နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေး ဆိုင်ရာကိစ္စရပ်များ ရှင်းလင်းပြောကြား

နေပြည်တော် အောက်တိုဘာ ၂၃
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးသည် ယနေ့ မွန်းလွဲ ၂ နာရီတွင် သတင်း မီဒီယာများနှင့် နိုင်ငံတော်သမ္မတအိမ်တော် Press Briefing Room ၌ Physical Distancing သတ်မှတ် ချက်များ နှင့် အညီ တွေ့ဆုံပြီး ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ပြောကြား သည်။
တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဇူလိုင်လမှ စက်တင်ဘာလအတွင်း ကောက်ခံခဲ့သည့် လူထု စစ်တမ်းအရ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အကြမ်းဖက်မှုဖြစ်လာနိုင်သည့် အလားအလာကို ချင်းပြည်နယ်၌ ၈ ရာခိုင်နှုန်း၊ ကချင်ပြည် နယ်၌ ၁၄ ရာခိုင်နှုန်း၊ ကယားပြည်နယ်၌ ၈ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်၌ ၁၄ ရာခိုင်နှုန်း၊ မွန်ပြည်နယ်၌ သုည ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်၌ ၁၃ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ၂ဝ ရာခိုင်နှုန်း၊ ရှမ်း ပြည်နယ်(အရှေ့ပိုင်း)၌ ၂၄ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၌ ၂၆ ရာခိုင်နှုန်း၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ၌ ၁၃ ရာခိုင် နှုန်း၊ တနင်္သာရီတိုင်းဒေသကြီး၌ သုည ရာခိုင်နှုန်း စသည်ဖြင့်ရှိကြောင်း၊ ယင်းမှာ လူထု စစ်တမ်းအရ ရွေးကောက်ပွဲနှင့်ပတ်သက်၍ လက်နက်ကိုင် အဖွဲ့အစည်းများ နှင့်ဆက်စပ်သည့် အကြမ်း ဖက်မှုများ မည်မျှ အထိ ဖြစ်လာနိုင်သည်ဆိုသည့် ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အကြိုကာလ နီးလာသည်နှင့်အမျှ နိုင်ငံရေး ပါတီများ၏ ဆိုင်းဘုတ်များဖျက်ဆီးခံရခြင်း၊ ပြဿနာရှာ အငြင်းပွား မှုဖြစ်ပွားခြင်းများ ရှိကြောင်း၊ လက်ရှိတွင် ရွေးကောက်ပွဲ နီးကပ်လာသည် နှင့်အမျှ ယင်းကဲ့သို့ဖြစ်စဉ်များ ပိုမိုမြင့်မား လာသည်ကို တွေ့ရှိနိုင် ကြောင်း။
နောက်တစ်ခုမှာ ရွေးကောက်ပွဲကို မည်သည့်အရာများက အနှောင့်အယှက်ပေးလာနိုင်သလဲ၊ အခက်အခဲဖြစ် စေနိုင်သလဲဆိုသည့် လူထုစစ်တမ်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် ပြည်သူလူထု၏လွတ် လပ်စွာမဲပေးပိုင်ခွင့် အနေ အထားကို ထိခိုက်နိုင်ခြေနှင့် အနှောင့်အယှက် ပေးလာနိုင်သည့် အခြေအနေမှာ ကိုဗစ်-၁၉ ရောဂါသည် တစ်နိုင်ငံ လုံး၏ ၄၆ ရာခိုင်နှုန်း၊ နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်များကြောင့် ၁၃ ရာခိုင်နှုန်း၊ ဒေသတွင်း မတည်ငြိမ်မှုကြောင့် ၁၃ ရာခိုင်နှုန်း၊ အစိုးရနှင့် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အပေါ် ယုံကြည် မှုမှဖြစ်လာနိုင်သည်မှာ ၇ ရာခိုင်နှုန်း၊ ကြိုတင်မဲပေးသည့် ကိစ္စကြောင့် ၆ ရာခိုင်နှုန်း၊ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး