(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ ဗဟိုလမ်း၊ မြို့သစ်ရပ်ကွက်ရှိ ငုရွှေဝါလမ်းနှင့် မင်္ဂလာလမ်း နိုင်လွန်ကတ္တရာလမ်းများ ဖွင့်ပွဲပြုလုပ်

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ ဗဟိုလမ်း၊ မြို့သစ်ရပ်ကွက်ရှိ ငုရွှေဝါလမ်းနှင့် မင်္ဂလာလမ်း နိုင်လွန်ကတ္တရာလမ်းများ ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ - ၁၂

          (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက် ဗဟိုလမ်းနှင့် မြို့သစ်ရပ်ကွက်၊ ငုရွှေဝါလမ်း၊ မင်္ဂလာလမ်းတို့ရှိ နိုင်လွန်ကတ္တရာ လမ်းများ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ နေရာအသီးသီး၌ ပြလုပ်ကြရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်သန်းထိုက်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လမ်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး နှင့် တာဝန်ရှိသူများက နိုင်လွန်ကတ္တရာလမ်းများအား အသီးသီး ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။