နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေး တာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ စိတ်ပျော်ရွှင်ကြည်နူးချမ်းမြေ့စေရန်အတွက် ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များနှင့် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား(MRTV)အဖွဲ့တို့က သွားရောက် ဂုဏ်ပြုဖျော်ဖြေ
နေပြည်တော်၊ ဒီဇင်ဘာ - ၇
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေး ချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို မိဝေးဖဝေး၊ မိသားစုများနှင့် ဝေးကွာစွာဖြင့် နေ့မအား ညမနား ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏ မိသားစုများအပေါ် လွမ်းဆွတ်သတိရ သည့်စိတ်များ ခေတ္တခဏမျှ ပြေပျောက်စေရန်နှင့် စိတ်ပျော်ရွှင်ကြည်နူးစေရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)မှ အဖွဲ့သူ အဖွဲ့သားများက တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရှေ့တန်းစခန်းများနှင့် နယ်မြေခံ တပ်ရင်း ဌာနချုပ်များသို့ အလှည့်ကျသွားရောက်၍ ကိုယ်ချင်းစာစိတ် အပြည့်အဝ ဖြင့် ဂုဏ်ပြုဖျော်ဖြေသီဆို ကပြလျက်ရှိသည်။
ထိုသို့ သွားရောက်ဂုဏ်ပြုသီဆိုကပြဖျော်ဖြေလျက်ရှိရာ ယနေ့တွင် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်နယ်မြေ၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့ရှိ နယ်မြေခံတပ်ရင်း ဌာနချုပ်များသို့ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)မှ အဖွဲ့သူ၊ အဖွဲ့သားများက စစ်ချီတေး၊ စစ်သည် တေးသီချင်းများ၊ ခေတ်ပေါ်နှင့် ခေတ်ဟောင်း တေးသီချင်း များဖြင့် သီဆိုကပြ ဖျော်ဖြေကြရာ တပ်မတော်သားများနှင့် မိသားစုဝင်များက စိတ်လက် ပျော်ရွှင် ကြည်နူးချမ်းမြေ့စွာဖြင့် ကြည့်ရှုအားပေး၍ အချို့စစ်သည်များ နှင့် မိသားစုများက လွတ်လပ်ပေါ့ပါးစွာဖြင့် အတူတကွ ပါဝင်သီဆိုကြသည်။ ထိုကဲ့သို့ လာရောက်သီဆိုဖျော်ဖြေပေးကြသည့် အဖွဲ့သူ၊ အဖွဲ့သားများကို နယ်မြေခံ တပ်မှ တာဝန်ရှိသူများနှင့် မိသားစုဝင်များက ဒေသထွက် လက်ဆောင်ပစ္စည်းများ ပေးအပ်ကြပြီး ဒေသထွက် အစားအစာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။
ယခုကဲ့သို့ လာရောက်ဖျော်ဖြေနေမှုနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက အထူးပင်ဝမ်းသာပျော်ရွှင်လျက်ရှိပြီး ဝမ်းသာပီတိစကားသံများ အား ယခုလိုပဲကြားသိခဲ့ရပါတယ်-
၁။ဗက,..........
ယခုလိုလာရာက် ဖျော်ဖြေပေးတဲ့အတွက် အတိုင်းမသိဝမ်း သာပါတယ်။ ဖျော်ဖြေသွားတဲ့ အစီအစဉ်တွေထဲမှာ စတိတ်ရှိုး အစီအစဉ်အကြိုက်ဆုံးပါပဲ။ ယခုလို ပင်ပန်းနေတဲ့ အချိန်မှာ လာရောက် ဖျော်ဖြေပေးတဲ့အတွက် အများကြီး ဝမ်းသာမိပါတယ်။ ဒီလိုတွေ စီစဉ်ပေးတဲ့ တပ်မတော်အကြီးအကဲတွေ၊ လာရောက်ဖျော်ဖြေပေးကြတဲ့ သူတွေရဲ့ စေတနာ ၊မေတ္တာတွေအတွက်အများကြီး ကျေးဇူးတင်ပါတယ်။
၂။ အမျိုးသမီး
ဒီလိုအချိန်မှာ ဒီလိုမျိုးလာရောက်ဖျော်ဖြေပေးတဲ့အတွက် နိုင်ငံတော်အကြီးအကဲတွေကိုလည်း အများကြီး ကျေးဇူး တင်ပါတယ်။ နောက်ထက်လဲ ဒီထက်မက လာပြီး ဖျော်ဖြေ စေချင်ပါတယ်ရှင်။