တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် တပ်မတော်သတင်းစာရှင်း လင်းပွဲမှတ်တမ်း

နေပြည်တော်  အောက်တိုဘာ  ၂၄

တပ်မတော်၏ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်း ညွှန်မှာကြားချက်အရ ပြည်သူ့ဆေးရုံများသို့ အောက်ဆီဂျင်အိုးများ လှူဒါန်းပေးနေမှု၊ တပ်မတော်အရာရှိကြီး များ၏ တစ်လစာ အလှူငွေ၊ အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများ၏ တစ်ရက်စာ အလှူငွေများဖြင့် အရပ်ဘက်ပြည်သူ့ဆေးရုံများနှင့် အရပ်ဘက်အဖွဲ့အစည်းများသို့ ကာကွယ်ရေးအထောက်အကူပြု ဆေး ပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းနေမှု၊ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင်သီလရှင် စာသင်တိုက်များနှင့် အခြားဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် အခြားစားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းမှုနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းနေမှု အခြေအနေများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လွှဲပြောင်းပေးအပ်သည့် COVID-19 ရောဂါအတည်ပြုပိုးတွေ့ သံဃာတော်များ၊ သီလရှင်များနှင့် အရပ်သားပြည်သူ လူနာများအား  COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာများ လက်ခံကုသပေးနိုင်ရေးအတွက် တပ်မတော်မှ ကြိုတင်ပြင်ဆင်ထားသည့်နေရာများ၌ လက်ခံကုသပေးလျက်ရှိပြီး ၎င်းတို့၏နေထိုင်စားသောက်မှုနှင့်  ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်မှ တာဝန်ယူဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဆက်သွယ်လာမှုအရ COVID-19 ရောဂါပိုး ရှိ/မရှိ ပြည်သူများအား တပ်မတော်က ရောဂါရှာဖွေရေးစက် များဖြင့် စစ်ဆေးပေးနေမှုအခြေအနေများ၊ တပ်မတော်အနေဖြင့် COVID-19 ရောဂါနှင့်ပတ်သက်၍ အမျိုးသား ရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်လျက်ရှိရာ ကာကွယ်ကုသထိန်းချုပ်ရေး လုပ်ငန်းများသာမက COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် လူမှု စီးပွားရေးထိခိုက်မှုများကို ထောက်ပံ့ပေးအပ်ခြင်း၊ ဆေးဝါးကုသပေးခြင်း၊ ဒေသခံပြည်သူများ၏ ထွက်ကုန် များအား ဝယ်ယူပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့့်် နိုင်ငံတော်၏ အမျိုးသား ရေးစွမ်းအားကို ယုတ်လျော့စေမည့် COVID-19 ကပ်ရောဂါအား တပ်မတော်အနေဖြင့် ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှပြည်သူနှင့်အတူ လက်တွဲဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်းကောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း (၅)နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ပြောကြားခဲ့သည့် မိန့်ခွန်းနှင့်သဝဏ်လွှာပါ အကြောင်းအချက်များကို လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲဖြစ် မြောက်ရေးအတွက် ဆန္ဒမဲလက်မှတ်များ၊ မဲပုံးများ၊ ဆန္ဒပြုခန်းများ၊ မဲရုံသုံးပစ္စည်းများကို လမ်းပန်းဆက် သွယ်ရေးခက်ခဲသည့်နေရာများ၊ ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသည့် နေရာများသို့ အရောက် တပ်မတော်မှ ရေယာဉ်၊ ရဟတ်ယာဉ်၊ လေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးနေမှုနှင့့်် လုံခြုံရေးနှင့့်် ကာကွယ်ရေး ရှုထောင့် အရ တိုင်းရင်းသားပြည်သူများအားလုံး လုံခြုံ၊ လွတ်လပ်စွာမဲပေးနိုင်ခွင့်ရရှိရေး တပ်မတော်မှ အလေးထား ဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း၊ တိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် တိုက်ပွဲဖြစ် ပွားမှု၊ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုနှင့် တပ်မတော်မှ တစ်မျိုးသားလုံး၏ အန္တရာယ်ဖြစ်သည့် မူးယစ် ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးကို အချိန်တိုင်း အလေးထားဆောင်ရွက်လျက်ရှိသည့် အခြေအနေများ ကိုလည်း ကောင်း၊ ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက်သောင်းကျန်းသူများမှ အရပ်သားများ၊ ပြည်သူ့ဝန်ထမ်း များအား အကြောင်းမဲ့ဖမ်းဆီးမှု၊ သတ်ဖြတ်မှု၊ ၎င်းတို့ထောင်ထားသည့် မိုင်းများကြောင့် အရပ်သားများ သေဆုံးဒဏ်ရာရရှိမှု အခြေအနေများနှင့့်် AA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် အကြမ်းဖက် အဖွဲ့အစည်း၊ မတရားအသင်းအဖြစ် တရားဝင်ကြေညာခံထားရသည့် အဖွဲ့အစည်းဖြစ်သည့် အားလျော်စွာ ပြည်တွင်းဥပဒေများ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေများကို ပြောင်ကျကျချိုးဖောက်လျက်ရှိ သည့်အခြေအနေများ နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲအား ယနေ့နံနက် ၁၀ နာရီမှ ၁၁ နာရီ ၃၀ မိနစ်အထိ တပ်မတော် စစ်သမိုင်းပြတိုက်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ် သတင်းစာ များ၊ ဂျာနယ်များ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများနှင့် ပြည်တွင်း အခြေစိုက် ပြည်ပ သတင်း ဌာနများ၊ စုစုပေါင်းသတင်းဌာန ၂၄ ခုမှ သတင်းထောက်များမှသိလိုသည်များကို မေးမြန်းခဲ့ကြရာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြန်လည်ဖြေကြားသည်။

ဦးစွာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီနေ့ တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းမည့် အကြောင်း အရာများကတော့ နံပါတ်(၁)တပ်မတော်ရဲ့ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေမှုများ၊ နံပါတ်(၂) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ NCA နှစ်ပတ်လည်နေ့မိန့်ခွန်း၊ နံပါတ် (၃) ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် တပ်မတော်၏ ကူညီဆောင် ရွက်နေမှုများ၊ နံပါတ်(၄) ယခုလအတွင်း နယ်မြေဒေသအလိုက် တိုက်ပွဲဖြစ်ပွားခဲ့မှု၊ မူးယစ်ဆေးဝါးဖမ်းဆီး ရရှိမှုအခြေအနေနှင့် နံပါတ်(၅)  AA အကြမ်းဖက် သောင်းကျန်းသူများ၏ အရပ်သားများ၊ ဝန်ထမ်းများအား ဖမ်းဆီးသတ်ဖြတ်မှု အခြေအနေတို့ဖြစ်ကြောင်း ပြောကြားသည်။

တပ်မတော်၏ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကူညီဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး ၆-၁၀-၂၀၂၀ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် တပ်မတော် ကာကွယ် ရေးဦးစီးချုပ်၏ လမ်းညွှန် မှာကြားချက်အရ အောက်ဆီဂျင်အိုးများ လှူဒါန်းပေးလျက်ရှိပါကြောင်း၊ ယခုလို လှူဒါန်းပေးလျက်ရှိရာ ရန်ကုန်တွင် ၈၀၁ လုံးအား လှိုင်သာယာပြည်သူ့ဆေးရုံ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံဆိပ်ကမ်း(၁) ရိုးမ(၁)၊ ရိုးမ(၂)၊ ဝေဘာဂီ စသည့်ဆေးရုံတို့တွင် လှူဒါန်းပေးခဲ့ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လှူဒါန်းခဲ့မှုများ အနေဖြင့် မန္တလေးတိုင်းဒေသကြီးတွင် ၄၀ လုံး၊ ရှမ်းပြည်နယ်တွင် ၁၁၂ လုံး၊ စစ်တွေတွင် ၁၀ လုံး၊ ပဲခူးတိုင်းဒေသကြီးတွင် ၁၂ လုံး၊ စုစုပေါင်း ၉၇၅ လုံးလှူဒါန်းခဲ့ပြီး ဖြစ်ပါကြောင်း ပြောကြားသည်။

