နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) U-18 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ တက်ရောက်ကြည့်ရှု

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) U-18 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ တက်ရောက်ကြည့်ရှု အားပေး

နေပြည်တော် ဒီဇင်ဘာ  ၁၀

မြန်မာ့ဘောလုံး အားကစားလောက အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်(အမျိုးသမီး) ဘောလုံး အားကစားသမား များစွာပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့်   မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား  ပြည်နယ်နှင့် တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) U-18 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ အုပ်စုရှုံးထွက် ပွဲစဉ်များကိုယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့်  ကွင်းအမှတ်(၃)တို့၌ ဆက်လက်ကျင်းပသည်။

ပြိုင်ပွဲသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသော   Jeng Phang နော်တောင်၊  ဒေါက်တာဗညားအောင်မိုးနှင့်ဇနီး၊  စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့်  ဘောလုံး အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးကြသည်။

့-၁၈(အမျိုးသမီး)ဘောလုံးပြိုင်ပွဲ အုပ်စုရှုံးထွက်ပွဲစဉ်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)၌   စစ်ကိုင်းတိုင်းဒေသကြီး အသင်းက မန္တလေးတိုင်းဒေသကြီး အသင်းကို   ၂ ဂိုး ၁ ဂိုးဖြင့် လည်းကောင်း၊  လေ့ကျင့်ရေး ကွင်းအမှတ်(၃)၌  ရန်ကုန်တိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို  ၄ ဂိုး ၂ ဂိုးဖြင့် လည်းကောင်း  အနိုင်ရရှိခဲ့ကြသည်။

ဒီဇင်ဘာ ၁၁ ရက်တွင် ပြိုင်ပွဲတစ်ရက် နားမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၂ ရက် ညနေ ၃ နာရီမှစတင်၍   U-18 (အမျိုးသမီး) ဘောလုံး ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေး ကွင်းအမှတ်(၁)၌   ဧရာဝတီတိုင်း ဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အသင်း၊ လေ့ကျင့်ရေးကွင်းအမှတ်  (၃)၌ ရှမ်းပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီး အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်၍ မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း   သိရှိရသည်။