်အခက်အခဲကို ပိုမိုဆိုးရွားအောင်လုပ်ဆောင်ခဲ့သည့် ဥရောပသမဂ္ဂ

ဥရောပသမဂ္ဂ(EU)အဖွဲ့သည် အဖွဲ့ဝင် နိုင်ငံများကြား ရင်ဆိုင်နေရသည့် စွမ်းအင် အခက်အခဲကို ပိုမိုဆိုးရွားအောင် လုပ်ဆောင်ခဲ့ သည်။ အကြောင်းမှာ ရုရှားနိုင်ငံမှ  ရေကြောင်းမှတစ်ဆင့် ပြည်ပသို့တင်ပို့ နေသည့် ရေနံဈေးနှုန်းကို  တစ်စည်လျှင် အမေရိကန် ဒေါ်လာ  ၆၀  ဖြင့်  ဥရောပ ကောင်စီက ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်ပိုင်းတွင် တရားဝင်ကန့်သတ်လိုက် ခြင်းကြောင့်ဖြစ်သည်။

EU အဖွဲ့၏  အဆိုပါကန့်သတ်ချက် သည် ဒီဇင်ဘာ ၅ ရက်မှ စတင်အသက် ဝင်လာခဲ့ပြီး ကန့်သတ်ချက်တွင် ရုရှားနိုင်ငံ မှတင်ပို့သည့် ရေနံစိမ်းလည်း ပါဝင်သည်။ ထို့ပြင် ရုရှားနိုင်ငံမှတင်ပို့သည့် ရေနံအပေါ် ဈေးနှုန်းကန့်သတ်ခြင်းကို ဈေးကွက် အခြေအနေနှင့် ချိန်ညှိရန်  နှစ်လတစ်ကြိမ် ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း  EU အဖွဲ့မှထုတ်ပြန်သည့် တရားဝင်ဂျာနယ်တွင် ဖော်ပြထားသည်။

န့ က သတ်မှတ်လိုက်သည့် အဆိုပါ ဈေးနှုန်းသည် ဈေးကွက်ပေါက်ဈေးထက် အနည်းဆုံး ၅ ရာခိုင်နှုန်း လျော့ကျလျက်ရှိကြောင်း  နိုင်ငံတကာစွမ်းအင်အေဂျင်စီမှထုတ်ပြန်သည့် အချက်အလက်များအရ သိနိုင်သည်။

ထို့ပြင် ရုရှားနိုင်ငံမှထုတ်လုပ်သည့်ရေနံများကို တင်ဆောင်လာသော သင်္ဘောများအနေဖြင့် EU အဖွဲ့ကသတ်မှတ်ထားသော ဈေးနှုန်းထက် ပိုမိုရောင်းချမည်ဆိုပါက နောက်ဆက်တွဲအကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဥရောပကောင်စီက   သတိပေးထားသည်။ အထူးသဖြင့် အဆိုပါသင်္ဘောများအနေဖြင့် EU အဖွဲ့၏အာမခံချက်၊ ငွေကြေးထောက်ပံ့မှုနှင့် တတိယနိုင်ငံ များသို့  ရေနံသယ်ဆောင်ရာတွင် ရရှိနေသည့်ဝန်ဆောင်မှုများကို ဆုံးရှုံးရဖွယ်ရှိသည်။ အကယ်၍  EU အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမှ သင်္ဘောများကကန့်သတ်ချက်ကို ချိုးဖောက်မည်ဆိုပါက သက်ဆိုင်ရာနိုင်ငံ၏ တရားစွဲဆိုခြင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ထို့ကြောင့်  EU ၏ကန့်သတ်ချက်သည်အဖွဲ့ဝင်နိုင်ငံများအတွက် တင်းကျပ်လွန်းသည်ဟု ဆိုနိုင်သည်။

တခြားတစ်ဖက်တွင် ရုရှားနိုင်ငံအနေဖြင့် မိမိနိုင်ငံမှတင်ပို့သည့် ရေနံအပေါ်ဈေးနှုန်း သတ်မှတ်၍ ကန့်သတ်သောနိုင်ငံတို့သို့ ရေနံရောင်းချမည်မဟုတ်ဘဲ ကမ္ဘာ့ရေနံဈေးကွက်ရှိ အခြေအနေများအတိုင်း ဝယ်ယူမည့်နိုင်ငံများကိုသာ ရောင်းချမည်ဟု ရုရှား ဒုတိယဝန်ကြီးချုပ် အလက်ဇန္ဒား နိုဗက်က ဒီဇင်ဘာ ၄ ရက်တွင် တုံ့ပြန်ခဲ့သည်။ EU အဖွဲ့၏ လုပ်ဆောင်ချက်သည် ရုရှားနိုင်ငံက   အတန်တန်သတိပေးထား သည့်ကြားမှ ထွက်ပေါ်လာခြင်းဖြစ်သည်ဟုလည်း ဆိုနိုင်သည်။