COVID-19 ရောဂါကာလလှူဒါန်းမှုများအနေဖြင့် တပ်မတော်အရာရှိကြီးများ၏ အလှူငွေ၊ စစ်သည်၊ ဝန်ထမ်း များ၏ တစ်ရက်စာအလှူငွေမှ အရပ်ဘက်ပြည်သူ့ဆေးရုံများသို့ ဆေးပစ္စည်းများ လှူဒါန်းခြင်း၊ အရပ်ဘက် အဖွဲ့အစည်းများအား လှူဒါန်းခြင်း၊ ဆွမ်းရိက္ခာနှင့်ပတ်သက်၍ သံဃာ တော်၊ သီလရှင်များအား လှူဒါန်းခြင်း၊ ပိုးတွေ့လူနာများ၊ ကန့်သတ်စောင့်ကြည့် သူများအား ရိက္ခာ၊ ရိက္ခာငွေထောက်ပံ့ပေးမှု၊ သဘာဝဘေးအန္တရာယ် ကြောင့် သီးနှံထွက်ရှိမှုမရှိသော ဒေသခံပြည်သူများအား ထောက်ပံ့မှုတို့ကို စဉ်ဆက်မပြတ်ဆောင် ရွက်လျက် ရှိပါကြောင်း၊ ယနေ့အထိ လှူဒါန်း၊ ထောက်ပံ့မှု စုစုပေါင်းကျပ်သိန်းပေါင်း ၁၄၀၀၀၀ ကျော် ဆောင်ရွက်ခဲ့ပါ ကြောင်း ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လွှဲပြောင်းပေးသည့် အရပ်သားအတည်ပြု လူနာနှင့် သံဃာတော်၊ သီလရှင်အတည်ပြုလူနာများ ကုသပေးနိုင်မှုအနေဖြင့် အရပ် သားပြည်သူ ၂၁၄၇ ဦး၊ သံဃာတော် ၅၈၁ ပါး၊ သီလရှင် ၄၁ ပါး စုစုပေါင်း ၂၇၆၉ ဦးဖြစ်ပါကြောင်း၊ လက်ရှိ တပ်မတော် Positive Centre တက်ရောက် ကုသမှုခံယူနေသူ ၇၀၄ ဦး၊ သံဃာ ၁၃၅ ပါး၊ သီလရှင် ၃ ပါး စုစုပေါင်း ၈၄၂ ဦးဖြစ်ပါကြောင်း၊ Quarantine  ထားရှိမှုအနေဖြင့် လက်ရှိနေပြည်တော်တွင် ၇၀၂ ဦး၊ တောင်ကြီး(ညောင်ရွှေ)တွင် ၈၁ ဦး၊ ရန်ကုန်တွင် ၈၆  ဦး၊ စုစုပေါင်း ၈၆၉ ဦးထားရှိပေးလျက်ရှိပါကြောင်း၊ COVID-19 ရောဂါစောင့်ကြည့်ကုသရေး ဆေးရုံ(ဖောင်ကြီး) ကိုလည်း ဆေးပါရဂူများအပါအဝင် ၄၀ ဦးဖြင့် အလှည့်ကျ ကုသရေးတာဝန်များ ထမ်းဆောင်စေလျက် ရှိပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဆက်သွယ်လာမှုအရ COVID-19 ရောဂါပိုးတွေ့ရှိမှု ရှိ/မရှိ စမ်းသပ်စစ်ဆေးမှုအား  RT-PCR နည်း၊ COBAS 6800 နည်းတို့ဖြင့် စစ်ဆေးပေးခဲ့သူစုစုပေါင်း ၃၈၆၈၉ ဦးရှိခဲ့ပါကြောင်း ပြောကြားသည်။

COVID-19 ကပ်ရောဂါနှင့်ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် အမျိုးသားရေးအန္တရာယ်၊ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့ဝင်များအားလုံးက ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ပြည်သူနှင့်အတူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနက အစမြို့ကြီး၊ ပြကြီးများတွင်ရှိနေသည့် ဆေးရုံများအထိ ဆောင်ရွက်ပေးနေပါကြောင်း၊ ဆေးရုံများတွင် တန်ဖိုးသင့်ထမင်း၊ ဟင်းလျာရောင်းချပေးနေမှုအထိ ဆောင်ရွက်နေပါကြောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပြောခဲ့သလို “လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိပါဘူး” မနေ့က ည ၈ နာရီအထိ  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ စစ်ဆေးခဲ့သည့် ဓာတ်ခွဲနမူနာ ၁၃၆၉၉ ခုတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ ၁၃၆၁ ဦး ဖြစ်ပါကြောင်း၊ ၁၀% ခန့်ဖြစ်ပါကြောင်း၊ လူ ၁၀၀ တွင် ၁၀ ဦး COVID-19 ရောဂါပိုးတွေ့ပါကြောင်း၊ ၎င်းအထဲတွင် Rapid Antigen Test Kit နှင့် စစ်ဆေးခဲ့သူ ၈၈၆၀ ဦးဖြစ်ပါကြောင်း၊ သတ်မှတ်ချက်များအရ Gold Standard တော့မဟုတ်ပါကြောင်း၊ မနေ့ညအထိ တရားဝင် ထုတ်ပြန်ချက်များအရ သေဆုံးလူနာ  ၁၀၃၈ ဦးဖြစ်ပါကြောင်း၊ ဂရုစိုက်ရမည့် အခြေအနေတွင်ရှိနေဆဲဖြစ် ပါကြောင်း၊ တပ်မတော်အနေဖြင့် COVID-19 ကာကွယ်၊ ကုသ၊  ထိန်းချုပ်ရေးတို့တွင် ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများမှာသာမက COVID-19 ကပ်ရောဂါကြောင့်ဖြစ်ပေါ်လာသည့် လူမှုစီးပွားရေး ထိခိုက် မှုများကို ထောက်ပံ့ခြင်း၊ ဆေးဝါးကုသပေးခြင်း၊ ဒေသခံများ၏ ထွက်ကုန်များ ဝယ်ယူပေးခြင်း တို့ဖြင့်   ဆောင်ရွက်လျက်ရှိပါကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အမျိုးသားရေး စွမ်းအားကို ယုတ်လျော့စေ မည့် ၎င်းကပ်ရောဂါကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ပြည်သူနှင့်အတူ လက်တွဲဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ဒုတိယပိုင်းအနေဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ NCA တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုခြင်း ၅ နှစ်ပြည့်နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်း နှင့်သဝဏ်လွှာပါ အကြောင်းအချက်များကို ထပ်မံပြောကြားမည်ဖြစ်ပါကြောင်း၊ NCA စာချုပ်နှင့် ပတ်သက်ပြီး ပြောမည်ဖြစ်ပါကြောင်း၊ NCA စာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးခဲ့သည့်သူများ၊ ဝိုင်းဝန်း ကြိုးပမ်းခဲ့သည့် သူများ၊ နောက်ကွယ်မှ အကြိမ်ကြိမ်ညှိနှိုင်း ကြိုးပမ်းခဲ့ရသည့်သူများအားလုံးကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် အထူးကျေးဇူးတင် အသိအမှတ်ပြုကြောင်း ပြောကြားခဲ့ပါကြောင်း၊ သူတို့ဘယ်လောက် ကြိုးစားခဲ့ရကြောင်း၊ ဘာတွေဖြစ်ခဲ့ကြတယ်ဆိုသည်ကို ပါဝင်ခဲ့သူအားလုံးက အသိဆုံးဖြစ်ကြောင်း၊ ငြိမ်းချမ်း ရေးကိစ္စများတွင် ကြီးကြီးကျယ်ကျယ် စကားလုံးကြီးများ၊ သီအိုရီများ၊ အယူအဆများရှိပါကြောင်း၊ ဒါတွေပြန် ပြောနေရမည့် အချိန်လည်းမဟုတ်ပါကြောင်း၊ လက်တွေ့ကသာ အရေးကြီးပါကြောင်း၊ မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် NCA လို EAO အများအပြား ပါဝင်ဆွေးနွေးခဲ့တာ၊ တိုင်းရင်းသား ပြည်သူလူထု လိုလားသည့် “ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စု” တည်ဆောက်ဖို့ အခြေခံ သဘောတူညီခဲ့ခြင်းမျိုး မရှိခဲ့ပါကြောင်း၊ စကားလုံးတစ်ခုချင်း၊ စာပိုဒ်တစ်ခုချင်း အသေးစိတ်   အကျေအလည် ဆွေးနွေ သဘောတူခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုအငြင်းပွားနေသည့် စာလုံးတစ်လုံးချင်းအပေါ် အဓိပ္ပာယ် ဖွင့်ဆိုချက်မရှိဘူးဆိုသည်မှာ ယုံကြည်မှုတည်ဆောက်နိုင်ခြင်း ရှိ၊ မရှိ အပေါ်မူတည်သည်ဟု ယူဆပါကြောင်း၊

