မော်ရိုကိုအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ဆီမီးဖိုင်နယ်အဆင့် တက်ရောက်နိုင်သည့် ပထမဆုံးအာဖရိက အသင်းအဖြစ် စံချိန်သစ်တင်

မော်ရိုကိုအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ဆီမီးဖိုင်နယ်အဆင့် တက်ရောက်နိုင်သည့် ပထမဆုံးအာဖရိက အသင်းအဖြစ် စံချိန်သစ်တင်

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်အဖြစ်ကစားသည့် မော်ရိုကိုအသင်းနှင့် ပေါ်တူဂီအသင်းတို့ပွဲစဉ်တွင်  မော်ရိုကိုအသင်းက  ၁ ဂိုး-ဂိုးမရှိဖြင့်  အနိုင်ရရှိပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက်  ဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်နိုင်သည့်  ပထမဆုံးအာဖရိကအသင်းအဖြစ် စံချိန်သစ်စိုက်ထူနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် ပေါ်တူဂီအသင်းက ပွဲချိန်တစ် လျှောက်လုံး   ခြေစွမ်းပိုင်းအသာစီးဖြင့် ဖိအားပေးကစားနိုင်ခဲ့သော်လည်း ပွဲချိန် ၄၂ မိနစ်တွင် သွင်းယူသည့် အင်နက်ဆရီ၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် ပေါ်တူဂီအသင်းကို  အနိုင်ရရှိပြီး ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်ထိ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဖရိက အသင်းများအနေဖြင့် အမြင့်ဆုံးအောင်မြင်မှုအဖြစ် ကွာတားဖိုင်နယ်အဆင့်သာ    တက်ရောက်နိုင်ခဲ့ပြီး ဂါနာအသင်း၊ ကင်မရွန်းအသင်းနှင့် ဆီနီဂေါအသင်း တို့လည်း   ကွာတားဖိုင်နယ်အဆင့် တက်ရောက်ခဲ့သော်လည်း  ဆီမီးဖိုင်နယ်အဆင့်တက်ရောက်နိုင် ခြင်းမရှိဘဲ  မော်ရိုကိုအသင်းက  ပထမဆုံးတက်ရောက်နိုင်သည့်အသင်းဖြစ်လာခြင်း ဖြစ်သည်။

မော်ရိုကိုအသင်းသည်  အုပ်စုအဆင့်တွင်လည်း ခရိုအေးရှားအသင်း၊ ဘယ်လ်ဂျီယံအသင်း၊ ကနေဒါ အသင်းတို့နှင့် ကျရောက်ခဲ့ပြီး  ဘယ်လ်ဂျီယံအသင်း ကိုကျော်ဖြတ်ကာ အုပ်စုပထမဖြင့် ရှုံးထွက်အဆင့် သို့တက်ရောက်နိုင်ခဲ့ပြီး   ၁၆ သင်းရှုံးထွက်အဆင့် တွင်လည်း စပိန်အသင်းနှင့်ကစားခဲ့ရာတွင် ပယ်နယ် တီအဆုံးအဖြတ်ဖြင့်  အနိုင်ရရှိခဲ့ကာ  ကွာတားဖိုင် နယ်အဆင့်သို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ကွာတားဖိုင်နယ် အဆင့်တွင်လည်း   ပေါ်တူဂီ အသင်းကို အနိုင်ရရှိခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်း တစ်လျှောက် ဆီမီးဖိုင်နယ်အဆင့်တက်ရောက်နိုင်သည့် ပထမဆုံးအာဖရိကအသင်းအဖြစ် စံချိန်တင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

Ref;Dailymail