ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာများ (ဒုတိယအကြိမ်) ထောက်ပံ့ ပေးအပ်

ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာများ (ဒုတိယအကြိမ်) ထောက်ပံ့ ပေးအပ်

နေပြည်တော်၊ ဒီဇင်ဘာ - ၇

        ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူ များနှင့် အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(မန္တလေး)ရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာများ (ဒုတိယအကြိမ်) ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ ရန်အောင်မြင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

        ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အခြေခံပညာ အဆင့် ကျောင်းသား၊ ကျောင်းသူ ၄၉၇ ဦးအတွက် စာရေးကိရိယာများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက အသီးသီး လက်ခံရယူကြသည်။ ယင်းနောက်  တိုင်းမှူးနှင့် တာဝန်ရှိသူများက တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။