ဘားအံမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ကစားသမားရွေးချယ်ပွဲကျင်းပ

ဘားအံမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ကစားသမားရွေးချယ်ပွဲကျင်းပ

ကရင်ပြည်နယ်    ဘားအံမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား အားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ  အားကစားပြိုင်ပွဲ ကျင်းပနိုင်ရေးကစားသမားရွေးချယ်ပွဲကို    ဒီဇင်ဘာ  ၁၁  ရက်တွင်  ဘားအံမြို့ အောင်သံလွင်အားကစားကွင်း၌ ကျင်းပကြောင်း သိရသည်။

ပြိုင်ပွဲတွင်    ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၃)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်၊ တာတို၊  တာဝေး(လက်ဆင့်ကမ်း)၊ အလျားခုံ၊ အမြင့်ခုံ၊ သုံးဆင့်ခုန်ကစားနည်းများကို ဝင်ရောက် ယှဉ်ပြိုင်ကြကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို   မျိုးဆက်သစ်အား  ကစားသမားကောင်းများပေါ်ပေါက်လာ စေရန်၊  မြို့နယ်ကိုယ်စားပြု၊  ပြည်နယ်ကိုယ်စားပြုမှသည် နိုင်ငံကိုယ်စားပြု အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်၊ ကျန်းမာကြံ့ခိုင်သော လူငယ်၊ လူရွယ်များ ဖြစ်လာစေရန်နှင့် မျိုးဆက်သစ်လူငယ်လက်ရွေးစင် အားကစားသမားများ ဖြစ်လာစေရန်   ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။            

  ချမ်းမြေ့