အားနည်းချက်များကြောင့် ၄ ရာခိုင်နှုန်း၊ သတင်းအမှားများ၊ ကောလာဟလများ၊ မဟုတ်မမှန်များ ဖြန့်ချိခြင်းမှာ ၃ ရာခိုင်နှုန်း၊ မဲဆန္ဒရှင်များက ရွေးကောက်ပွဲနှင့်ပတ်သက်၍ သိနားလည်မှု အားနည်းခြင်းမှာ ၃ ရာခိုင်နှုန်း၊ လူမျိုးရေး၊ ဘာသာရေးနှင့်ပတ်သက်သည့် အနှောင့်အယှက်များကြောင့် ၃ ရာခိုင်နှုန်း၊ မဲစာရင်း မမှန်ကန်မှုကြောင့် ၂ ရာခိုင်နှုန်း အနှောင့် အယှက်ဖြစ်နိုင်သည်ဟု သဘောထား ပေးကြောင်း၊ ယင်းမှာ စက်တင် ဘာလ အထိ စစ်တမ်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ အခြားကိစ္စများ အနည်းငယ်များ ပြား လာသည်ကို တွေ့ရှိရကြောင်း၊ ဥပမာအနေဖြင့် သတင်းအမှားများနှင့် ကောလာဟလလုပ်ကြံမှုများကြောင့် ၃ ရာခိုင်နှုန်း၊ လူမျိုးရေး၊ ဘာသာရေးကိစ္စ များကြောင့် ၃ ရာခိုင်နှုန်းဟု စစ်တမ်းတွင်တွေ့ရသော်လည်း ယခုနောက်ပိုင်း ပိုမို မြင့်မားလာသည်ကို တွေ့ရှိရကြောင်း။
ယခုကဲ့သို့ ဖြစ်စဉ်များ များပြားလာသည့်အတွက် နိုင်ငံတော် သမ္မတရုံးက အမိန့် ထုတ်ပြန်ထားကြောင်း၊ အထူး သဖြင့် တင်ပြလိုသည်မှာ အပိုဒ်(၃)ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးများကို ပုံစံ အမျိုးမျိုးဖြင့် အကြမ်း ဖက်ခြင်း၊ ခြိမ်း ခြောက်ခြင်း၊ နှောင့်ယှက်ခြင်းများ၊ အသွင် အမျိုးမျိုးဖြင့် ဘာသာရေး၊ လူမျိုးရေးကို အကြောင်း ပြု၍ စည်းရုံးခြင်း၊ ဆူပူမှုဖြစ် အောင်ဖန်တီးခြင်း၊ ရပ်ရွာအေးချမ်း သာယာရေး ပျက်ပြားအောင်ကြံ ဆောင်ခြင်းများ စသည့် တရားမဲ့ပြုကျင့်မှုများဖြစ်ပေါ်လာပါက သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များက တည်ဆဲဥပဒေဖြင့် ထိရောက်စွာ အရေးယူရန် ပြောထားပြီးဖြစ်ကြောင်း။
ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ ပြီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ စတုတ္ထ အစည်း အဝေးတွင် ပြည်ထောင်စုသဘောတူ စာချုပ်အစိတ်အပိုင်း(၃)ကို သြဂုတ် ၂၁ ရက်တွင်ချုပ်ဆို ခဲ့ကြောင်း၊ ယင်းစာချုပ်တွင်အစိတ်အပိုင်း (၃)ပိုင်း ပါဝင်ကြောင်း၊ အပိုင်း(၁) အနေဖြင့် NCA အကောင်အထည်ဖော်မှု ဆိုင်ရာ မူဘောင် သဘောတူညီချက်ဖြစ်ကြောင်း၊ သဘောတူညီချက်စုစုပေါင်း ၁၅ ချက် ပါဝင်ကြောင်း၊ NCA စာချုပ်ကို လက်တွေ့အကောင်အထည်ဖော်သည့် အခါ တွေ့ကြုံခဲ့ရသည့် အခက်အခဲများကို ကျော်လွှားနိုင်ရန် အတွက် ညှိနှိုင်းထားသည့် ညှိနှိုင်းချက် များပါဝင်ကြောင်း၊ ယင်းကိစ္စ ရပ်များကို ပြီးခဲ့သည့် NCA နှစ်ပတ် လည်တွင် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် NRPC ဥက္ကဋ္ဌ ၏ မိန့်ခွန်းတွင် မည်သည့် အခက်အခဲများ ကြုံတွေ့ ခဲ့ရသည်ကို ပြောကြား ထားပြီးဖြစ်ကြောင်း၊ ယင်းတို့ကို ကျော်လွှားရန်အတွက် သဘောတူခဲ့သည့် သဘော တူည ီချက်များ ပါင်ကြောင်း၊ NCA ဆွေးနွေးစဉ်တွင်ပါဝင် ခဲ့ခြင်းမရှိခဲ့သည့် အကောင်အထည်ဖော်မှု ဆိုင်ရာ သဘောတူ ညီချက်များ၊ ယန္တရားများ၊ မည်သို့အကောင်အထည်ဖော်မည် ဆိုသည့်အချက်များ ပါဝင်ကြောင်း။
