အများသိစေရန် ကြေညာခြင်း

အများသိစေရန် ကြေညာခြင်း

၁။    ၂၀၂၂ ခုနှစ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၂)၊ (၅၄/၂၀၂၂)၊ (၆၃/၂၀၂၂)၊ (၂၁၁/၂၀၂၂)၊ (၂၁၂/၂၀၂၂)၊ (၂၁၃/၂၀၂၂)၊ (၂၁၄/၂၀၂၂)၊ (၂၁၅/၂၀၂၂)၊ (၂၁၈/၂၀၂၂)၊ (၂၁၉/၂၀၂၂)၊ (၂၂၀/၂၀၂၂)၊ (၂၂၁/၂၀၂၂)တို့ဖြင့် အဂ္ဂမဟာသီရိသုဓမ္မဘွဲ့၊ သတိုးသီရိသုဓမ္မဘွဲ့၊ အဂ္ဂမဟာသရေစည်သူဘွဲ့၊ သတိုးမဟာသရေစည်သူဘွဲ့၊ မဟာသရေစည်သူဘွဲ့၊ သရေစည်သူဘွဲ့၊ စည်သူဘွဲ့၊ သူရဘွဲ့၊ သီရိပျံချီဘွဲ့၊ ဇေယျကျော်ထင်ဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့၊ အလင်္ကာကျော်စွာဘွဲ့၊ သိပ္ပကျော်စွာဘွဲ့စသည့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့များကို ချီးမြှင့်ခဲ့ပြီး ဖြစ်ပါသည်။

၂။  အထက်ပါ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသူများအား (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ချီးမြှင့်မည်ဖြစ်ရာ ကိုယ်တိုင်သော် လည်းကောင်း ၊ မိသားစုဝင်တစ်ဦးမှ ကိုယ်စားသော်လည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို့ တက်ရောက် နိုင်ရေးနှင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့ ဗိုလ်ရှုခံတွင် ကျင်းပမည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားနှင့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်နိုင်ရေး ဖိတ်ကြား ဆောင်ရွက်လျက်ရှိပါသည်။

၃။    အဆက်အသွယ်ရရှိခြင်း မရှိသေးသည့် ဘွဲ့ရရှိသူ ကိုယ်တိုင် (သို့မဟုတ်) ကိုယ်စား တက်ရောက်မည့် မိသားစုဝင်တစ်ဦးမှ သက်ဆိုင်ရာအခမ်းအနားများအလိုက် (၂၀-၁၂-၂၀၂၂) ရက် နေ့ နောက်ဆုံးထား၍ ဆက်သွယ်ပေးနိုင်ပါရန် အသိပေးကြေညာအပ်ပါသည်။

ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားဖိတ်ကြားရေး ဆပ်ကော်မတီ (ပြည်ထဲရေး ဝန်ကြီးဌာန)

ဖုန်းနံပါတ် (၀၆၇-၃၄၁၂၇၁၅ )၊ (၀၆၇-၃၄၁၂၇၁၆)

(၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနား ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီ (သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)

ဖုန်းနံပါတ် (၀၆၇-၃၄၀၈၄၃၆)၊   (၀၉ -၄၅၅၉၅၅၁၁၀)၊ (၀၉၂၀၃၅၅၀၂)

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့် ညစာစားပွဲ ကျင်းပရေးလုပ်ငန်း ကော်မတီ (နိုင်ငံခြားရေး ဝန်ကြီးဌာန)

ဖုန်းနံပါတ် (၀၆၇-၃၄၁၂၀၅၄)၊   (၀၆၇-၃၄၁၂၆၅၅)