ဥပမာ “ခင်ဗျား” ဆိုသည့် စကားလုံးတစ်လုံးအပေါ် ကျွန်တော်တို့ဘယ်လို အဓိပ္ပာယ်ဖွင့်ကြမလဲ၊  တစ်ဦးကို တစ်ဦးယုံကြည်မှုရှိရင် “ခင်ဗျား” ဆိုသည့်စကားလုံးဟာ “မင်း” ဟုပြောတာ မဟုတ်ကြောင်း၊ “ဟေ့လူ” “ဟေ့ကောင်” ဟုပြောသည် မဟုတ်ကြောင်း၊ ရိုသေသမှုနှင့် “ဟုတ်ကဲ့ခင်ဗျား” ဟုပြောသည်ဟု ယူဆနိုင် ကြောင်း၊ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုမရှိဘူးဆိုရင် “ခင်ဗျား” ဆိုသည်ကို တစ်မျိုးယူဆလို့ ရပါလိမ့် မည်ဖြစ် ကြောင်း၊ ဒီတော့ပြောချင်သည်မှာ အဲဒီအချိန်တွင် တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ယုံကြည်မှုရှိကြ၍    ဒီစာချုပ်ကို သဘောတူခဲ့ကြကြောင်း၊ ယုံကြည်မှုတည်ဆောက်နိုင်ခဲ့ကြကြောင်း၊ ယခုအချိန်တွင် ဒီယုံကြည်မှု ပျက်ပြား၍ အသေးစိတ်ကအစ အငြင်းပွားသည့်ပုံစံဖြစ်လာကြောင်း၊ ဘယ်သူ့မှာတာဝန်ရှိလဲ၊ ဒါကိုကျွန်တော် မေးခွန်းထုတ်ချင်ကြောင်း၊ ဒီစာချုပ်ကို လက်မှတ်ထိုးနိုင်ဖို့ အားလုံးတက်တက်ကြွကြွ လုပ်ခဲ့ကြကြောင်း၊ ဖိတ်ခေါ်သင့်သည့်လူတွေ ဖိတ်ခေါ်ခဲ့ကြောင်း၊ သမိုင်းရှိပါကြောင်း၊၂၁ ရာစုပင်လုံဟု အမည်တပ်လိုက်သည့်  ပထမညီလာခံတွင်ပဲ ဘာတွေဖြစ်ခဲ့သလဲ၊ ကျွန်တော်တို့ ခင်ဗျားတို့ပြောပြောနေသည့် Deadlock တစ်ဆို့မှုဟာ ဘယ်ကစလဲ၊ အစွဲကင်းကင်း လေ့လာကြည့်ပါ၊ အဖြေရှိပြီးဖြစ်သည်ဟုပဲ ပြောချင်ပါကြောင်းပြောကြားသည်။

NCA (၅) နှစ်ပြည့် နှစ်ပတ်လည်မိန့်ခွန်းနှင့် သဝဏ်လွှာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် အခြေခံဥပဒေပြဋ္ဌာန်းချက် ၂၆၁ နှင့် PR အချိုးကျ ကိုယ်စားပြုစနစ်အကြောင်း ပြောခဲ့ပါကြောင်း၊ အယူအဆ အမျိုးမျိုးရှိပါကြောင်း၊ ပထမဆုံးပြောချင်သည်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၆၁ (ခ)(ဂ)တို့အရ တိုင်း ဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေးအပ်ခြင်း အကြောင်း ဖြစ်ပါကြောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် “တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ မိမိတို့ဒေသ အကျိုးကို မိမိတို့ကိုယ်တိုင် ပိုမိုဖော်ဆောင်နိုင်ဖို့၊ သက်ဆိုင်ရာဒေသခံ ပြည်သူများအနေနဲ့ ဒီမိုကရေစီအနှစ်သာရကို ပိုမိုရရှိခံစားနိုင်ဖို့    တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် တွေက ရွေးချယ်ခန့်ထားနိုင်ဖို့ လိုလားတယ်”၊  ဒီနေရာတွင် ပြည်သူလူထုက ဒီမိုကရေစီစနစ်အရ ရွေးချယ် တင်မြှောက်ခြင်းကို လက်ခံရမှာဖြစ်သည်ဟု အတိအလင်း ပြောကြားပြီးဖြစ်ပါကြောင်း၊ ဒါဆိုရင် တပ်မတော်၏ တိုင်းရင်းသားများ အပေါ်ထားရှိသည့် ကောင်းကျိုးမြင်သဘောထားက ဘာလဲဆိုသည်ကို သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး အသေးစိတ်ဆွေးနွေးရမည်များ ရှိနိုင်သော်လည်း အခြေခံမူဝါဒ ကတော့ ဒါပဲဖြစ်မည်ဖြစ်ကြောင်း၊ အခြေခံဥပဒေပြဋ္ဌာန်းချက် ၁၆၁(ဃ)အရ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များတွင် တပ်မတော်က ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံတစ်ပုံသာ ပါဝင်မည်ဖြစ်ပါကြောင်း၊ လက်တွေ့ အခြေအနေတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဘယ်သူကအရေးပါ အရာရောက်နေလဲ ဆန်းစစ်ကြည့်နိုင်ပါကြောင်း ပြောကြားသည်။

ဒုတိယပြောချင်သည်မှာ အချိုးကျ ကိုယ်စားပြုစနစ်ဖြစ်ပါကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “ကျွန်တော်တို့ နိုင်ငံအတွင်းမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံရှိသလို နိုင်ငံရေးမူဝါဒကို အခြေခံဖွဲ့စည်း ထားတဲ့ နိုင်ငံရေးပါတီများ၊ နယ်မြေဒေသနဲ့ တိုင်းရင်းသားလူမျိုးတွေကို အခြေခံပြီး ဖွဲ့စည်းထားတဲ့ နိုင်ငံရေး ပါတီများဆိုပြီး မျိုးစုံရှိပါတယ်။ တိုင်းရင်းသားလူမျိုးတွေပေါင်းစည်း စုစည်းနေထိုင်တဲ့ပြည်ထောင်စု လည်းဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့နိုင်ငံ့အရေးကို ဆောင်ရွက်ကြမယ့် နိုင်ငံရေး ပါတီများဟာ နိုင်ငံတော် တည်ဆောက်ရေးမှာ ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုပါဝင်အောင် ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ အချိုးကျ ကိုယ်စားပြုခြင်းစနစ်ကို ပြောင်းလဲကျင့်သုံးခြင်းအားဖြင့် တိုင်းရင်းသားပြည်သူများ    ဥပဒေပြု လွှတ်တော်တွေမှာ ပိုမိုကိုယ်စားပြုခွင့်ရမှာ ဖြစ်ပြီး ပြောရေးဆိုခွင့်ရလာမှာဖြစ်ပါတယ်” ဟုပြော ကြားခဲ့ပါကြောင်း၊ ကျွန်တော်တို့ တပ်မတော်ရဲ့ ရည်ရွယ်ချက်က ရှင်းရှင်းလေးပဲဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ကိုဆွေးနွေးရာတွင် အပစ်အခတ်၊ အတိုက်အခိုက်များကြားက ဆွေးနွေးနေရင်  ယုံကြည်မှုမတည်ဆောက် နိုင်ကြောင်း၊ ယုံကြည်မှု မတည်ဆောက်နိုင်ရင် ဘာတွေပဲဆွေးနွေး ဆွေးနွေးမအောင်မြင်နိုင်ကြောင်း၊ ဒါ့ကြောင့် အားလုံးကို တရားဝင်ဆွေးနွေးနိုင်အောင် ဒီမိုကရေစီဘောင်ထဲကို ထည့်သွင်းရမည်ဖြစ်ကြောင်း၊    ဒါ့ကြောင့် အချိုးကျ ကိုယ်စားပြုခြင်းစနစ်ကို “အဖြေ” တစ်ခုအနေဖြင့် အဆိုပြုသည်ဖြစ်ပါကြောင်း၊ အခြား နိုင်ငံများတွင်  ဘယ်လိုကျင့်သုံးနေသလဲ လေ့လာနိုင်ပါကြောင်း၊ ဥပမာ-အနီးဆုံးအိမ်နီးချင်း ထိုင်းနိုင်ငံ၏ အောက်လွှတ်တော်အမတ် ၅၀၀ ဦးအနက် ၃၅၀ ဦးကို FPTP (First Past the Post) စနစ်နှင့် ရွေးတာဖြစ်ပြီး ၁၅၀ ဦးကို PR(Partylist Proportional Representative) စနစ်ဖြင့် ရွေးတာ ဖြစ်ပါကြောင်း၊ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယားတို့ကိုလည်း ဥပမာကြည့်နိုင်ပါကြောင်း၊ ဒီနေရာမှာ PR စနစ်ကျင့်သုံးသည့်အတွက် တပ်မတော် သားလွှတ်တော် ကိုယ်စားလှယ်များပိုအားကောင်းသွားမလား၊ နိုင်ငံရေးပါတီအချို့ ပိုအားကောင်း သွားမလား ဆိုသည့် ပြောဆိုချက်များကို သေချာဆန်းစစ်ကြည့်ပါက အဖွဲ့အစည်းများအားလုံး၊ တိုင်းရင်းသား အားလုံးရဲ့ ကိုယ်စားပြုမှုပိုမို တိုးတက်လာရေးအတွက်ပြောတာ ဖြစ်ကြောင်းကိုတွေ့နိုင်ပါကြောင်း ပြောကြားသည်။

