နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းမြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump အားလက်ခံတွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းမြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဒီဇင်ဘာ - ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချူပ်မှူးကြီး စိုးဝင်း သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ - ထိုင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုပိုမိုးတိုးမြှင့်ရေး၊ နှစ်နိုင်ငံအစိုးရများနှင့် တပ်မတော်များ အကြား အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်များ လည်ပတ်နိုင်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားမဝင်ကုန်သွယ်မှု နှင့် တရားမဝင်အလုပ်သမားတိုက်ဖျက်ရေး၊ ခရီးသွားကဏ္ဍဖွံဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှု နှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဒေသ လမ်းပန်းဆက်သွယ်မှု ဖွံဖြိုးတိုး တက်ရေးနှင့် အာဆီယံရေးရာ ကိစ္စရပ်များကို  ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချူပ်မှူးကြီး စိုးဝင်း နှင့် ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်းစီဒုတိယဉက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊  အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့်အတူ ပထမအတွင်းဝန် Ms. Suchanaree Taranatham လည်းတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။