ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ (ဒုတိယအကြိမ်) ထောက်ပံ့ပေးအပ်

ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ (ဒုတိယအကြိမ်) ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဒီဇင်ဘာ - ၁၀

        ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူ များအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ (ဒုတိယအကြိမ်) ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

        ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အခြေခံပညာ အဆင့် ကျောင်းသား၊ ကျောင်းသူ ၃၃၀ ဦးအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ အား တိုင်းမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများ က အသီးသီးလက်ခံရယူကြသည်။

        အလားတူ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးနှင့် တပ်ရင်း/ တပ်ဖွဲ့များ၌လည်း အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၁၈၂၃ ဦးအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများအား သက်ဆိုင်ရာတာဝန်ရှိသူများက ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။