တတိယအချက်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် တပ်မတော်၏ ကူညီဆောင်ရွက်ပေးနေမှုများ ကိုပြောမည်ဖြစ်ကြောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် “ပြည်သူလူထုလိုလားတောင့်တခဲ့တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို တပ်မတော်က လမ်းခင်းပေးခဲ့တယ်။ ပါတီစုံဒီမိုကရေစီစနစ်ရဲ့ အသက်ဟာ ရွေးကောက်ပွဲဖြစ်တယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့လိုတယ်”ဟု မကြာခဏပြောခဲ့ ပါကြောင်း၊ တပ်မတော်အနေဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်လည်း ရွေးကောက်ပွဲအောင်မြင်စွာကျင်းပ နိုင်ရေးကူညီဆောင်ရွက်ခဲ့ပါကြောင်း၊ ယခု ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်း ရွေးကောက်ပွဲဖြစ်မြောက် ရေးအတွက် ဆန္ဒမဲလက်မှတ်များ၊ မဲပုံးများ၊ ဆန္ဒပြုခန်းများကို လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်နေရာ၊ ပဋိပက္ခတွေဖြစ်ပွားသည့် နေရာများအရောက် ကုန်းလမ်းကမရရင် ရေလမ်း၊ ရေလမ်းကမရရင် တပ်မတော် လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ပို့ဆောင်ပေးလျက်ရှိပါကြောင်း၊ စက်တင်ဘာ ၂၅ ရက်တွင် စစ်တွေကိုရွေး ကောက်ပွဲဆိုင်ရာပစ္စည်းများ တပ်မတော် လေယာဉ်၂ စီးဖြင့်ပို့ဆောင်ပေးခဲ့ပါကြောင်း၊ စက်တင်ဘာလ ၃၀ ရက်တွင် ထပ်ပြီး တပ်မတော်လေယာဉ် ၂ စီးဖြင့် ပို့ဆောင်ပေးခဲ့ပါကြောင်း၊ အောက်တိုဘာလ ၁ ရက်နှင့် ၂ ရက်တို့တွင် စစ်တွေသို့ တပ်မတော်ရေယာဉ်များဖြင့် ပို့ပေးခဲ့ပါကြောင်း၊ ယခုလ ၁၈ ရက်တွင် တပ်မတော် ရဟတ်ယာဉ်နှင့် ကချင် ပြည်နယ်၊ ခေါင်လန်ဖူး၊ ပူတာအိုဒေသသို့ ပို့ပေးခဲ့ပါကြောင်း၊ ယခုလ ၂၀ ရက်တွင် ပလက်ဝသို့ ပို့ပေးခဲ့ပါကြောင်း၊ စက်တင်ဘာ ၃၀ ရက်က စစ်တွေသို့ လေယာဉ်နှင့်ပို့ပေးသည့် ရွေးကောက် ပွဲဆိုင်ရာပစ္စည်းများကို တပ်မတော်မော်တော်ယာဉ်၊ ရဟတ်ယာဉ်များနှင့် ယခုရွေးကောက်ပွဲမလုပ်တော့ပါဟု ပြောနေသည့် မောင်တောမြို့နယ်၊ ဘူးသီး တောင်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြောက်ဦး မြို့နယ်တို့ကို တပ်မတော်ကပဲ ဆက်လက် ပို့ပေးခဲ့ပါကြောင်း၊ မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်၊ မြောက်ဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်က တာဝန်ရှိသူများ ကိုယ်တိုင်ပါရှိပါကြောင်း ပြောကြားသည်။

တပ်မတော်အနေဖြင့် လုံခြုံရေးနှင့် ကာကွယ်ရေးရှုထောင့်အရ တိုင်းရင်းသားပြည်သူအားလုံး လုံခြုံစွာ၊ လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိရေး အလေးထားပါကြောင်း၊ ကျွန်တော်တို့အနေဖြင့် လုံခြုံစွာမဲပေးနိုင် ရေးသုံး သပ်ရာတွင် အဆင့် ၃ ဆင့် သတ်မှတ်ပြီး သဘောထားမှတ်ချက်ပေးခဲ့ပါ ကြောင်း၊ အဆင့် ၃ ဆင့်မှာ လုံခြုံစွာမဲပေးနိုင်သည့်နယ်မြေ၊ လုံခြုံရေးစီမံချက်ဖြင့် တည်ငြိမ်စွာမဲပေးနိုင်သည့် နယ်မြေနှင့် လုံခြုံမှုအား နည်းသဖြင့် မဲမပေးနိုင်သည့်နယ်မြေများပဲဖြစ်ကြောင်း၊ သတိပြုရမည်မှာ သုံးသပ်ချက်ပဲဖြစ်ပါကြောင်း၊ ဆုံးဖြတ်ချက်မဟုတ်ပါကြောင်း၊ ဆုံးဖြတ်ပေးရမည်မှာ သက်ဆိုင်ရာ အဖွဲ့အစည်းများပဲဖြစ်ပါကြောင်း၊ ခုနက ပြောခဲ့သည့် ရခိုင်ပြည်နယ်အတွင်းတွင် ရွေးကောက်ပွဲဆိုင်ရာ ပစ္စည်းများကို ကျွန်တော်တို့အခက်အခဲကြားက လေယာဉ်၊ ရေယာဉ်၊ ရဟတ်ယာဉ်များနှင့် ပို့ဆောင်ပေးခဲ့ကြောင်း၊ ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ မြောက်ဦးအထိ ပို့ဆောင်ပေးခဲ့ကြောင်း၊ ၎င်းင်းသည်အဖြေပဲဖြစ်ပါကြောင်း၊ ဒီအပေါ်မှာ သုံးသပ်ကြည့်ဖို့ ပြော ချင်ပါကြောင်း ပြောကြားသည်။

စတုတ္ထမြောက်အချက်အနေဖြင့် လစဉ် ပြောနေကြဖြစ်သည့် နယ်မြေဒေသအလိုက် တိုက်ပွဲဖြစ်ပွားခဲ့မှုနှင့် မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုများကို ပြောကြားမည်ဖြစ်ကြောင်း၊ စက်တင်ဘာလ ၂၃ ရက်မှ အောက်တိုဘာ လ၂၀ ရက်အထိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းတွင် RCSS/SSA  အဖွဲ့နှင့်ထိတွေ့မှု ၃၀ ကြိမ်၊ MNDAA/ TNLA  ပူးပေါင်းအဖွဲ့နှင့်ထိတွေ့မှု ၁၀ ကြိမ်၊ TNLA အဖွဲ့နှင့် ထိတွေ့မှု ၈ ကြိမ်ရှိခဲ့ပါကြောင်း၊ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုအနေဖြင့် စက်တင်ဘာလ ၂၃ ရက်မှ အောက် တိုဘာလ ၂၀ ရက်အထိ ဘိန်းဖြူ ၀ .၅ ကီလို၊ ဘိန်းစိမ်း ၃၁ .၄၅ ကီလို၊ စိတ်ကြွဆေးပြား ၄၃ သိန်းကျော်၊ ICE ၂၅၅၆ ကီလိုဖမ်းဆီးရမိခဲ့ပြီး ၅၇.၈၃ ဘီလီယံ ကျော်ဖမ်းဆီးရမိခဲ့ပါကြောင်း၊ တပ်မတော်အနေဖြင့် တစ်မျိုးသားလုံး၏ အန္တရာယ်ဖြစ်သည့် မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးကို အချိန်တိုင်းအလေးထား ဆောင်ရွက်လျက်ရှိသည်ကို ပြောလိုပါ ကြောင်း ပြောကြားသည်။

