စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့၊ တောင်ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးအား PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး
နေပြည်တော်၊ ဒီဇင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့၊ တောင်ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်းအား ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးအား ဒီဇင်ဘာလ ၅ ရက် မွန်းလွဲပိုင်း၌ PDF အမည်ခံအကြမ်းဖက် သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၅ ရက် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်တွင် မြောင်မြို့၊ တောင်ရပ်ကွက်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားလျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့်သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ ၂၅ မိနစ်ခန့်အကြာတွင် မီးငြိမ်း သွားခဲ့သည်။
အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်းတစ်ထပ် အဆောက်အဦ ရုံးတစ်လုံး၊ အဆိုပါရုံးအတွင်း ထိန်းသိမ်းထားရှိသည့် သစ်သားဘီရို ၅ လုံး၊ သစ်သား စားပွဲ ၁၄ လုံး၊ ပလပ်စတစ်ထိုင်ခုံ ၂၀ လုံး၊ ဖိုင်တင်စင် ၂၄ စင်၊ လျှပ်စစ်မီတာတစ်လုံး၊ ရုံးသုံး တယ်လီဖုန်းတစ်လုံး၊ ရုံးသုံးစာရွက်စာတမ်းများနှင့် ဖိုင်များ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။
ထိုသို့နိုင်ငံတော်ပိုင် ရုံး၊ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမား များအား ဖော်ထုတ် ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်မျးက လုံခြုံရေး လုပ်ငန်းစဉ် များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။