စာချုပ်၏ အပိုင်း(၂)အနေဖြင့် ၂ဝ၂ဝအလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက်အကောင် အထည် ဖော်မှုများ (ဇယား-၁)ပါဝင်ကြောင်း၊ အဓိက အနေဖြင့် ဒီမိုကရေစီဖက်ဒရယ် တည်ဆောက်ရေး အဆင့်သုံးဆင့်နှင့် နိုင်ငံရေး သဘောတူညီ ချက်အကောင်အထည်ဖော်မှုဆိုင်ရာ အဆင့် သုံးဆင့် ပါဝင်ကြောင်း၊ ဒုတိယအချက်အနေ ဖြင့် ခေါင်းစဉ် စုစုပေါင်း ရှစ်ခုပါဝင်ကြောင်း၊ ဖက်ဒရယ် တည်ဆောက်ရေး၊ အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေး၊ စီးပွား ရေးနှင့် ဖွံ့ဖြိုး ရေး၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ပိုင်ခွင့်များ၊ မြေယာသယံဇာတ၊ ဒီမိုကရေစီ တည်ဆောက် ရေး၊ လူမှုသဟဇာတဖြစ်ရေး၊ လုံခြုံရေး ဆိုင်ရာပြန်လည်ပေါင်းစည်းရေး NCAအပိုဒ် ၃ဝနှင့် အညီဆိုပြီး သဘော တူထားခြင်းဖြစ်ကြောင်း၊ တတိယအချက် အနေဖြင့် ယင်းအပိုင်းသည် ၂ဝ၂ဝ အလွန်မည်သည့်အစိုးရ တက်လာ သည်ဖြစ်စေ အဆင်သင့် ဆက်လက်အကောင်အထည် ဖော်နိုင်မည့် အဆင့်လိုက် လုပ်ငန်းစဉ်များ ဖြစ်သည်ကို တွေ့ရှိနိုင် မည်ဖြစ်ကြောင်း။
စာချုပ်၏ အပိုင်း(၃)မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန် အခြေခံမူသဘောတူညီချက်ဖြစ်ကြောင်း၊ ငါးချက်ပါဝင်ကြောင်း၊ ပြည်နယ် Constitution ကိစ္စအား ဆက်လက်ဆွေးနွေးသွားရန်ရှိကြောင်း၊ အနာဂတ်တွင် ပေါ်ထွန်းလာမည့် ပြည်ထောင်စုအတွက် မျှော်မှန်း ချက်၊ အနာဂတ် Vision များဖြစ်ကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသားအားလုံး အတူတကွတည် ထောင်မည့် မည်ကဲ့သို့သော ပြည်ထောင်စု ဆိုသည်ကို ယခုအပိုင်းမှ ပုံဖော်ထားခြင်းဖြစ်ကြောင်း၊ ယင်းတို့သည် ၂ဝ၂ဝ အလွန် ဆက်သွားမည့်လုပ်ငန်းစဉ်တွင် ပထမလုပ်ငန်း စဉ်အဖြစ် အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောကြား ထားပြီး ဖြစ်ကြောင်း၊ ဒုတိယလုပ်ငန်းစဉ်နှင့် တတိယလုပ်ငန်းစဉ်တို့ကိုလည်း ပြောကြားထားပြီးဖြစ်ကြောင်း၊ ယင်းပြော ကြား ချက်များ ကိုအခြေခံပြီး လုပ်ငန်းစဉ်(၃)ရပ်ကို ၂ဝ၂ဝ အလွန်တွင် မည်သည့်ပုံစံဖြင့်သွားမည်ကို State Counsellor Page နှင့် NRPC Pageတို့တွင် ဖော်ပြထားပြီးဖြစ်ကြောင်း။
လုပ်ငန်း(၁)အနေဖြင့် Cease Fire အပိုင်း ဖြစ်ကြောင်း၊ Cease Fire အပိုင်းတွင် NCA မထိုးရသေးသည့် အဖွဲ့များနှင့် Cease Fire ရရှိရန် ထိုးပြီးသားအဖွဲ့များနှင့်ခိုင်မာ သည့် Cease Fire ရရှိရန် အားလုံးပါဝင် ရေးနှင့်ဒေသန္တရဖွံ့ဖြိုးရေးတို့ ပါဝင်ကြောင်း၊ ဒုတိယလုပ်ငန်းစဉ်အနေဖြင့် ပြည်နယ် အခြေခံဥပဒေနှင့် လွှတ်တော် နှစ်ရပ် ကိစ္စဖြစ်ကြောင်း၊ မိမိတို့အနာဂတ်တွင် လွှတ်တော် နှစ်ရပ်ထားရေး သို့မဟုတ် သုံးရပ်ထားရေး ကိစ္စဖြစ် ကြောင်း၊ ယခုတွင် လွှတ်တော်သုံးရပ် သဘောမျိုးဖြစ်နေသည်ကို တွေ့နိုင်ကြောင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် ကိုပေါင်း၍ ပြည်ထောင်စုလွှတ်တော်လုပ် ထားကြောင်း၊ တိုင်းရင်းသားများကို ကိုယ်စား ပြုသည့် အမျိုးသားလွှတ်တော်က မဲခွဲတိုင်းတွင် လူဦးရေ အရ အသာစီးမရကြောင်း၊ ထို့ကြောင့် လွှတ်တော် တစ်ရပ်ချင်းကို လုပ်ပိုင်ခွင့်၊ ပြဋ္ဌာန်းခွင့်တိတိကျကျပေးမည့် ကိစ္စကို ဆက်လက်ဆွေးနွေးသွားရန်ရှိ ကြောင်း၊ နောက်တစ် ချက်မှာ Political Frame Work ပြင်ရန်ရှိကြောင်း၊ ၂ဝ၂ဝ အလွန် အဆင့်လိုက် လုပ်ငန်းစဉ် အဆင့်လိုက် အကောင်အထည်ဖော်မှုကို အသေးစိတ် ဆက်သွားမည့် (ဇယား-၂)နှင့် နိုင်ငံရေးနှင့် လုံခြုံရေး အကြား ဟန်ချက်ညီအောင် ဆောင်ရွက်ရန်လုပ်ငန်းစဉ်များရှိကြောင်း၊ တတိယလုပ်ငန်းစဉ်မှာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်သည့်အခါ ယင်းသဘောတူညီချက်များဖြင့် ပြင်ဆင်သွားမည် ဖြစ်ကြောင်း၊ ပြည်နယ် များ၏ အခြေခံ ဥပဒေ ရေးဆွဲသည့်အခါ မည်သို့ရေးဆွဲသွားမည် ကို ဆက်သွားမည်ဖြစ်ကြောင်း၊ ပြည်နယ် များ၏ နိုင်ငံရေး အခွင့်အရေးနှင့်လုံခြုံရေး ဆိုင်ရာပြန်လည်ပေါင်းစည်းရေးကို ဟန်ချက် ညီအောင်သွားရန် ရှိကြောင်း၊ ယင်းကိစ္စရပ် များနှင့်ပတ်သက်၍ ၂ဝ၂ဝ အလွန် ငြိမ်းချမ်းရေး အစီအစဉ် အသစ်အားလုံး ခုနစ်ချက်ပါ ရှိကြောင်း။
၂ဝ၂ဝ အလွန်ငြိမ်းချမ်းရေးအစီအစဉ် အသစ် စုစုပေါင်းခုနစ်ချက် ပါရှိကြောင်း၊ Dialogue Structure များကို ပြင်ဆင်ရန် ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ် စဉ်များတွင်ပါဝင်နေသည့် Mechanisms၊ Institution အပိုင်းများကို မည်သို့ပြန်သွား မည်ကိုလုပ်ဆောင်သွားရန်ရှိကြောင်း၊ ပညာရှင်များ၊ အကြံပေးများ၏ အခန်း ကဏ္ဍတွင် Dialogue ၊ နိုင်ငံရေးပိုင်း၊ တပ်ပိုင်းတို့တွင် မည်သို့လုပ်ဆောင်မည်ကို ညှိနှိုင်းဆောင်ရွက် သွားရန် ရှိကြောင်း၊ နောက်တစ်ခုမှာ အားလုံး ပါဝင်မှုဖြင့် NCA အရ ပူးတွဲပိုင်ဆိုင်မှု အပေါ်တွင် မည်သို့ပူးတွဲ ဆောင် ရွက် သွားမည်ကို ဆက်လက်လုပ်ဆောင်သွား ရန်ရှိကြောင်း၊ Dialogue အခင်းအကျင်း မှာ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို လက်တွေ့ကျကျ ပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ Peace Process တစ်ခုလုံးကို ပြင်ဆင် သွား မည်ဖြစ် ကြောင်း၊ ထိုသို့ပြင်ဆင်ရာတွင် ပါဝင်နေသည့် Stakeholder အားလုံး၏ သဘောထား အကြံပေး ချက်များကို ရယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လတ်တလောငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွင် ထဲထဲဝင်ဝင် ပါဝင်နေသူ များ၏ဖြစ်စဉ်များအပေါ် မိမိတို့အနေဖြင့် အားသာချက်အားနည်းချက်များကို ပြန်လည် သုံးသပ်လုပ်ဆောင် နေကြောင်း။
