၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်း ဒေသကြီး (အလွတ်တန်းဖိတ်ခေါ်)ဘော်လီဘော(အမျိုးသား/အမျိုးသမီး)ကွာတားဖိုင်နယ် ပွဲစဉ်များ ဆက်လက် ကျင်းပ
နေပြည်တော် ဒီဇင်ဘာ ၁၀
၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ကွာတားဖိုင်နယ် ပွဲစဉ်များကို ယနေ့နံနက်၈ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ကျင်းပသည်။
ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဘော်လီဘော (အမျိုးသမီး)ကွာတားဖိုင်နယ် ပွဲစဉ်များတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီး အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ မကွေးတိုင်းဒေသကြီး အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အသင်းက မွန်ပြည်နယ်အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အသင်းက ပဲခူးတိုင်းဒေသကြီး အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ ဘော်လီဘော(အမျိုးသား)ကွာတားဖိုင်နယ်ပွဲစဉ်များတွင် ကရင်ပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီး အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အသင်းက ကယားပြည်နယ် အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အသင်းက မွန်ပြည်နယ်အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ရှမ်းပြည်နယ်အသင်းကို ၃ ပွဲ ၂ ပွဲဖြင့် လည်းကောင်း အနိုင်ရရှိခဲ့ကြကြောင်း သိရသည်။