နောက်ဆုံးအချက်အနေဖြင့် AA အကြမ်းဖက် သောင်းကျန်းသူများ၏ အရပ်သားများ၊ ပြည်သူ့ဝန်ထမ်းများကို ဖမ်းဆီးမှု၊ သတ် ဖြတ်မှု၊ AA အကြမ်းဖက် သောင်းကျန်းသူများထောင်ထားသည့်မိုင်းများကြောင့် အရပ် သားသေဆုံး၊ ဒဏ်ရာရရှိမှုများအကြောင်း ပြောမည်ဖြစ်ကြောင်း၊ ဒါတွေဟာ အမှုဖွင့်တိုင်ကြားသူ၊ သက်ဆိုင် ရာကို အကြောင်းကြားသူများသာဖြစ်ပါကြောင်း၊ အမှုဖွင့်မတိုင် ကြားသူ၊ အကြောင်းမကြားသူအများအပြား ရှိနိုင်ပါကြောင်း၊ AA အကြမ်းဖက်သောင်း ကျန်းသူများက ဖမ်းဆီးသွားသောဝန်ထမ်း ၄၀ ကျော်ရှိပါကြောင်း၊ အရပ်သား ၃၂ ဦးရှိပါကြောင်း၊ ၎င်းတို့ထဲမှ မီးသတ်တပ်ဖွဲ့ဝင်၁၁ ဦးနှင့် အရပ်သား ၃ ဦးပြန်လည်လွတ် မြောက်ခဲ့ပါကြောင်း၊ သတ်ဖြတ်ခံရသူများမှာ ဝန်ထမ်း ၁၀ ဦးကျော်၊ အရပ်သား ၃၆ ဦးရှိပါကြောင်း၊ ၎င်းတို့ထောင်ထားသည့် မိုင်းနင်းဖြစ်စဉ်ကြောင့် သေဆုံးအရပ်သား ၂၁ ဦး၊ ဒဏ်ရာရ ၆၀ ဦးရှိပါကြောင်း၊ လတ်တလောတွင် အရပ်သားဖမ်းဆီးမှု အနေဖြင့် ယခုလ ၁၄ ရက်တွင် NLD ပါတီက စည်းရုံးရေး ဆင်းနေသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ရွေးကောက်ပွဲဝင်မည့်သူများကို ဖမ်းဆီးသွားမှု၊ ၂၁ ရက်တွင် ရသေ့ တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေနှင့်အတူ လိုက်ပါပြီး ရေပိုက်ဆုံနှင့် ဇီးကိုင်းရွာရှိ တိုက်ပွဲရှောင်ပြည်သူများကို ထောက်ပံ့ရေးပစ္စည်းများ သွားရောက်ပို့သည့် ရသေ့တောင် မြို့နယ်က ရပ်မိရပ်ဖ ၂ ဦးကို ဖမ်းဆီးခဲ့မှုဖြစ်ပါကြောင်း ပြောကြားသည်။

AA အကြမ်းဖက်သောင်းကျန်းသူများသည် အကြမ်းဖက်အဖွဲ့အစည်း၊ မတရားအသင်းအဖြစ် တရားဝင် ကြေညာခံထားရသည့် အဖွဲ့အစည်းဖြစ်ပြီး ပြည်တွင်းဥပဒေများ၊ အပြည်ပြည်ဆိုင်ရာဥပဒေများကို ဗြောင် ကျကျ ချိုးဖောက်လျက်ရှိပါကြောင်း၊ ဂျီနီဗာကွန်ဗင်းရှင်း ၄ ရပ်၏ ဘုံအာတီကယ် ၃ အပြည်ပြည်ဆိုင်ရာ မဟုတ်သော လက်နက်ကိုင်ပဋိပက္ခ (NIAC-Non International Armed Comflict) ပါ “တိုက်ခိုက်မှုတွင် ပါဝင်ခြင်းမရှိသူများ၊ တပ်ဖွဲ့ ဝင်များထဲမှ လက်နက်ချပြီးသူများ၊ ထိန်းသိမ်းခြင်း ခံနေရ၍သော်လည်းကောင်း၊ တိုက်ခိုက်ခြင်းတွင် ပါဝင်နိုင်ခြင်းမရှိသူများကို လည်းကောင်း၊ လူသားဆန်စွာ ဆက်ဆံရန် မည်သည့်အချိန်၊ မည်သည့်နေရာ၌မဆို ဓားစာခံအဖြစ်ဖမ်းဆီးခြင်း၊ လူ့ဂုဏ်သိက္ခာကိုစော်ကားခြင်း (အထူးသဖြင့် အရှက်ရ၊ သိမ်ငယ်စေသောဆက်ဆံမှု) မပြုလုပ်ရ” ဟု တားမြစ်ထားပါကြောင်း၊ ဒါကိုပဲကိုးကားပြီး အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဓလေ့ထုံးတမ်းဥပဒေတွင် လည်း အပိုဒ် ၉၀၊ ၉၆ တို့၌ပြဋ္ဌာန်းထားပါကြောင်း၊ AA အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ဆောင်ချက်ကို ပူးပေါင်းပါဝင်ဆောင်ရွက်နေသော အဖွဲ့အစည်း များ၊ ပုဂ္ဂိုလ်များ၊ နိုင်ငံများဟာလည်း ပြည်တွင်းဥပဒေများ၊ နိုင်ငံတကာ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေများကို ချိုးဖောက်နေသူများသဖြစ်ကြောင်း ပြောကြားသည်။

One News သတင်းဌာနမှ သတင်း ထောက် ဦးငြိမ်းချမ်းအောင်က မနေ့က လည်း အိမ်တော်သတင်းစာ ရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ပြောသွားတာရှိပြီး နိုင်ငံတော် အတိုင်ပင်ခံနှင့်သမ္မတလည်း ကြိုတင်မဲပေး မည်ဖြစ်ကြောင်း၊ တပ်မတော်အကြီးအကဲတွေအနေဖြင့် ကြိုတင်မဲပေးရန် အစီအစဉ်ရှိပါသလား၊ ပေးမည်ဆိုပါ က မည်သည့် နေ့တွင်ပေးမည်ဆိုတာကို သိရှိလိုကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက လောလောဆယ်အစီအစဉ်မရှိသေးကြောင်း၊ ကြိုတင်မဲပေးရန် ယခင်ကတည်း ကအစီအစဉ် မရှိကြောင်းနှင့် ရွေးကောက်ပွဲနေ့မှာပဲ သာမန်ပြည်သူလူထုကဲ့သို့ မဲပေးမှာဖြစ်ပြီး တစ်ခုခု အကြောင်းရှိလို့ ကြိုတင်မဲပေးမည်ဆိုလျှင်လည်း အချိန်မီအကြောင်းကြားပေး မှာဖြစ်ကြောင်းဖြင့် ဖြေကြား သည်။

ဆက်လက်၍ One News သတင်းဌာန မှ သတင်းထောက် ဦးငြိမ်းချမ်းအောင်က ရွေးကောက်ပွဲကို့ UEC ထုတ်ပြန်သည့်ထဲတွင် မကြေညာနိုင်သည့်နေရာတွေရှိပြီး တပ်မတော်အနေနှင့် ထိုအရာနှင့်ပတ်သက်ပြီး လုံခြုံရေးအရ အကြံပြုချက်ပဲပေးတယ်လို့သိရကြောင်း၊ လက်ရှိလည်း ထုတ်ပြန်ထားခဲ့တာရှိသည့်အတွက် ထိုနေရာတွေအားလုံးကို တပ်မတော်ကအကြံပြုခဲ့သလား၊ သို့မဟုတ် ဘယ်နေရာတွေကို အကြံပြုခဲ့သလဲ ဆိုတာ သိရှိလိုပါကြောင်း မေးမြန်းသည်။ 

