ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၁၄၂၃ ဦး ထပ်တိုး

နေပြည်တော်  အောက်တိုဘာ  ၂၄

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ ၁၄၂၃ ဦးနှင့် သေဆုံးသူ ၂၈ ဦးရှိကြောင်း သိရသည်။

(၂၃-၁၀-၂၀၂၀)ရက် ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ ၁၃၆၁ ဦး၏ မြို့နယ် အလိုက်တွေ့ရှိရမှု အခြေအနေကို ယနေ့ ညနေ ၅ နာရီခွဲတွင် သတင်းထုတ်ပြန်ခဲ့သည်။

(၂၃-၁၀-၂၀၂၀)ရက်  ည ၈  နာရီမှ (၂၄-၁၀-၂၀၂၀)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း  ၁၄၂၃၀ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၁၄၂၃ ဦးတွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

 (၅၀၀)