ဒီဇင်ဘာလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ကမ္ဘာ့အဆင့်(၄ ) အာရှအဆင့်(၉)နှင့် အာဆီယံအဆင့်(၃)နေရာ၌ ရပ်တည်

ဒီဇင်ဘာလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ကမ္ဘာ့အဆင့်(၄ ) အာရှအဆင့်(၉)နှင့် အာဆီယံအဆင့်(၃)နေရာ၌ ရပ်တည်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ဒီဇင်ဘာလအတွက်   လက်ရွေးစင်အမျိုးသမီးအသင်းများ၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက်များကို    ထုတ်ပြန်ကြေညာခဲ့ရာတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေဖြင့်   ကမ္ဘာ့အဆင့် (၄၈)၊ အာရှအဆင့်(၉)နှင့် အာဆီယံအဆင့်(၃)နေရာ ၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ပြီးခဲ့သည့် သြဂုတ်လက ကျင်းပသည့် အာဆီယံအမျိုးသမီး   ချန်ပီယံရှစ်ပြိုင်ပွဲအပြီးတွင် နိုင်ငံတကာပွဲစဉ်များကစားခဲ့ ခြင်းမရှိသော်လည်း ကမ္ဘာ့အဆင့်သတ်မှတ် ချက်တွင်     အဆင့်ကျဆင်းခြင်းမရှိဘဲ ဒီဇင်ဘာလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ရမှတ် ၁၅၁၇ မှတ်ရရှိပြီး အဆင့် (၄၈) နေရာ၌ ရပ်တည်နိုင်ခဲ့သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ဒီဇင်ဘာလအတွက်  လက်ရွေးစင်အမျိုးသမီးအသင်းများ၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက်များအရ အာရှဇုန်အတွက် မြောက် ကိုရီးယားအသင်းက  ကမ္ဘာ့အဆင့် (၁၀)နှင့် အာရှအဆင့်(၁)၊  ဂျပန်အသင်းက ကမ္ဘာ့အဆင့်(၁၁)နှင့် အာရှအဆင့် (၂)၊ သြစတြေးလျအသင်းက ကမ္ဘာ့အဆင့် (၁၂)နှင့် အာရှအဆင့်(၃)၊ တရုတ်အသင်းက ကမ္ဘာ့အဆင့် (၁၄) နှင့် အာရှအဆင့်(၄)၊ တောင်ကိုရီးယားအသင်းက ကမ္ဘာ့အဆင့်(၁၅) နှင့် အာရှအဆင့်(၅)၊ ဗီယက်နမ်အသင်းက ကမ္ဘာ့အဆင့်(၃၄) နှင့် အာရှအဆင့်(၆)၊ တရုတ်(တိုင်ပေ) အသင်းက ကမ္ဘာ့အဆင့် (၃၉) နှင့် အာရှအဆင့်(၇)၊ ထိုင်းအသင်းက ကမ္ဘာ့အဆင့် (၄၁) နှင့် အာရှအဆင့်(၈)၊ မြန်မာအသင်းက  ကမ္ဘာ့အဆင့်(၄၈) နှင့် အာရှအဆင့်(၉)နှင့် ဥဇဘတ်ကစ္စတန်အသင်းက ကမ္ဘာ့အဆင့်(၄၉) နှင့်  အာရှအဆင့် (၁၀)  နေရာ၌ ရပ်တည်ခဲ့ကြသည်။

အလားတူ အာဆီယံဇုန်၌ ဒီဇင်ဘာလအတွက်     အဆင့်သတ်မှတ်ချက်တွင်အပြောင်းအလဲမရှိခဲ့ဘဲ ဗီယက်နမ်အသင်းက အဆင့်(၁)၊ ထိုင်းအသင်းက အဆင့်(၂)၊ မြန်မာအသင်းက အဆင့်(၃)၊ ဖိလစ်ပိုင်အသင်းက အဆင့်(၄)၊  လာအိုအသင်းက အဆင့်(၅)၊ မလေးရှားအသင်းက အဆင့်(၆)၊  အင်ဒိုနီးရှားအသင်းက အဆင့်(၇)၊   ကမ္ဘောဒီးယားအသင်းက  အဆင့်(၈)၊ စင်ကာပူအသင်းက အဆင့်(၉)နှင့် တီမောအသင်းက အဆင့်(၁၀)နေရာ၌ ရပ်တည်နေကြောင်း သိရသည်။           

STA