ရုရှားနိုင်ငံအနေဖြင့် မိမိနိုင်ငံမှထုတ်လုပ်သည့် စွမ်းအင်ပို့ကုန်များအပေါ် ဈေးနှုန်းကန့်သတ်သည့်နိုင်ငံများနှင့် ပူးပေါင်းလုပ် ဆောင်မည် မဟုတ်ကြောင်း  ရုရှားနိုင်ငံက အစောပိုင်းကတည်းက သတိပေးထားပြီး ဖြစ်သောကြောင့်  လိုအပ်ပါက ရေနံထုတ် လုပ်မှုကို လျှော့ချမည်ဟု နိုဗက်က ဆက်လက်ပြောကြားသည်။

EU အဖွဲ့ဝင်နိုင်ငံများသည် ယူကရိန်း ပဋိပက္ခတွင်  ယူကရိန်းအားထောက်ခံပြီး ရုရှားအပေါ် ပိတ်ဆို့မှုများချမှတ်ထားသော်လည်း  စွမ်းအင်ကဏ္ဍတွင်  ရုရှားအပေါ် အကြီးအကျယ် အမှီသဟဲပြုနေရသည်။ ရုရှားနှင့် EU တို့ကြား ဆက်ဆံရေးမှာ  ထင်သလောက် ကောင်းမွန်ခြင်းမရှိသောကြောင့် EU အဖွဲ့ဝင်နိုင်ငံတချို့အနေဖြင့် ယခုအခါ ၎င်းတို့လိုအပ်သည့် ရေနံပမာဏကို  ဝယ်ယူနိုင်ရေး အတွက် ရုန်းကန်နေရပြီဖြစ်သည်။

ထို့ပြင် EU အဖွဲ့အနေဖြင့် ရုရှားနိုင်ငံမှ ပင်လယ်ရေကြောင်းမှ တစ်ဆင့် သယ်ဆောင် လာသည့် ဒီဇယ်နှင့် တခြားစွမ်းအင်ထုတ် ကုန်များ  တင်သွင်းခြင်းကို  လျှော့ချမည်ဖြစ်ရာ အဖွဲ့ဝင်နိုင်ငံများ၏ စွမ်းအင်လိုအပ်ချက်မှာ ပိုမိုဆိုးရွားလာဖွယ်ရှိသည်။ ဗြိတိန် အပါအဝင် EU  အဖွဲ့ဝင်နိုင်ငံများသည်  ယခုနှစ်  နိုဝင်ဘာ  ၁  ရက်မှ ၂၄ ရက်အတွင်း  တစ်ရက်လျှင်  ဒီဇယ်အမျိုး အစား လောင်စာ စည်ပေါင်း ခြောက်သိန်းခန့် တင်သွင်းခဲ့ရသည်။

ထို့ကြောင့် EU ၏လုပ်ဆောင်ချက်သည် စီးပွားရေးအင်အားကြီးမားသည့်အဖွဲ့ဝင် နိုင်ငံများအတွက် ဆိုးကျိုးသက်ရောက်မှု နည်းပါးသည်ဟု ဆိုနိုင်သော်လည်း အရှေ့ ဥရောပရှိ အဖွဲ့ဝင်နိုင်ငံတချို့အတွက် အကျိုးဆက်ကြီးမားလှသည်။ ယင်းနိုင်ငံ များအနေဖြင့် အထူးသဖြင့် ယခုနှစ် ဆောင်းရာသီ၏ အအေးဒဏ်ကို အလူးအလဲခံစား နေရသည်။

လက်ရှိတွင် ရုရှားနိုင်ငံမှထုတ်လုပ်သည့် စွမ်းအင်ပို့ကုန်များအနက် ထက်ဝက်ခန့်ကို EU အဖွဲ့ဝင်နိုင်ငံများက တင်သွင်းနေရခြင်း ဖြစ်သည်။ အကယ်၍ EU ၏ကန့်သတ်ချက်များကြောင့် EU အဖွဲ့ဝင်နိုင်ငံတို့သို့ ရုရှားမှထုတ်လုပ်သည့် စွမ်းအင်ထုတ်ကုန်များကို တင်ပို့ရန် အခက်အခဲရှိမည်ကို စိုးရိမ်စရာမလိုပေ။  

