ကမ္ဘာ့ဖလား ပြိုင်ပွဲသမိုင်းတစ်လျှောက် အဝါကတ်အများဆုံးပြသခံခဲ့ရသည့်ပွဲစဉ်အဖြစ် အာဂျင်တီးနား အသင်းနှင့် နယ်သာလန်အသင်းတို့ ပွဲစဉ်မှတ်တမ်းဝင်

ကမ္ဘာ့ဖလား ပြိုင်ပွဲသမိုင်းတစ်လျှောက် အဝါကတ်အများဆုံးပြသခံခဲ့ရသည့်ပွဲစဉ်အဖြစ် အာဂျင်တီးနား အသင်းနှင့် နယ်သာလန်အသင်းတို့ ပွဲစဉ်မှတ်တမ်းဝင်

ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် အဝါကတ် အများဆုံးပြသခံခဲ့ရသည့်ပွဲစဉ်အဖြစ် ၂၀၂၂ ကမ္ဘာ့ ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ်ကစားသည့် အာဂျင်တီးနားအသင်းနှင့်   နယ်သာလန်အသင်းတို့ ပွဲစဉ်က မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် ထိပ်တန်းနှစ်သင်းတွေ့ဆုံသည့် ပွဲစဉ်ဖြစ်သည်နှင့်အညီ အပြန်အလှန်ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့ကာ ပွဲချိန်အတွင်း နှစ်ဖက် အသင်းကစားသမားများ    မကြာခဏ အချင်းများမှု ဖြစ်ပွားခဲ့ကြသည့်အတွက် ကွင်းလယ်ဒိုင်လူကြီး မီဂွယ် လာဟို့ဇ်က    အဝါကတ်အများအပြားအသုံးပြုကာ ထိန်းချုပ်ခဲ့ရပြီး ပွဲချိန်အတွင်း စုစုပေါင်း အဝါကတ် ၁၈ ကတ်အထိ အသုံးပြုခဲ့ရခြင်းဖြစ်သည်။

အဆိုပါပွဲစဉ်တွင် မက်ဆီအပါအဝင် ပွဲထွက်ကစား ခဲ့သည့် ကစားသမားအများစုမှာ အဝါကတ်ပြသခံခဲ့ ရသည့်အပြင်   နယ်သာလန်အသင်းမှ  ဒမ်းဖရိုဒ်က ပွဲချိန် ၁၂၈ မိနစ်တွင် နှစ်ဝါ တစ်နီဖြင့် ထုတ်ပယ်ခံခဲ့ ရသည့်အတွက်   စုစုပေါင်းအဝါကတ် ၁၈ ကြိမ်အထိ ရှိခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်    အဝါကတ် အများဆုံးပွဲစဉ်အဖြစ် အာဂျင်တီးနားအသင်းနှင့် နယ်သာလန်အသင်းတို့ ပွဲစဉ်မတိုင်မီက ၂၀၀၆ ကမ္ဘာ့ ဖလားပြိုင်ပွဲတွင် နယ်သာလန်နှင့် ပေါ်တူဂီအသင်းတို့ ပွဲစဉ်၌ ၁၆ ကြိမ်အထိရှိခဲ့ပြီး ယခုအခါ အဆိုပါစံချိန် ကိုကျော်လွန်ကာ    စံချိန်သစ်တင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။                             

Ref;Opta