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မနေ့က သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ ပါဝါပွိုင့်ပြပြီး ရှင်းလင်းသွားပြီးဖြစ် လိမ့်မည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် အကြံပြုခဲ့သည်များရှိပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး အလေးထားကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက် ပွဲဖြစ်စေချင်ကြောင်း၊ တစ်နိုင်ငံလုံးမှာ ဖြစ်နိုင်လျှင် ကျင်းပစေချင်ကြောင်း၊ ယင်းသို့ဖြစ်ခြင်းကြောင့်လည်း မိမိတို့အနေဖြင့် နေရာအနှံ့ ကို မဲပုံးများ ပို့ဆောင်ပေးခဲ့ပြီး ရွေးကောက်ပွဲမကျင်းပခဲ့ဘူးဆိုသည့်နေရာတွေကိုပါ ပို့ဆောင်ခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ တပ်မတော်၏ တာဝန်မှာ လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်အရ တင်ပြရခြင်းဖြစ်ပြီး အဓိကမှာ ပြည်သူလူထုလုံခြုံစွာ မဲပေးနိုင်ရန်ဖြစ်ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုတွေ မရှိဘူးဆိုသည်နှင့် လုံခြုံလွတ်လပ်စွာ မဲပေးနိုင်ရန်မဖြစ်နိုင်ကြောင်း၊ ထိုထဲမှာ မိမိတို့ မသိသေးသည်များရှိပြီး တိုက်ပွဲမဖြစ်ပွားသော်လည်း လက်နက်ကိုင်တွေဝင်ရောက်နေသည့်နေရာများရှိကြောင်း၊ ခြိမ်းခြောက် မှု တွေရှိနေသည့်နေရာများ သတ်မှတ်နယ်မြေတွေကို ကျော်လွန်ပြီး ဝင်ရောက်နေသည်များရှိပြီး အောက်ခြေ တွင် တကယ်ဖြစ်ပျက်နေသည့် အခြေအနေတွေကို လေ့လာကြည့်မည်ဆိုလျှင် သိနိုင်ကြောင်း၊ တချို့ နယ်မြေများမှာ တိုင်းရင်းသားပါတီတွေရှိပြီး တိုင်းရင်းသားပါတီတွေအနေနှင့် တိုင်းရင်းသားတွေရှိ သည့်ရွာ တွေကို မဲဆွယ်စည်းရုံးရန် သွားသည့်အခါတွင် ၎င်းတို့တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းမဟုတ် ဘဲ  ကျန်သည့်အခြား လက်နက်ကိုင်အဖွဲ့အစည်း၏ တားဆီးခြင်းခံရသည်များတွေ့ရ မည်ဖြစ်ပြီး ယင်းနေရာ တွေမှာ တိုက်ပွဲမဖြစ်ပွားသည်မှာ မှန်သော်လည်း လွတ်လပ်မျှတသော ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်း၊ တပ်မတော်အနေဖြင့် လုံခြုံရေးရှိသည့်နေရာကို ရှိသည်လို့ပြောမည်ဖြစ်ပြီး လုံခြုံရေးမရှိသည့်နေရာကို  မရှိကြောင်းပြော မည်ဖြစ်ကြောင်း၊ စာရင်းဇယားအနေဖြင့် မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ မြို့ နယ်ရှိပြီး ပထမအဆင့်အနေဖြင့် လုံခြုံစွာမဲပေးနိုင်သော အာမခံထားသည့်နယ်မြေ ၂၇၁ နယ်မြေဖြစ်ကြောင်း၊ ဒုတိယ အဆင့် အနေဖြင့် လုံခြုံရေးစီမံချက်လုပ်ပြီးမှ မဲပေးနိုင်မည့်နယ်မြေ ၂၀ ရှိပြီး လုံခြုံရေးအား နည်းကြောင်း တင်ပြခဲ့သည့်နယ်မြေ ၃၉ နယ်မြေရှိကြောင်းဖြင့် ဖြေကြားသည်။

RFA သတင်းဌာနမှ သတင်းထောက် ဒေါ်သက်စုအောင်က အောက်တိုဘာ ၁၄ ရက်နေ့က တောင်ကုတ်မှ NLD ကိုယ်စားလှယ် ၃ ဦးအပါအဝင် AA က ဖမ်းဆီး သွားမှုများရှိကြောင်း၊ ဝန်ထမ်းများ၊ အရပ် သားများပါ ဖမ်းဆီးသွားမှုများရှိကြောင်း၊ ထိုကိစ္စများနှင့် ပတ်သက်၍ တပ်မတော်က ၎င်းတို့ပြန်လည်လွတ်မြောက်လာဖို့ ဘာတွေများ ဆောင်ရွက်နေတာရှိလဲ၊ ထိုနေ့က တောင်ကုတ်ကအမတ် ၃ ဦးကိုဖမ်းဆီးပြီး နောက်ပိုင်း ကြေညာချက်တစ်စောင်ထွက်လာကြောင်း၊ ထိုအထဲတွင်နိုင်ငံရေးအရ ညှိနှိုင်းရန်လမ်းဖွင့်ထားတယ်ဆိုတာမျိုး ပြောထားမှုများရှိကြောင်း၊ တပ်မတော်ဘက်က ဤအပေါ်တွင် မည်သို့သဘောထားလဲ၊ ဖမ်းဆီးခံထားရသူများ နှင့် ပတ်သက်ပြီး အစိုးရနှင့်တပ်မတော်ပူးပေါင်းပြီး ပြန်လည်လွတ်မြောက်လာဖို့ မည်သို့ပူးပေါင်းဆောင် ရွက်မှုများ ရှိပါသလားဆိုသည်ကို သိချင်ပါကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရှင်းလင်း ပြောကြားရာတွင် AA နှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့်သူများ၊ အရပ်သားများ၊ ဝန်ထမ်းများ မည်သူပဲဖြစ်ပါစေ ပြည်သူလူထု၏ အသက်အိုးအိမ်ကိုခြိမ်း ခြောက်ခြင်း ပင်ဖြစ်ကြောင်း၊ ပြည်သူလူထုကို ခြိမ်းခြောက်ဖမ်းဆီးခြင်းပင်ဖြစ်ကြောင်း၊ ထိုကိစ္စများသည် လုပ်သင့်သည့် အလုပ်မဟုတ်ဘူးဆိုသည်ကို ပြောလိုကြောင်း၊ မိမိတို့မြန်မာနိုင်ငံတွင် EAO များစွာရှိကြောင်း၊ ၎င်းတို့ ရည်မှန်းချက်များ၊ ရည်ရွယ်ချက်များနှင့် သွားနေသည့် EAO များရှိကြောင်း၊ သို့သော်လည်း AA ကဲ့သို့ ကျန် သည့်အဖွဲ့များက မဟုတ်ဘူးလို့ပြောလို ကြောင်း၊ ကျန်သည့် EAO အဖွဲ့အစည်း များသည် AA လောက် အစွန်းမရောက်ကြောင်း၊ ပြည်သူလူထုအပေါ်တွင် မနှိပ်စက်ဘူးလို့ ပြောလိုကြောင်း၊ နောက်တစ်ချက် အနေဖြင့် ဖမ်းဆီးခံထားရသည့် စစ်သည်များ၊ ဝန်ထမ်းများ၊ ပြည်သူလူထုများရှိကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍ မည်သည့်အခါမျှ လျစ်လျူရှုမနေကြောင်း၊ မည်သည့်အကြောင်းကြောင့်  ဖမ်းဆီးခံ ရသည်ဖြစ်စေ မိမိတို့ လျစ်လျူရှုနေသည်များ မရှိကြောင်း၊ လွတ်မြောက်ခဲ့သည့် စစ်သည်များ၊ အရပ်သားများရှိပြီး ဖြစ်ကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍ လူဦးရေအတိအကျ၊ အမည်စာရင်းအတိအကျတော့ မပြောနိုင်ကြောင်း၊ မပြောနိုင်ဘူးဆိုသည်မှာ အကြောင်းရှိ၍ဖြစ်ကြောင်း၊ ၎င်းတို့ဆီမှ ထပ်မံ၍ မေးမြန်းစရာများ၊ အတည်ပြုစရာ များလိုသေးသည့်အတွက် ပြောမပြခြင်းဖြစ်ကြောင်း၊ လွတ်မြောက်ရန်အတွက် အစိုးရနှင့်တပ်မတော် မည်သို့ပူးပေါင်းနေလဲဆိုသည်မှာ သတင်းစုံစမ်းထောက်လှမ်းခြင်းများ၊ လိုအပ်သည့် လုံခြုံရေးဆောင်ရွက်ခြင်း များ၊ လိုအပ်သည့် စစ်ဆင်ရေးဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ လိုအပ်လာပါက သတင်း ရရှိလာပါက စစ်ဆင်ရေးအရ ဝင်ရောက်ဆောင်ရွက်ခြင်းများရှိကြောင်း၊ ထိုကိစ္စများသည် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်ဟု ရှင်းလင်းပြော ကြားသည်။