အဘယ်ကြောင့်ဆိုသော် တူကီယဲနိုင်ငံသည် ရုရှားမှစွမ်းအင်တင်သွင်းနေသည့် အဓိကကုန်သွယ်ဖက် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေသည့်အပြင် မော်ရိုကို နှင့် တူနီးရှားတို့သည်လည်း ၎င်းတို့လိုအပ်သော  စွမ်းအင်ထုတ်ကုန်များကို ရုရှားနိုင်ငံမှ ဝယ်ယူ လျက်ရှိသောကြောင့်ဖြစ်သည်။  ရုရှားနိုင်ငံသည်  ရေနံထုတ်ကုန် ပစ္စည်းအမြောက်အမြားကို ပြည်ပနိုင်ငံများသို့တင်ပို့နေသည့်  နိုင်ငံကြီးတစ်နိုင်ငံဖြစ်သည်။

ထို့ကြောင့် ရုရှားနိုင်ငံထုတ်ရေနံများ၏ ဈေးနှုန်းအပေါ် ကန့်သတ်လိုက်သည့် EU အဖွဲ့၏လုပ်ဆောင်ချက်သည် ကမ္ဘာ့ စွမ်းအင် ဈေးကွက်တည်ငြိမ်မှုအပေါ် အကျိုးသက်ရောက်စေမည့် အလားအလာရှိသည့် အပြင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ စည်းမျဉ်းများ နှင့်လည်း  ဆန့်ကျင်လျက် ရှိသည်ဟုဆိုနိုင်သည်။ ရုရှားအပေါ် တန် ပြန်နိုင်ရေးအတွက်သာ ဦးတည်လုပ်ဆောင်နေသည့်  EU ၏ ဈေးနှုန်းကန့်သတ်ခြင်းသည် ပြောင်းပြန်အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေနိုင်သည်။

EU အဖွဲ့၏ လုပ်ဆောင်ချက်သည်ရုရှား နိုင်ငံ၏ရေနံမှရရှိနေသည့်  ဝင်ငွေအပေါ် ရေတို  သက်ရောက်လာနိုင်သော်လည်း ရုရှားနိုင်ငံ သည် လက်ရှိတွင် ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၆၄ ဒေါ်လာဖြင့် ရောင်းချလျက်ရှိသည်။ ယင်းပမာဏမှာ EU က  သတ်မှတ်သည့် ဈေးနှုန်းထက် အမေရိကန်ဒေါ်လာ  ၄  ဒေါ်လာသာပို သည်။ ထို့ပြင် EU ၏ ဈေးနှုန်းကန့်သတ်မှုနှင့် ရုရှားကဈေး နှုန်းကန့်သတ်သည့် နိုင်ငံများသို့ ရေနံရောင်းချမည်မဟုတ်ဟူသော ဆုံးဖြတ်ချက်သည် အဆိုပါ EU အဖွဲ့ဝင် နိုင်ငံများအနေဖြင့် အနာဂတ်တွင် ၎င်းတို့လိုအပ်သည့် စွမ်းအင်ထုတ်ကုန်များကို ပိုမိုမြင့်မားသောဈေးနှုန်းဖြင့် ဝယ်ယူရ မည့်အခြေအနေသို့ ရောက်လာ နိုင်ကြောင်း သုံးသပ်သူများ ကဆိုထားသည်။

ထို့ပြင် EU ၏ အဆိုပါဆုံးဖြတ်ချက် သည် အဓိပ္ပာယ်မရှိသောလုပ်ဆောင်ချက် ဖြစ်ပြီး ဈေးနှုန်းကို ဈေးကွက်ကသာ သတ် မှတ်ရခြင်းဖြစ်ကြောင်း၊ ရုရှားနိုင်ငံမှရေနံဈေးနှုန်းအပေါ် ကန့်သတ်လိုက်ခြင်းသည် အခြေအနေကို ပိုမိုဆိုးရွားစေရန်  လုပ်ဆောင်ခြင်း သာဖြစ်သည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဟောင်း စတီဗင်မနူချင်က ဝေဖန်ပြောကြားခဲ့ကြောင်း ရေးသား တင်ပြလိုက် ရပါသည်။     ။

ဇေယျဘုန်း

Ref: RT, Bloomberg