ထို့ပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပြင်ပမှ လူများ၏ အမြင် သဘောထားများ ကိုလည်း ရယူနေကြောင်း၊ Review Process တစ်ခုလုံး ကို လက်ရှိအစိုးရအနေဖြင့် ဆောင်ရွက်နေ ကြောင်း၊ Review Process ပြီးလျှင် တစ်ချိန် ထဲမှာ EAOs ၊နိုင်ငံရေး ပါတီများ၊ CSO များ နှင့် မိမိတို့ပြန် တွေ့ပြီး အမြင်ချင်းဖလှယ်၍ နောက်ဆုံး မည်သည့် ပုံစံဖြင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ယခုလုပ်ငန်းစဉ် (၃)ရပ်ဖြင့်ဆောင် ရွက်မည်ဆိုသည်ကို ညှိနှိုင်းသွားရန်ရ ှိကြောင်း။
ပြန်ကြည့်လိုက်လျှင် မိမိတို့နိုင်ငံ လွတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ်ကတည်းက EAOs ငါးဖွဲ့က ပေါ်နေပြီဖြစ် ကြောင်း၊ ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီ တက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးပွဲ မအောင် မြင်ခဲ့ကြောင်း၊ နောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် သဘောတူညီချက်ရပြီး လက်နက်များ ဖျက်သိမ်း ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ်အထိ အတောအတွင်းတွင် EAOs ၄ဝ နှင့် သဘော တူညီချက် ရရှိခဲ့ကြောင်း၊ ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အတွင်း EAOs ၁၅ ဖွဲ့နှင့် Bilateral သဘော တူညီချက် များ ရေးထိုး ခဲ့ကြောင်း။
ယင်းနောက် NCA ပေါ်လာပြီး NCA ကို အဖွဲ့ရှစ်ဖွဲ့ လက်မှတ်ရေးထိုးကြောင်း၊ ထို့နောက် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်ရေးဆွဲခဲ့ကြောင်း၊ ထို့နောက် ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ (၁)ကြိမ် ကျင်းပပြီး စာတမ်းဖတ်ပွဲများပြုလုပ်နိုင်ခဲ့ကြောင်း၊ လက်ရှိအစိုးရလက်ထက် ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း NCA တွင် နောက်ထပ် နှစ်ဖွဲ့ ပါဝင်လာကြောင်း၊ မြောက်ပိုင်းအဖွဲ့များနှင့် ပူးတွဲကြေညာချက် ထုတ်ပြီး ဆက်လက် ဆွေးနွေးသည့် အဆင့် ရောက်ရှိလာကြောင်း၊ KNPP နှင့်လည်း ပူးတွဲကြေညာချက် ထုတ်ပြန် နိုင်ခဲ့ကြောင်း၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို (၁၂)ကြိမ်ပြင်ခဲ့ရကြောင်း၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (၇)ကြိမ်၊ CSO ဖိုရမ် (၂)ကြိမ်၊ ၂၁ ရာစုပင်လုံ (၄)ကြိမ်ကျင်းပခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ် (၃)ပိုင်းရရှိ ခဲ့ကြောင်း၊ ထို့ပြင် ၂ဝ၂ဝ အလွန်ဆက် သွားမည့် လုပ်ငန်းစဉ်တစ်ရပ် ပေါ်ထွက်လာကြောင်း၊ အပေါ်တွင် တင်ပြခဲ့ သည့် အတိုင်း လုပ်ငန်းစဉ် (၃)ရပ်ဖြင့် ဆက်သွားမည်ဖြစ် ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပ တ်သက်ပြီး လတ်တလော အလွတ်သဘော အစည်းအဝေးများ၊ ညှိနှိုင်းမှုများ၊ ဃြဗ၊ နဗဥျ ဆွေးနွေး နေပြီး အခြားအဖွဲ့များနှင့်လည်း မည်သို့ ဆက်သွားမည်ကို ညှိနှိုင်းဆောင်ရွက်နေ ကြောင်း၊ ၂ဝ၂ဝ အလွန်ငြိမ်းချမ်းရေးအစီ အစဉ်သစ်တစ်ရပ် ချမှတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သတင်း မီဒီယာများ၏ မေးခွန်းများကို ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြန်လည်ရှင်းလင်း ဖြေကြားသည်။
မျိုးသွင်ကျော်