ဆက်လက်၍ RFA သတင်းဌာနမှ သတင်းထောက် ဒေါ်သက်စုအောင်က နိုင်ငံရေးအရညှိနှိုင်း ရန်လမ်းဖွင့် ထားသည့် ထုတ်ပြန်ချက်ကို တပ်မတော်အနေဖြင့် ဘာများပြောချင်ပါသလဲ မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားရာတွင် အစိုးရအနေဖြင့် အဓိက ကတော့ NRPC အနေဖြင့် ယခင်ကတည်းက ပြောခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံရေးအရ လမ်းဖွင့်ထားသည်ဟု ပြောထားပြီးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်လာ၍ EAO များ၊ NCA လက်မှတ်ရေးထိုးပြီးသား အဖွဲ့များ၊ လက်မှတ်မရေး ထိုးရသေးသည့် အဖွဲ့များကို တပ်မတော်အနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မကြာခဏ ပြောလေ့ ရှိသည်မှာ မိမိတို့လိုချင်သည်မှာ ထာဝရငြိမ်းချမ်းရေးကို အမြဲဦးတည်ပါကြောင်း၊ ခေတ္တခဏငြိမ်းချမ်းရေး မဟုတ်ကြောင်း၊ ထာဝရငြိမ်းချမ်းရေးကို ဦးတည်သည့်အတွက်ကြောင့် မိမိတို့၏ ယုံကြည်ချက်အတိုင်း ငြိမ်းချမ်းရေးအတွက် မည်သို့ပင်ဆွေးနွေးကြသည်ဖြစ်စေ ကြိုက်သလို ဆွေးနွေးကြပါ။ ပစ်ခတ်တိုက်ခိုက်မှု မရပ်စဲဘဲနှင့်တော့ ငြိမ်းချမ်းရေးသည် ဖြစ်လာစရာအကြောင်းမရှိကြောင်း၊ ထို့ကြောင့် ပထမအဆင့်သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲသွားရန် အရေးကြီးကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲသွားရန်အတွက် ယခုလက်ရှိ တွင် ဆောင်ရွက်နေသည့်၊ အတည်အတံ့ဖြစ်နေသည့် အားလုံးသဘောတူထားသည့် NCA စာချုပ်တွင် ပါဝင်ကြရန်အတွက်ကို ဦးတည် ကြောင်း၊ NCA ၌ပါဝင်ကြဖို့ ဆောင်ရွက်ကြသည့်အခါတွင် NRPC သည် နိုင်ငံရေးအရ တံခါးဖွင့်သည့်နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ မိမိပြောလိုသည်မှာ AA အနေဖြင့် တံခါးဖွင့်ထားသည့် လမ်းကြောင်းမှဝင်ရန်အတွက် ဒို့တာဝန်အရေး(၃)ပါး၊ ပြည်ထောင်စုပြို ကွဲစေသည့်ကိစ္စများ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုပြိုကွဲစေသည့်ကိစ္စများကို ရှောင်ရှားရန်လိုကြောင်း၊   ၎င်းတို့၏မူဝါဒကို ပြန်လည်သုံးသပ်ရန်လိုသည်ဟု ရှင်းလင်းပြောကြားသည်။

