ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဒီဇင်ဘာ - ၆

          ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများ၊ ဘာသာရေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

          ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တပ်ကုန်းရတနာ့ မဉ္ဇူပရိယတ္တိစာသင်တိုက်၊ ပူတာအိုမြို့ရှိ မဟာဝန်သာသနာ့ရိပ်သာ ကျောင်းတိုက်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့၊ ဟိုရင်ဘုန်းတော်ကြီးကျောင်း၊  သီရိမင်္ဂလာအုတ်ကျောင်း၊ မိုင်းကိုင်မြို့၊ တပ်ဦးကျောင်း၊ မိုးနဲမြို့၊ ဝီဇ္ဇာရီယဘုန်းတော်ကြီး ကျောင်းစာသင်တိုက်၊ မွန်ပြည်နယ်၊ သထုံမြို့၊ ပုဗ္ဗါရုံပရိယတ္တိစာသင်တိုက်၊ ကရင်ပြည် နယ်၊ လှိုင်းဘွဲမြို့၊ ကျီးမနိုးတောရကျောင်းစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင် မြို့နယ်၊ ဘုရားကုန်းကျေးရွာရှိ ဇမ္ဗူအေးပရိယတ္တိစာသင်တိုက်၊ လှိုင်သာယာမြို့နယ်၊ ရှမ်းချောင်းကျေးရွာရှိ ရှမ်းချောင်းဇေတဝန်ကျောင်းတိုက်၊ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်း ကျေးရွာရှိ ပါရမီဖြည့်ကျောင်းတိုက်၊ လှည်းကူးမြို့နယ်၊ ဆားတလင်းကျေးရွာရှိ သဒ္ဓမ္မ ဇောတိကပရိယတ္တိစာသင်တိုက်၊ ဒလမြို့နယ်၊ သမ္ဘာန်ချောင်းကျေးရွာရှိ ဇေယျသုခ ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ လိပ်ဉကုန်း(စံပြ)ကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပညာတပ်ဦးဘုန်းတော်ကြီးကျောင်း၊ အမ်းမြို့ရှိ ငွေချန်တောင် ဘုန်းတော်ကြီးကျောင်း၊ ဘူးသီးတောင်မြို့၊ ရတနာအောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်း၊ နန္ဒဝန်တပ်ဦးဘုန်းတော်ကြီးကျောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ လယ်တီမဟာ သရဂုံကျောင်းတိုက်၊ ရွှေဘိုမြို့ရှိ အောင်မြေကျော်ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပတ္တမြား ကျောင်းတိုက်၊ မဟာအောင်မြေမြို့နယ်၊ ဗောဓိကုန်းရပ်ကွက်၊ မဟာဗောဓိပင် ဘုရားဘုန်းတော်ကြီးကျောင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပသာဒကျောင်းတိုက်၊ မြစ်သားမြို့နယ်၊ ပေတောကျေးရွာ၊ ပေတော ဘုန်းတော်ကြီးကျောင်း၊ ချမ်းမြေ့ဂုဏ်ရည် မြင့်မြင့်ခင်သီလရှင်စာသင်တိုက်၊ ချမ်းမြသာယာရပ်ကွက်၊ မဟာဝိဇိတာ ရာမကျောင်းတိုက်၊ ကံသာကျောင်း၊ မိတ္ထီလာမြို့နယ်၊ ညောင်ပင်သာကျေးရွာ၊ ပေတော ကျောင်းတိုက်၊ ပျော်ဘွယ်မြို့နယ်၊ မင်းလမ်းကျေးရွာအုပ်စု၊ ပေကုန်းကျေးရွာ၊ ပေကုန်း ကျောင်းသစ် ဘုန်းတော်ကြီးကျောင်း၊ မတ္တရာမြို့၊ အင်ကြင်းမြိုင်ကျေးရွာ၊ အောင်မြေဓမ္မ မာမကဘုန်းတော်ကြီးကျောင်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြိုင်ညိုညို ဘုန်းတော်ကြီးကျောင်း၊ ငဖဲမြို့နယ်၊ ပန်းထိမ်းအုပ်စု၊ ညောင်ကုန်းကျေးရွာ၊ သိမ်ကုန်းဘုန်း တော်ကြီးကျောင်း၊ ချောက်မြို့နယ်၊ ဝိမုတ္တရာသ(ရေစင်) တောရကျောင်းတိုက်၊ မင်းဘူးမြို့၊ နတ်စုတောင်သီလရှင်ကျောင်း၊ မင်းလှမြို့နယ်၊ ဉယျာဉ်ကျေးရွာ၊ သာသနာ့ဟိတ ကျောင်းတိုက်၊ တောင်တွင်းကြီးမြို့၊ ပြည်တော်အေးသီလရှင်စာသင်တိုက်တို့မှ သံဃာ တော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာ နချုပ်များမှ  တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြပြီး နယ်မြေခံဆေး အဖွဲ့များက လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသ ပေးခြင်းများ ဆောင်ရွက်ပေးသည်။

          ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ မန်းတောင်ခြေဘိုးဘွားရိပ်သာနှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ ဖန်ခါးမြေ ဘိုးဘွားရိပ်သာတို့မှ အဘိုး၊ အဘွားများအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မန္တလေး တပ်နယ်နှင့် မကွေးတပ်နယ်တို့မှ နယ်မြေခံ တပ်မတော်သားများက အလှူငွေများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းသည်။

          အလားတူ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်၊ ဝန်ထမ်း၊ အရာထမ်း၊ အမှုထမ်း မိသားစုများက ‌နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ  ဘုန်းတော်ကြီးကျောင်းများနှင့် စာသင် တိုက်များမှ သံဃာတော်များအား ဆွမ်းဆန်တော်နှင့် စားသောက်ဖွယ်ရာများ အသီးသီးသွားရောက် ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။