မန်ယူအသင်းက ပီအက်ဗွီအသင်းမှ ဂက်စ်ပိုနှင့် ပေါ်တူဂီအသင်းတွင် ခြေစွမ်းပြနေသည့် ဘင်ဖီကာအသင်းမှ ရာမို့စ်တို့ကို ခေါ်ယူရန်စီစဉ်နေ

မန်ယူအသင်းက ပီအက်ဗွီအသင်းမှ ဂက်စ်ပိုနှင့် ပေါ်တူဂီအသင်းတွင် ခြေစွမ်းပြနေသည့် ဘင်ဖီကာအသင်းမှ ရာမို့စ်တို့ကို ခေါ်ယူရန်စီစဉ်နေ

မန်ချက်စတာ၊ ဘောလုံး

မန်ယူအသင်းကလာမည့် ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတွင် အသင်းတိုက်စစ်ပိုင်းအတွက် ကစားသမား အင်အား ဖြည့်တင်းရန် ပြင်ဆင် ထားပြီး ပီအက်စ်ဗွီအသင်းမှ ဂက်စ်ပိုနှင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပေါ်တူဂီအသင်းတွင် ခြေစွမ်းပြနေသည့် ဘင်ဖီကာအသင်းမှ ရာမို့စ်ကိုပါ ခေါ်ယူရန်စီစဉ်နေကြောင်း သိရသည်။

မန်ယူအသင်းသည် လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲ ကာလအတွင်း ဝါရင့်တိုက်စစ်ကစားသမား စီရော်နယ်ဒိုနှင့်လမ်းခွဲမှု ပြုလုပ်ထားသည့် အတွက်လာမည့် ဇန်နဝါရီကစားသမား   အပြောင်းအရွှေ့ကာလတွင် ပြောင်းရွှေ့ကြေးအသုံးစရိတ် စတာလင်ပေါင် သန်း ၁၀၀ ကျော် အသုံးပြုပြီး ကစားသမားသစ်ခေါ်ယူ၍ အင်အားဖြည့်တင်းရန် စီစဉ်နေခြင်းဖြစ်သည်။

ရာမို့စ်သည် ၁၆ သင်းရှုံးထွက်ပွဲစဉ်အဖြစ် ကစား သည့်   ပေါ်တူဂီအသင်းက   ဆွစ်ဇာလန်အသင်းကို ၆ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိသည့် ပွဲစဉ်တွင် စီရော်နယ်ဒို၏နေရာ၌ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ကာ အသင်းအတွက် သုံးဂိုးသွင်းယူပြီး လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ပထမဆုံး  ဟက်ထရစ် သွင်းဂိုးရှင်အဖြစ်ပါ မှတ်တမ်းဝင်ခဲ့သည်။

လက်ရှိတွင် ရာမို့စ်ကို မန်ယူအသင်းအပြင် ဥရောပ အသင်းကြီးများက စောင့်ကြည့်နေသည့်အတွက် ဘင်ဖီကာအသင်းက ပြောင်းရွှေ့ ကြေးကို ယူရို သန်း ၄၀ သတ်မှတ်ထားကြောင်း သိရသည်။  

Ref;Record