ထို့နောက် RFA သတင်းဌာနမှ သတင်းထောက် ဒေါ်သက်စုအောင်က မနေ့က သမ္မတရုံးသတင်းစာ ရှင်းလင်း ပွဲ၌ရွေးကောက်ပွဲပယ်ဖျက်သည့်နေရာများတွင် တပ်မတော်၏သဘောထား၊ ပြည်ထဲရေး၏ သဘောထား၊    အစိုးရ၏ သဘောထားကို ထုတ်ပြောမှုမျိုးရှိကြောင်း၊ လုံခြုံရေးမလုပ်ပေးနိုင်ဘူးဆိုသည့်ပြောခဲ့သော နေရာများ လည်းရှိကြောင်း၊ အကယ်၍ လုံခြုံရေးအတွက် စိတ်ချရသည်ဟုပြော ထားသောနေရာများတွင် ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်အောင် တပ်မတော်က ဘာတွေများ ဆောင်ရွက်ထားပါသလဲ၊ ရွေး ကောက်ပွဲကော်မရှင်၏ တင်ပြမှုအထဲတွင် လက်နက်ကိုင်ပဋိပက္ခများ၊ တိုက်ပွဲများမရှိသည့်ဒေသများ၌  မကျင်းပရန် ထုတ်ပြန်မှုများလည်း ပါဝင်လာကြောင်း၊ ယမန်နေ့က UEC သတင်းစာရှင်းလင်းပွဲတွင် အမ်းနှင့် ပလက်ဝတို့မှာ တိုက်ပွဲတွေဖြစ်နေကြောင်း၊ သို့သော်လည်း ရွေးကောက်ပွဲကျင်းပမည်ဟုပါလာကြောင်း၊ တစ်ဖက်တွင် ပေါက်တောမြို့၌ တိုက်ပွဲမရှိကြောင်း၊ ထိုနေရာမျိုးတွင် ရွေးကောက်ပွဲမကျင်းပဘူးဟု လည်းဖြစ်နေကြောင်း၊ UEC က တပ်မတော်ကို အမ်း၊ ပလက်ဝကိစ္စ၊ ပေါက်တောကိစ္စတို့ကို ပြန်လည်၍ အကြံပြုချက်တောင်းခံလာမှုမျိုးရှိပါသလား၊ တပ်မတော်အနေဖြင့်လည်း ့နဃ ကို လုံခြုံရေးအရပြန်ပြီး အာမခံချက်တင်ပြရန် ရွေးချယ်ထားမှုများရှိပါသလား၊ ထပ်မံတင်ပြမှုများရှိပါသလား သိလိုကြောင်း မေးမြန်း သည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရှင်းလင်း ပြောကြားရာတွင် ပထမဦးဆုံးပြောလိုသည်မှာ မိမိရှင်းလင်းပြောကြား ခဲ့သည့် စာရင်းဇယားထဲတွင် ၂၇၁၊ ၂၀၊ ၃၉ ဆိုသည့် အချက်ပါကြောင်း၊ ထိုအထဲတွင် ပလက်ဝက လုံခြုံရေး အားနည်းသည့်နေရာ၊ မကျင်းပရမည့်နေရာ ၃၉ နေရာထဲတွင် ထည့်သွင်းထားကြောင်း၊ ယခုကြားထဲတွင် ညှိနှိုင်းမှု များရှိကြောင်း၊ လုံခြုံရေးအရ ဆောင်ရွက်ပေးပါဆိုသည့် အချက်များရှိကြောင်း၊ တပ်မတော် အနေဖြင့်လည်း တတ်နိုင်သမျှဆောင် ရွက်ပေးပါမည်ဟု အကြောင်းပြန်ခဲ့ကြောင်း၊ ထို့ကြောင့် ပလက်ဝသည် စာရင်းထဲတွင် ပါဝင်သွားကြောင်း၊ ရွေးကောက်ပွဲကော်မရှင် အနေဖြင့်လည်း ပြန်လည်တောင်းခံမှုများ ရှိကြောင်း၊ တပ်မတော်အနေဖြင့်လည်း ပြန်လည်အကြံပြုထားမှုများရှိကြောင်း၊ ထိုကိစ္စများနှင့်ပတ်သက်ပြီး အသေးစိတ်တော့ မိမိမပြောလိုကြောင်း၊ ပြန်လည်အကြံပြုထားတယ်ဆိုသည်မှာ ပြန်လည်သုံးသပ်ပြီး ဆောင်ရွက်ပေးနိုင်မည်ဆိုပြီး အကြံပြုထားသည့် နယ်မြေများရှိကြောင်း၊ များများစားစားတော့ မရှိကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ RFA သတင်းဌာနမှ သတင်းထောက် ဒေါ်သက်စုအောင်က ပြည်နယ်နှင့် မြို့နယ်ဘယ်နှမြို့နယ် လောက် အကြမ်းဖျင်းပြောပေးလို့ရပါသလဲ၊ တချို့ရှမ်းပြည်နယ်မှာဆိုရင်လည်း ပဋိပက္ခ၊ တိုက်ပွဲမဖြစ်သည့် နေရာများလည်းပြန်ပါလာမှုများရှိကြောင်း၊ မကျင်းပဘူးဆိုပြီး ပယ်သည့်နေရာများလည်း ရှိကြောင်း၊ မည်သည့်ပြည်နယ်၊ မြို့နယ်ဘယ်နှခုလောက်ကို အတိအကျမဟုတ်ရင်တောင် အကြမ်းဖျင်း အကြံပြုထားမှုကို သိချင်ကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားရာတွင် မိမိတို့ပြန်ပြီး အကြံပြုထားသည်မှာ ရှမ်းပြည်နယ် ဒေသအချို့နှင့် ရခိုင်ပြည်နယ် ဒေသအချို့တို့ဖြစ်ကြောင်း၊ မြို့နယ်အလိုက် အကြံပြုထားမှုမျိုးမရှိကြောင်း၊ ထိုနယ်မြေများတွင်ရှိသည့်ရပ် ကွက်များ၊ ကျေးရွာများအလိုက်ပဲ အကြံပြုထားမှုမျိုးရှိကြောင်း၊ ယခုထက်ပိုပြီး ပြောရန် မသင့်တော်ကြောင်း၊ အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မိမိတို့၏ အကြံပြုချက်သာမက ကျန်သည့်ဌာနများ၏ အကြံပြုချက်များကိုပါ စဉ်းစားရကြောင်း၊ ဥပမာ-ပဋိပက္ခမဖြစ်သည့်နယ်မြေဆိုသည်မှာ လက်နက်ကိုင်တိုက်ပွဲများ၊ ပဋိပက္ခမဖြစ်သည့်နယ်မြေများတွင် ဘာကြောင့်ရွေး ကောက်ပွဲမလုပ်လဲဆိုသည်ကို မိမိပြောခဲ့မှုများရှိကြောင်း၊  တိုက်ပွဲမဖြစ်သည့်နယ်မြေများတွင် တချို့တိုင်းရင်းသားပါတီများ မဲဆွယ်စည်းရုံး သည့်အချိန်တွင် လက်နက်ကိုင်များက တားဆီးမှုများ၊ ခြိမ်းခြောက်မှုများရှိကြောင်း၊ ထို့ကြောင့် မိမိတို့ အနေဖြင့် လုံခြုံရေးအရစိတ်မချရဘူးဆိုပြီး တင်ပြခြင်းသာဖြစ်ကြောင်း၊ ဥပမာအနေဖြင့် မိုင်းကိုင်အား ပြော လိုကြောင်း၊ တိုက်ပွဲမဖြစ်ပွားသည်မှာ မှန်ကန်သော်လည်း၂၀၂၀  စက်တင်ဘာလ  ၁၁  ရက်တွင် RCSS/SSA အဖွဲ့က တပ်မဟာ(၁၉၈)၊ တပ်ရင်း(၉)မှ တပ်ရင်းမှူးအဆင့်ရှိ အိုက်ထွန်းက ထိုနယ်မြေတွင်ရှိသည့် နောင်စံဖူးကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ရွာသား ၃၅ ဦးကိုခေါ်ဆောင်ပြီး ကျေးရွာအတွင်း ၌ နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရန်လာရောက်ခဲ့ပါက လက်ခံဆောင်ရွက်ခြင်း မပြုရန်ပြောခဲ့ကြောင်း၊ ထိုနယ်မြေခံများကို မေးနိုင်ကြောင်း၊ မိမိတို့သတင်းအနေဖြင့် ပြောနေခြင်းမဟုတ်ကြောင်း၊ နံပါတ်(၂)အချက် အနေဖြင့် ၂၀၂၀ စက်တင်ဘာလ ၁၀ ရက်ကစပြီး ကျေးရွာအဝင်၊ အထွက်များကို ပိတ်ဆို့ရန်၊ တားဆီးရန် ပြောခဲ့ကြောင်း၊ စက်တင်ဘာလ ၁၄ ရက်တွင်  RCSS/SSA အဖွဲ့က တပ်မဟာ(၁၉၈)၊ တပ်ရင်း(၉)မှ တပ်စုမှူး အဆင့်ရှိသည့် စိုင်းစံဝင်းက မိုင်းကိုင်၊ ဖောင်းမင်းကျေးရွာဘက်မှ ပါကန်းကျေးရွာဘက်သို့ ဖြတ်သန်းသွား သည့်သူများကို COVID-19 ရောဂါကိစ္စ အကြောင်းပြတားဆီးပြီး မိုင်းကိုင်မြို့နယ် ကတ်ဖွီးကျေးရွာက   ဦးစိုင်းအောင်စံ (၅၂ နှစ်)ကို စစ်ဆေးမှုပြုလုပ်ရန် တားဆီးရာတွင် ထွက်ပြေးသဖြင့် လက်နက်ငယ်ဖြင့် ပစ်ခတ်၍ သေဆုံးသွားကြောင်း၊ စက်တင်ဘာလ ၁၉ ရက်တွင် တပ်စုမှူးအဆင့်ရှိသည့် အိုက်ပီးဦးစီး ၂၀ ဦးသည် မိုင်းကိုင်မြို့နယ်၊ နောင်စံဖူးကျေးရွာအဝင်တွင် မိုင်းကိုင်မြို့နယ် ပြည်သူ့ဆေးရုံကို သွားရောက်ဆေး ကုမည့် နောင်စံဖူးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းက ပလောင်လူမျိုးဖြစ်သည့် သီလရှင်တစ်ဦးကို တားဆီးခဲ့ ကြောင်း၊ နောက်တစ်ခုက မိုင်းကိုင်မြို့နယ်က တအာင်းပါတီ(TNP)၏ ဝင်ရောက်ယှဉ်ပြိုင်မှုနှင့်ပတ်သက်ပြီး ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက်တွင် တပ်ရင်း(၉)မှ  တပ်ရင်းမှူးအဆင့်ရှိသူသည် TNP ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးလှရွှေကို လိုင်ပင်မှာရှိသည့်  စားသောက်ဆိုင်ကို ခေါ်ဆောင်ကြောင်း၊ စက်တင်ဘာလ ၁၉ ရက်တွင် နောင်စံဖူး၊ နမ့်ဆန်ကျေးရွာက ဒေသခံ ၂၀ ကို ခေါ်တွေ့ကြောင်း၊ စက်တင်ဘာလ ၂၁ ရက်တွင် ဆင်မြောက်အုပ်စုက မောင်းထိန်းရွာဘုန်းကြီးကျောင်းတွင် ပလောင်လူမျိုး နောင်စံဖူးကျေးရွာအုပ်စု ရပ်/ကျေးစာရေးများကို ခေါ်ဆောင်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် TNP ပါတီကို မိုင်းကိုင်မြို့နယ်အတွင်း  ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည်မဟုတ်ဟု ပြောခဲ့ကြောင်း၊ ထိုအကြောင်းအရာများသည် ဥပမာပြသည့်ဖြစ်ရပ် များဖြစ်ကြောင်း၊ ထို့ကြောင့်  မိမိတို့အနေဖြင့် သုံးသပ်ချက်သာ တင်ပြခြင်းဖြစ်ကြောင်း၊ တိုက်ပွဲတော့မဖြစ် သော်လည်း  ထိုကဲ့သို့ကိစ္စမျိုးများ ရှိကြောင်း၊ ထိုကိစ္စများသည် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးယန္တရား ကိုထိပါးပြီး လွတ်လပ်စွာ ရွေးကောက်ပွဲကိုလည်းဖြစ်နိုင်မည်မဟုတ်ဟုဆိုပြီး သုံးသပ်ချက်တင်ပြခဲ့ကြောင်း၊  တပ်မတော်သည် နိုင်ငံရေးပါတီမဟုတ်ကြောင်း၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်  အဖွဲ့အစည်း လည်းမဟုတ်ကြောင်း၊ ဘယ်နိုင်ငံရေးပါတီကိုသာစေ၊ ဘယ်နိုင်ငံရေးပါတီကို နာစေဟူ၍ မရှိကြောင်း၊   မိမိတို့ရှုမြင်သည်မှာ လုံခြုံရေးအရသာ ရှုမြင်ခြင်းဖြစ်ကြောင်း၊ လုံခြုံရေးအရရှုမြင်ပြီး သုံးသပ်တင်ပြခြင်း ဖြစ်ကြောင်း၊ အမှန်ကိုအမှန်အတိုင်း သုံးသပ်တင်ပြခြင်းဖြစ်ကြောင်း၊ လုံခြုံရေးအရ သုံးသပ်တင်ပြရာတွင် မိမိတို့စိတ်ထင်သလိုတင်ပြ၍မရကြောင်း၊ ဘယ်နယ်မြေကလုံခြုံသည်၊ ဘယ်နယ်မြေကတော့ မလုံခြုံဘူး တို့ကို မိမိတို့စိတ်ထင်သလိုတင်ပြ၍မရကြောင်း၊ အကြောင်းအချက်များကို အခြေခံပြီးမှ တင်ပြရ ခြင်းဖြစ်ကြောင်း၊ အကြောင်းအချက်များကို အခြေခံပြီး မတင်ပြဘဲ မိမိတို့စိတ်ထင်သလို  တင်ပြခဲ့မည်ဆိုပါက တစ်နေ့တွင် ထိုကိစ္စများကို အထောက်အထားများဖြင့် မိမိတို့ကို အပြောခံရမည်ကို သိရှိပြီးဖြစ်ကြောင်း၊ ထပ်မံ၍ ပြောလိုသည်မှာ ဘယ်ပါတီကိုသာစေ၊ ဘယ်ပါတီကိုနာစေဆိုပြီးမရှိကြောင်း၊ ဝင်ရောက်ယှဉ်ပြိုင်မည့် အဖွဲ့လည်းမဟုတ်ကြောင်း၊ ထို့ကြောင့် လုံခြုံရေးနှင့် ကာကွယ်ရေးရှုထောင့်အရ တင်ပြခြင်းဖြစ်ကြောင်း၊ တင်ပြသည့်အချိန်တွင် သုံးသပ်ချက်၊ အကြံပြုချက်သာဖြစ်ကြောင်း၊ ဆုံးဖြတ်ရမည့်သူများ၏ အပိုင်းသည်    ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်ဖော်ပြပါမည်။